ဘောလုံးနည်းပြလောကမှ ထွက်ခွာပြီးနောက် ပြိုင်ကားမောင်းသမားအဖြစ် အံ့ဩသင့်ဖွယ်လိုင်းပြောင်းလိုက်တဲ့ ချဲလ်ဆီးနည်းပြဟောင်းဘိုအာ့စ်

ချဲလ်ဆီးနှင့်စပါးစ်နည်းပြဟောင်းအင်ဒရေဘိုအာ့စ်ဟာဘောလုံးကွင်းကိုစွန့်ခွာပြီးပြိုင်ကားမောင်းသမားဘဝသို့ပြောင်းကာအံ့ဩသင့်ဖွယ်ပရော်ဖက်ရှင်နယ်ဘဝပြောင်းလဲလိုက်ပါတယ်။

အသက်၄၅နှစ်ရှိပေါ်တူဂီသားဟာဥရောပဘောလုံးလောကရဲ့အလားအလာအကောင်းဆုံးနည်းပြအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာပေါ်တိုအသင်းနှင့်အတူရှုံးပွဲမရှိမှတ်တမ်းဖြင့်အမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်ယူရိုပါလိဂ်ဖလားလည်းဆွတ်ခူးနိုင်ပြီးနောက် ဥရောပထိပ်သီးကလပ်များရဲ့စိတ်ဝင်စားခြင်းခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ၂၀၁၁ခုနှစ်တွင်ချဲလ်ဆီးနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပေမဲ့လည်းတစ်နှစ်အကြာတွင်ပင်ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်စပါးစ်ကိုကိုင်တွယ်ခဲ့ပါတယ်။

သူဟာ၂၀၁၃ခုနှစ်တွင်စပါးစ်သမိုင်းမှာနိုင်ပွဲရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်စပါးစ်မှထွက်ခွာခဲ့ပါတယ်။

သူဟာစပါးစ်မှထွက်ခွာတုန်းကနောက်ထပ်ဆယ်စုနှစ်တစ်ခုအားပြိုင်ကားမောင်းသမားအဖြစ်ဘဝကျင်လည်လာဖို့ရှိနေကြောင်းပြောကြားခဲ့ပါတယ်။

သူဟာရှရှား၊တရုတ်တို့တွင်ကျင်လည်ပြီးနောက်၂၀၁၈ခုနှစ်တုန်းကDakar Rally သို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာပီရူးတွင်ကျင်းပတဲ့ပြိုင်ပွဲရဲ့စတုတ္ထအဆင့်တွင်ကားဘီးသဲထဲကျွံကျကာဒဏ်ရာရရှိသွားပြီးနောက်နုတ်ထွက်ခဲ့ရပါတယ်။

ယင်းနောက်သူဟာ၂၀၁၈ခုနှစ် Baja TT do Pinhal ပြိုင်ပွဲကိုလည်းဝင်ပြိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်မှ၂၀၂၁ခုနှစ်တွင်မာဆေးလ်အသင်းကိုကိုင်တွယ်ပြီးဘောလုံးလောကသို့ပြန်ဝင်ခဲ့ပါသေးတယ်။

သူဟာမာဆေးလ်မှထွက်ခွာလာပြီးနောက်၂၀၂၂ခုနှစ်တုန်းကWRC Vodafone Rally de Portugal ပြိုင်ပွဲသို့ဝင်ပြိုင်ခဲ့ပါတယ်။

ယင်းပြိုင်ပွဲအပြီးမှာတော့ဘိုအာ့စ်ကသူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်ပျက်လာခဲ့ပြီဖြစ်ကြောင်းဆိုသွားပါတယ်။

သူဟာနောက်ထပ်နှစ်အနည်းငယ်ခန့်ပြိုင်ကားမောင်းသမားအဖြစ်ကျင်လည်ရန်စီစဉ်ထားပေမဲ့လည်း၂၀၂၆ခုနှစ်မတိုင်မီဘောလုံးနည်းပြလောကသို့ပြန်လည်ဝင်ရောက်ရန်စီစဉ်ထားပါတယ်။သူဟာဒီတစ်ကြိမ်မှာတော့လက်ရွေးစင်အသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်စီစဉ်ထားပါတယ်။

ZawGyi

ေဘာလုံးနည္းျပေလာကမွ ထြက္ခြာၿပီးေနာက္ ၿပိဳင္ကားေမာင္းသမားအျဖစ္ အံ့ဩသင့္ဖြယ္လိုင္းေျပာင္းလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပေဟာင္းဘိုအာ့စ္

