ဘောလုံးနှင့် MMA ပေါင်းစပ်ထားတဲ့ အကယ်ဒမီတည်ထောင်လိုက်တဲ့ ခါဘစ်နှင့်ဆီးဒေါ့ဖ်

ကလာရင့်ဆီးဒေါ့ဖ်နှင့်ခါဘစ်တို့ဟာဘောလုံးနှင့် MMA ပေါင်းစပ်ထားတဲ့အကယ်ဒမီတစ်ခုကိုတည်ထောင်ဖွင့်လှစ်လိုက်ပါတယ်။

ချန်ပီယံလိဂ်ဖလားလေးကြိမ်ဆွတ်ခူးထားတဲ့ဆီးဒေါ့ဖ်ဟာအေဂျက်စ်၊ရီးရဲလ်မက်ဒရစ်နှင့်အေစီမီလန်တို့တွင်ကစားခဲ့သူဖြစ်ပြီး၂၀၂၀ခုနှစ်တွင် UFC ချန်ပီယံဟောင်းခါဘစ်နှင့်တွေ့ဆုံခဲ့ပါတယ်။

၎င်းတို့နှစ်ဦးတို့ဟာပူးပေါင်းစပ်မှုပြုလုပ်ပြီးလူငယ်များရှင်သန်နိုင်ရေးအတွက် တစ်ခုခုလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ယင်းနောက်၎င်းတို့ဟာဒူဘိုင်းမှာ SK Sports Holdings ကိုတည်ထောင်ခဲ့ကြပါတယ်။

ယခုအခါ၎င်းတို့ဟာသူတို့ရဲ့ပထမဆုံးအကယ်ဒမီအဖြစ် Seedorf Khabib Performence Club အမည်ရှိဘောလုံးအကယ်ဒမီကိုတည်ထောင်လိုက်ပြီဖြစ်ပါတယ်။ယင်းကလပ်တွင် MMA နှင့်ဘောလုံးကိုပေါင်းစပ်ထားတဲ့လေ့ကျင့်ရေးစနစ်များကိုအသုံးပြုကာလေ့ကျင့်သင်ကြားပေးသွားပါမယ်။

ZawGyi

ေဘာလုံးႏွင့္ MMA ေပါင္းစပ္ထားတဲ့ အကယ္ဒမီတည္ေထာင္လိုက္တဲ့ ခါဘစ္ႏွင့္ဆီးေဒါ့ဖ္

ကလာရင့္ဆီးေဒါ့ဖ္ႏွင့္ခါဘစ္တို႔ဟာေဘာလုံးႏွင့္ MMA ေပါင္းစပ္ထားတဲ့အကယ္ဒမီတစ္ခုကိုတည္ေထာင္ဖြင့္လွစ္လိုက္ပါတယ္။

ခ်န္ပီယံလိဂ္ဖလားေလးႀကိမ္ဆြတ္ခူးထားတဲ့ဆီးေဒါ့ဖ္ဟာေအဂ်က္စ္၊ရီးရဲလ္မက္ဒရစ္ႏွင့္ေအစီမီလန္တို႔တြင္ကစားခဲ့သူျဖစ္ၿပီး၂၀၂၀ခုႏွစ္တြင္ UFC ခ်န္ပီယံေဟာင္းခါဘစ္ႏွင့္ေတြ႕ဆုံခဲ့ပါတယ္။

၎တို႔ႏွစ္ဦးတို႔ဟာပူးေပါင္းစပ္မႈျပဳလုပ္ၿပီးလူငယ္မ်ားရွင္သန္ႏိုင္ေရးအတြက္ တစ္ခုခုလုပ္ေဆာင္ရန္ဆုံးျဖတ္ခဲ့ပါတယ္။ယင္းေနာက္၎တို႔ဟာဒူဘိုင္းမွာ SK Sports Holdings ကိုတည္ေထာင္ခဲ့ၾကပါတယ္။

ယခုအခါ၎တို႔ဟာသူတို႔ရဲ႕ပထမဆုံးအကယ္ဒမီအျဖစ္ Seedorf Khabib Performence Club အမည္ရွိေဘာလုံးအကယ္ဒမီကိုတည္ေထာင္လိုက္ၿပီျဖစ္ပါတယ္။ယင္းကလပ္တြင္ MMA ႏွင့္ေဘာလုံးကိုေပါင္းစပ္ထားတဲ့ေလ့က်င့္ေရးစနစ္မ်ားကိုအသုံးျပဳကာေလ့က်င့္သင္ၾကားေပးသြားပါမယ္။