ဘောလုံးဒါရိုက်တာအဖြစ် အီမီနာလိုကို ခန့်အပ်ရန် နယူးကာဆယ်နီးစပ်နေပြီ

နယူးကာဆယ်ဟာချဲလ်ဆီးနည်းစနစ်ဒါရိုက်တာဟောင်းမိုက်ကယ်အီမီနာလိုကိုဘောလုံးဒါရိုက်တာအဖြစ်ခန့်အပ်ရန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

နယူးကာဆယ်ဟာဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီကိုနည်းပြသစ်အဖြစ်၂၀၂၄ခုနှစ်အထိစာချုပ်ဖြင့်ခန့်အပ်ခဲ့ပြီးယခုအခါအီမီနာလိုကိုဘောလုံးဒါရိုက်တာအဖြစ်ခန့်အပ်ရန်နီးစပ်နေပါပြီ။

ဆော်ဒီပိုင်ရှင်သစ်များဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အက်ဒီဟိုဝီအားတန်းမဆင်းရရေးတိုက်ပွဲဝင်နိုင်ရန်အတွက်အငှားခေါ်ယူမှုအပါအဝင်အပြောင်းအရွှေ့စရိတ်ပေါင်သန်း၅၀အသုံးပြုခွင့်ပေးသွားပါမယ်။

အီမီနာလိုဟာချဲလ်ဆီးတွင်ဆယ်နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက်၂၀၁၇ခုနှစ်၊နိုဝင်ဘာလတုန်းကနည်းစနစ်ဒါရိုက်တာအဖြစ်မှနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်တုန်းကဆော်ဒီသို့သွားရောက်ကာနယူးကာဆယ်နှင့်ပိုင်ရှင်သစ်များနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်ဟောင်းဟာချဲလ်ဆီးတွင်တာဝန်ထမ်းဆောင်စဉ်တုန်းကနည်းပြနှင့်ကစားသမားခေါ်ယူရေး၊အကယ်ဒမီကစားသမားများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အဓိကနေရာမှတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးမှထွက်ခွာပြီးနောက်မိုနာကိုတွင်တာဝန်ထမ်းဆောင်ခဲ့သော်လည်း၂၀၁၉ခုနှစ်၊ဩဂုတ်လကတည်းကအလုပ်လက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

ZawGyi







