ဘောလုံးမရှိချိန်မှာ ဘယ်လို ရွှေ့လျားရမလဲ ကာဗာနီရဲ့အကြံပေးမှုကြောင့် ရပ်ရှ်ဖို့ဒ်ဂိုးသွင်းနိုင်ခဲ့

နွေရာသီတုန်းကမန်ယူရဲ့အသက်၃၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်ဒီဆင်ကာဗာနီကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့မှုအပေါ်အားလုံးကအံ့ဩသင့်ခဲ့ကြပါတယ်။စာချုပ်ထဲမှာ၁၂လသက်တမ်းတိုးနိုင်တဲ့အချက်ပါပါဝင်တော့ ပိုပြီးတော့တောင်အံ့ဩခဲ့ကြပါသေးတယ်။

နာပိုလီနှင့်ပါလာမိုတိုက်စစ်မှူးဟောင်းဟာအသက်မငယ်တော့သလိုတစ်ပတ်လုပ်ခပေါင်၁၇၄၀၀၀အထိပေးရတဲ့ သူလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမန်ယူရဲ့လုပ်ဆောင်ချက်အပေါ်လူတွေကမေးခွန်းထုတ်ခဲ့ကြသလို ထောက်ခံခဲ့ကြတဲ့သူတွေလည်းရှိပါတယ်။

ယင်းသို့သံသယမျက်လုံးများစွာနဲ့အကြည့်ခံခဲ့ရပေမယ့်လည်းကာဗာနီဟာအကောင်းဆုံးလုပ်ဆောင်ပြကာ သူ့အစွမ်းကိုသက်သေပြနေပါတယ်။

သူဟာယခုရာသီမှာမန်ယူအတွက်၂၁ပွဲကစားထားရာမှာ၆ဂိုးအထိသွင်းယူထားတဲ့အထိအရေးပါနေပါတယ်။ဒါတင်မကသေးပါဘူး။သူဟာမန်ယူအသင်းမှာအလွန်တန်ဖိုးရှိတဲ့အတွေ့အကြုံရင့်ကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။သူ့အတွေ့အကြုံတွေနဲ့သက်တမ်းကတန်ဖိုးဖြတ်လို့မရကြောင်းကိုကွင်းထဲမှာကစားဖော်တွေကိုအကြံဉာဏ်ပေးပြီးသက်သေပြလျက်ရှိပါတယ်။

အောက်တိုဘာလတုန်းကပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီကာဗာနီဟာဗဟိုနောက်ခံလူအဇဲလ်တွန်ဇွမ်ဘီကိုအကြံပေးမှုပြုလုပ်ခဲ့သလိုဘန်လေအားအနိုင်ရတဲ့ပွဲမတိုင်မီတုန်းကလည်းပေါလ်ပေါ့ဘာကိုအကြံပေးမှုများပြုလုပ်ခဲ့တာတွေ့ရပါတယ်။ဘန်လေနှင့်ပွဲမှာမန်ယူအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုပေါ့ဘာကဘဲသွင်းယူခဲ့ပါတယ်။

ကာဗာနီရဲ့အဖိုးမဖြတ်နိုင်မှုကရပ်တန့်သွားခြင်းမရှိပါဘူး။

အင်္ဂါနေ့တုန်းကဆောက်သမ်တန်အား၉-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလည်းကာဗာနီဟာကစားဖော်မားကပ်စ်ရပ်ရှ်ဖို့ဒ် ကိုဘောလုံးမရှိချိန်မှာဘယ်လိုရွှေ့လျားကစားရမယ်ဆိုတာသင်ပြပေးမှုပြုလုပ်နေခဲ့ကြောင်းတွေ့ရပါတယ်။ရပ်ရှ် ဖို့ဒ်ဟာကာဗာနီရဲ့အကြံပေးမှုအတိုင်းကစားခဲ့ရာမှာဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကလည်းမကြာသေးမီတုန်းကကစားဖော်များအပေါ်ကာဗာနီရဲ့လွမ်းမိုးမှုအပေါ်ပြောကြားသွားခဲ့ဖူးပါတယ်။

ဆိုးလ်ရှားဟာ၁၉၉၇ခုနှစ်တုန်းကမန်ယူတွင်သူကစားနေတုန်းကစပါးစ်မှရောက်လာတဲ့တက်ဒီရှရင်ဂမ်ထံမှသင် ကြားခဲ့မှုများနှင့်ကာဗာနီကိုနှိုင်းယှဉ်ပြောကြားသွားပါတယ်။

ဆိုးလ်ရှားက “၁၉၉၇ခုနှစ်တုန်းကတက်ဒီရောက်လာတော့သူ့မှာအတွေ့အကြုံတွေအများကြီးပါလာပါတယ်။သူ့ဆီ ကနေကျွန်တော်အများကြီးသင်ယူခဲ့ရပါတယ်။ကာဗာနီလည်းသူ့လိုဘဲမန်ယူသို့ရောက်လာပြီးတဲ့နောက်အဲဒီလိုဘဲ အသင်းအပေါ်မှာလွှမ်းမိုးမှုရှိနေပါတယ်။တက်ဒီတုန်းကကျွန်တော်တို့ကလူငယ်တိုက်စစ်မှူးလေးတွေပါ။အခုကာဗာနီဆီမှလည်းမာဆင်၊မားကပ်စ်၊အန်တိုနီတို့သင်ယူနိုင်ပါတယ်။အက်ဒီဆင်ကကြီးမားတဲ့အားဖြည့်မှုပါ”လို့ပြောကြားသွားခဲ့ပါတယ်။

ZawGyi

ေဘာလုံးမရွိခ်ိန္မွာ ဘယ္လို ေ႐ႊ႕လ်ားရမလဲ ကာဗာနီရဲ႕အႀကံေပးမႈေၾကာင့္ ရပ္ရွ္ဖို႔ဒ္ဂိုးသြင္းႏိုင္ခဲ့

