ဘောလုံးပွဲတစ်ပွဲတွင် စကားများရာမှ ဆယ်ကျော်သက်တစ်ဦးဓားထိုးခံရကာသေဆုံး

ဆယ်ကျော်သက်လူငယ်တစ်ဦးဟာလန်ဒန်အနောက်ပိုင်းတွင်မှဘောလုံးပွဲတစ်ပွဲတွင် အချင်းများရာမှာဓားထိုးခံရပြီးသေဆုံးသွားခဲ့ပါတယ်။

ဆယ်ကျော်သက်ကလေးငယ်လေးဟာအင်္ဂါနေ့ညနေ့၅နာရီတုန်းကဓားထိုးခံရကာသေဆုံးခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့ဟာတရားခံအားဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

ရဲတပ်ဖွဲ့ကအသက်သေဆုံးနေတဲ့လူငယ်လေးတစ်ဦးကို Twickenham တွင်တွေ့ရှိခဲ့ပြီးထိုးသွင်းဒဏ်ရာများရရှိထားကြောင်းအတည်ပြုထားပါတယ်။

ဒေသခံတစ်ဦးက “ပွဲကစားနေရင်းရန်ဖြစ်ကြတာ။တစ်ယောက်ကဓားထုတ်ပြီးထိုးပါလေရော”လို့ပြောကြားသွားပါတယ်။

ဓားထိုးခံရတဲ့ဆယ်ကျော်သက်လူငယ်ကိုဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပေမယ့်ညနေ ၅နာရီ၊၄၅မိနစ်ဝန်းကျင်တွင်သေဆုံးသွားခဲ့ပါတယ်။

လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ဟာဓားထိုးခံရပြီးသေဆုံးသွားတဲ့လူငယ်ရဲ့အမည်နှင့်နေရာလိပ်စာတို့ကိုသိနိုင်ရန်ကြိုးပမ်းနေသလို တရားခံအားရှာဖွေမှုလည်းပြုလုပ်နေပါတယ်။

ZawGyi






