
ဟယ်ရီကိန်းအတွက်ရှက်စရာကောင်းတာကတော့သူ့မှာဆုဖလားတွေထားဖို့ အခန်းအလွတ်ပေါင်းများစွာရှိပေမဲ့လည်းဆုဖလားတစ်လုံးမျှ မရရှိဖူးသေးတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာဂိုးသွင်းစံချိန်သစ်များရေးထိုးနေရင်းနှင့်ကွင်းပြင်ပတွင်လည်းအထင်ကြီးစရာကောင်းလောက်အောင် အိမ်ခြံမြေလုပ်ငန်းကိုအောင်မြင်စွာလုပ်ဆောင်ထားနိုင်တာတွေ့ရပါတယ်။
ဟယ်ရီကိန်းရဲ့အိမ်ခြံမြေလုပ်ငန်းကအောင်မြင်မှုတွေရရှိလျက်ရှိပြီးယခုအခါပေါင်၁၃.၁သန်းအထိတန်ဖိုးရှိနေပြီဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ Edwards James Investment အမည်ဖြင့်ကုမ္ပဏီတည်ထောင်ကာလုပ်ဆောင်နေတာဖြစ်ပြီးမိဘများ၊သူ့အေးဂျင့်ဖြစ်တဲ့အစ်ကိုဖြစ်သူနှင့်အလုပ်လုပ်နေတာဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာအိမ်ခြံမြေလုပ်ငန်းကိုအောင်မြင်စွာလုပ်ဆောင်ထားနိုင်ပေမဲ့လည်းဇနီးသည်ကေတီ၊သားသမီးသုံးဦးတို့နှင့်အတူတစ်နှစ်လျှင်ပေါင်၁သန်းပေးရတဲ့အိမ်တစ်အိမ်ကိုငှားရမ်းနေထိုင်နေပါတယ်။
ယင်းနေအိမ်မှာအိပ်ခန်း၇ခန်းပါဝင်ပြီးရုပ်ရှင်ရုံ၊ဝန်ထမ်းအိမ်ယာ၊Spa ခန်း၊ဓာတ်လှေကားတို့ပါဝင်ပါတယ်။စပါးစ်တွင်တစ်ပတ်လုပ်ခေပါင်၂သိန်းရနေတဲ့ဟယ်ရီကိန်းမှာပေါင်၉၉၀၀၀တန် Land Rover တစ်စီး၊ပေါင်၃၅၀၀၀တန် Jaguar F-Pace ၊ပေါင်၂၁၂၀၀၀တန် Bentley တစ်စီးလည်းပိုင်ဆိုင်ပါသေးတယ်။
ဟယ်ရီကိန်းဟာပြီးခဲ့တဲ့အပတ်တုန်းကမန်စီးတီးနှင့်ပွဲတွင်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပြီးစပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးထားနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်တွင်သူဟာ၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမဲ့စာချုပ်အားစာချုပ်သက်တမ်းတိုးရန်စပါးစ်နှင့်ဆွေးနွေးနေပါတယ်။
ZawGyi
ဘောလုံးပြင်ပတွင် ပေါင် ၁၃ သန်းအထိ လျို့ဝှက်စွာရှာဖွေထားနိုင်တဲ့ ဟယ်ရီကိန်း