ေႏြရာသီတုန္းကမန္ယူရဲ႕အသက္၃၃ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အက္ဒီဆင္ကာဗာနီကို တစ္ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူခဲ့မႈအေပၚအားလုံးကအံ့ဩသင့္ခဲ့ၾကပါတယ္။စာခ်ဳပ္ထဲမွာ၁၂လသက္တမ္းတိုးႏိုင္တဲ့အခ်က္ပါပါဝင္ေတာ့ ပိုၿပီးေတာ့ေတာင္အံ့ဩခဲ့ၾကပါေသးတယ္။

နာပိုလီႏွင့္ပါလာမိုတိုက္စစ္မႉးေဟာင္းဟာအသက္မငယ္ေတာ့သလိုတစ္ပတ္လုပ္ခေပါင္၁၇၄၀၀၀အထိေပးရတဲ့ သူလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းမန္ယူရဲ႕လုပ္ေဆာင္ခ်က္အေပၚလူေတြကေမးခြန္းထုတ္ခဲ့ၾကသလို ေထာက္ခံခဲ့ၾကတဲ့သူေတြလည္းရွိပါတယ္။

ယင္းသို႔သံသယမ်က္လုံးမ်ားစြာနဲ႔အၾကည့္ခံခဲ့ရေပမယ့္လည္းကာဗာနီဟာအေကာင္းဆုံးလုပ္ေဆာင္ျပကာ သူ႔အစြမ္းကိုသက္ေသျပေနပါတယ္။

သူဟာယခုရာသီမွာမန္ယူအတြက္၂၁ပြဲကစားထားရာမွာ၆ဂိုးအထိသြင္းယူထားတဲ့အထိအေရးပါေနပါတယ္။ဒါတင္မကေသးပါဘူး။သူဟာမန္ယူအသင္းမွာအလြန္တန္ဖိုးရွိတဲ့အေတြ႕အႀကဳံရင့္ကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္။သူ႔အေတြ႕အႀကဳံေတြနဲ႔သက္တမ္းကတန္ဖိုးျဖတ္လို႔မရေၾကာင္းကိုကြင္းထဲမွာကစားေဖာ္ေတြကိုအႀကံဉာဏ္ေပးၿပီးသက္ေသျပလ်က္ရွိပါတယ္။

ေအာက္တိုဘာလတုန္းကပီအက္စ္ဂ်ီႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီကာဗာနီဟာဗဟိုေနာက္ခံလူအဇဲလ္တြန္ဇြမ္ဘီကိုအႀကံေပးမႈျပဳလုပ္ခဲ့သလိုဘန္ေလအားအႏိုင္ရတဲ့ပြဲမတိုင္မီတုန္းကလည္းေပါလ္ေပါ့ဘာကိုအႀကံေပးမႈမ်ားျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။ဘန္ေလႏွင့္ပြဲမွာမန္ယူအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုေပါ့ဘာကဘဲသြင္းယူခဲ့ပါတယ္။

ကာဗာနီရဲ႕အဖိုးမျဖတ္ႏိုင္မႈကရပ္တန႔္သြားျခင္းမရွိပါဘူး။

အဂၤါေန႔တုန္းကေဆာက္သမ္တန္အား၉-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလည္းကာဗာနီဟာကစားေဖာ္မားကပ္စ္ရပ္ရွ္ဖို႔ဒ္ ကိုေဘာလုံးမရွိခ်ိန္မွာဘယ္လိုေ႐ႊ႕လ်ားကစားရမယ္ဆိုတာသင္ျပေပးမႈျပဳလုပ္ေနခဲ့ေၾကာင္းေတြ႕ရပါတယ္။ရပ္ရွ္ ဖို႔ဒ္ဟာကာဗာနီရဲ႕အႀကံေပးမႈအတိုင္းကစားခဲ့ရာမွာဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကလည္းမၾကာေသးမီတုန္းကကစားေဖာ္မ်ားအေပၚကာဗာနီရဲ႕လြမ္းမိုးမႈအေပၚေျပာၾကားသြားခဲ့ဖူးပါတယ္။

ဆိုးလ္ရွားဟာ၁၉၉၇ခုႏွစ္တုန္းကမန္ယူတြင္သူကစားေနတုန္းကစပါးစ္မွေရာက္လာတဲ့တက္ဒီရွရင္ဂမ္ထံမွသင္ ၾကားခဲ့မႈမ်ားႏွင့္ကာဗာနီကိုႏႈိင္းယွဥ္ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားက “၁၉၉၇ခုႏွစ္တုန္းကတက္ဒီေရာက္လာေတာ့သူ႔မွာအေတြ႕အႀကဳံေတြအမ်ားႀကီးပါလာပါတယ္။သူ႔ဆီ ကေနကြၽန္ေတာ္အမ်ားႀကီးသင္ယူခဲ့ရပါတယ္။ကာဗာနီလည္းသူ႔လိုဘဲမန္ယူသို႔ေရာက္လာၿပီးတဲ့ေနာက္အဲဒီလိုဘဲ အသင္းအေပၚမွာလႊမ္းမိုးမႈရွိေနပါတယ္။တက္ဒီတုန္းကကြၽန္ေတာ္တို႔ကလူငယ္တိုက္စစ္မႉးေလးေတြပါ။အခုကာဗာနီဆီမွလည္းမာဆင္၊မားကပ္စ္၊အန္တိုနီတို႔သင္ယူႏိုင္ပါတယ္။အက္ဒီဆင္ကႀကီးမားတဲ့အားျဖည့္မႈပါ”လို႔ေျပာၾကားသြားခဲ့ပါတယ္။