ဘောလုံးဆက်ကစားနိုင်ရေးအတွက် တိုက်ပွဲသွားမယ့် ဆာဂျီယိုအဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာနှလုံးရောဂါပြဿနာကြောင့်ဘောလုံးကစားသမားဘဝမှအနားယူရန်စဉ်းစားနေတယ်လို့မီဒီယာများကဖော်ပြလာမှုကို ငြင်းဆိုလိုက်ပြီးဘောလုံးကစားနိုင်ရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကြုံးဝါးလာပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့လတုန်းကအလာဗက်စ်နှင့်ပွဲတွင်အသက်ရှူရခက်ခဲပြီးနောက်ဆေးရုံတက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်နှလုံးခုန်နှုန်းမမှန်ကြောင်းတွေ့ရှိခဲ့ရပါတယ်။အဂွဲရိုးဟာနှလုံးရောဂါကြောင့်သုံးလနားရမယ်လို့ဘာစီလိုနာကကြေညာထားပါတယ်။

နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းအရအာဂျင်တီးနားတိုက်စစ်မှူးမှာနှလုံးခုန်နှုန်းအလွန်နိမ့်ကျနေကာနှလုံးရောဂါပြဿနာမှာထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွားနေပြီးဘောလုံးဆက်ကစားနိုင်ဖွယ်မရှိတော့ကြောင်းသိရပါတယ်။

ဒါပေမယ့်ဆာဂျီယိုအဂွဲရိုးကအလွယ်တကူအလျှော့ပေးမှာမဟုတ်ဘဲဘောလုံးပြန်ကစားနိုင်ရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ကြုံးဝါးလာပါတယ်။

အဂွဲရိုးက “ကောလာဟလတွေနဲ့ပတ်သက်ပြီးရှင်းပါမယ်။ကျွန်တော်ဟာကလပ်ဆရာဝန်တွေညွှန်ကြားချက်အတိုင်းလုပ်ဆောင်နေပါတယ်။ အခြားစမ်းသပ်မှုတွေ၊ကုသမှုတွေလည်းပြုလုပ်နေပါတယ်။ရက်၉၀အတွင်းတိုးတက်နေတာမြင်ရပါတယ်။အားလုံးအပြုသဘော ဆောင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေဘာလုံးဆက္ကစားႏိုင္ေရးအတြက္ တိုက္ပြဲသြားမယ့္ ဆာဂ်ီယိုအဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးေရာဂါျပႆနာေၾကာင့္ေဘာလုံးကစားသမားဘဝမွအနားယူရန္စဥ္းစားေနတယ္လို႔မီဒီယာမ်ားကေဖာ္ျပလာမႈကို ျငင္းဆိုလိုက္ၿပီးေဘာလုံးကစားႏိုင္ေရးအတြက္အစြမ္းကုန္တိုက္ပြဲဝင္သြားမွာျဖစ္ေၾကာင္းႀကဳံးဝါးလာပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့လတုန္းကအလာဗက္စ္ႏွင့္ပြဲတြင္အသက္ရႉရခက္ခဲၿပီးေနာက္ေဆး႐ုံတက္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္ႏွလုံးခုန္ႏႈန္းမမွန္ေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။အဂြဲ႐ိုးဟာႏွလုံးေရာဂါေၾကာင့္သုံးလနားရမယ္လို႔ဘာစီလိုနာကေၾကညာထားပါတယ္။

ေနာက္ပိုင္းထြက္ေပၚလာတဲ့သတင္းအရအာဂ်င္တီးနားတိုက္စစ္မႉးမွာႏွလုံးခုန္ႏႈန္းအလြန္နိမ့္က်ေနကာႏွလုံးေရာဂါျပႆနာမွာထင္မွတ္ထားသည္ထက္ ပိုမိုဆိုး႐ြားေနၿပီးေဘာလုံးဆက္ကစားႏိုင္ဖြယ္မရွိေတာ့ေၾကာင္းသိရပါတယ္။

ဒါေပမယ့္ဆာဂ်ီယိုအဂြဲ႐ိုးကအလြယ္တကူအေလွ်ာ့ေပးမွာမဟုတ္ဘဲေဘာလုံးျပန္ကစားႏိုင္ေရးအတြက္အစြမ္းကုန္တိုက္ပြဲဝင္သြားမယ္လို႔ႀကဳံးဝါးလာပါတယ္။

အဂြဲ႐ိုးက “ေကာလာဟလေတြနဲ႔ပတ္သက္ၿပီးရွင္းပါမယ္။ကြၽန္ေတာ္ဟာကလပ္ဆရာဝန္ေတြၫႊန္ၾကားခ်က္အတိုင္းလုပ္ေဆာင္ေနပါတယ္။ အျခားစမ္းသပ္မႈေတြ၊ကုသမႈေတြလည္းျပဳလုပ္ေနပါတယ္။ရက္၉၀အတြင္းတိုးတက္ေနတာျမင္ရပါတယ္။အားလုံးအျပဳသေဘာ ေဆာင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။