ခ်ဲလ္ဆီးႏွင့္စပါးစ္နည္းျပေဟာင္းအင္ဒေရဘိုအာ့စ္ဟာေဘာလုံးကြင္းကိုစြန႔္ခြာၿပီးၿပိဳင္ကားေမာင္းသမားဘဝသို႔ေျပာင္းကာအံ့ဩသင့္ဖြယ္ပေရာ္ဖက္ရွင္နယ္ဘဝေျပာင္းလဲလိုက္ပါတယ္။

အသက္၄၅ႏွစ္ရွိေပၚတူဂီသားဟာဥေရာပေဘာလုံးေလာကရဲ႕အလားအလာအေကာင္းဆုံးနည္းျပအျဖစ္သတ္မွတ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာေပၚတိုအသင္းႏွင့္အတူရႈံးပြဲမရွိမွတ္တမ္းျဖင့္အမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္ယူ႐ိုပါလိဂ္ဖလားလည္းဆြတ္ခူးႏိုင္ၿပီးေနာက္ ဥေရာပထိပ္သီးကလပ္မ်ားရဲ႕စိတ္ဝင္စားျခင္းခံခဲ့ရသူျဖစ္ပါတယ္။

သူဟာ၂၀၁၁ခုႏွစ္တြင္ခ်ဲလ္ဆီးနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရေပမဲ့လည္းတစ္ႏွစ္အၾကာတြင္ပင္ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္စပါးစ္ကိုကိုင္တြယ္ခဲ့ပါတယ္။

သူဟာ၂၀၁၃ခုႏွစ္တြင္စပါးစ္သမိုင္းမွာႏိုင္ပြဲရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္စပါးစ္မွထြက္ခြာခဲ့ပါတယ္။

သူဟာစပါးစ္မွထြက္ခြာတုန္းကေနာက္ထပ္ဆယ္စုႏွစ္တစ္ခုအားၿပိဳင္ကားေမာင္းသမားအျဖစ္ဘဝက်င္လည္လာဖို႔ရွိေနေၾကာင္းေျပာၾကားခဲ့ပါတယ္။

သူဟာရွရွား၊တ႐ုတ္တို႔တြင္က်င္လည္ၿပီးေနာက္၂၀၁၈ခုႏွစ္တုန္းကDakar Rally သို႔ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ဒါေပမဲ့သူဟာပီ႐ူးတြင္က်င္းပတဲ့ၿပိဳင္ပြဲရဲ႕စတုတၳအဆင့္တြင္ကားဘီးသဲထဲကြၽံက်ကာဒဏ္ရာရရွိသြားၿပီးေနာက္ႏုတ္ထြက္ခဲ့ရပါတယ္။

ယင္းေနာက္သူဟာ၂၀၁၈ခုႏွစ္ Baja TT do Pinhal ၿပိဳင္ပြဲကိုလည္းဝင္ၿပိဳင္ခဲ့ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္မွ၂၀၂၁ခုႏွစ္တြင္မာေဆးလ္အသင္းကိုကိုင္တြယ္ၿပီးေဘာလုံးေလာကသို႔ျပန္ဝင္ခဲ့ပါေသးတယ္။

သူဟာမာေဆးလ္မွထြက္ခြာလာၿပီးေနာက္၂၀၂၂ခုႏွစ္တုန္းကWRC Vodafone Rally de Portugal ၿပိဳင္ပြဲသို႔ဝင္ၿပိဳင္ခဲ့ပါတယ္။

ယင္းၿပိဳင္ပြဲအၿပီးမွာေတာ့ဘိုအာ့စ္ကသူ႔ရဲ႕အိပ္မက္အမွန္တကယ္ျဖစ္ပ်က္လာခဲ့ၿပီျဖစ္ေၾကာင္းဆိုသြားပါတယ္။

သူဟာေနာက္ထပ္ႏွစ္အနည္းငယ္ခန႔္ၿပိဳင္ကားေမာင္းသမားအျဖစ္က်င္လည္ရန္စီစဥ္ထားေပမဲ့လည္း၂၀၂၆ခုႏွစ္မတိုင္မီေဘာလုံးနည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ရန္စီစဥ္ထားပါတယ္။သူဟာဒီတစ္ႀကိမ္မွာေတာ့လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ရန္စီစဥ္ထားပါတယ္။