ဘောလုံးလောကကို လက်ပြနူတ်ဆက်လိုက်တဲ့ခီဒီရာ

ဂျူဗင်တပ်နှင့်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းဆာမီခီဒီရာဟာအသက်၃၄နှစ်အရွယ်မှာဘောလုံးကစားသမားဘဝမှအနားယူလိုက်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းဟာသာဘာလင်မှာကစားနေသူဖြစ်ပြီးအသင်းအတွက်၈ပွဲတည်းသာကစားခွင့်ရရှိခဲ့ကာ၂ကြိမ်ဖန်တီးခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်၂၀၁၀ခုနှစ်မှ၂၀၁၅ခုနှစ်အထိကစားခဲ့ပြီး၂၀၁၅ခုနှစ်တွင်ဂျူဗင်တပ်သို့ပြောင်းခဲ့ပါတယ်။သူဟာဂျူဗင်တပ်တွင်၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလအထိကစားခဲ့ပါတယ်။

သူဟာဂျူဗင်တပ်တွင်ကစားတဲ့ငါးရာသီကျော်ကာလအတွင်းတွင်ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ရကာ၁၄၅ပွဲတည်းသာကစားနိုင်ခဲ့ပါတယ်။

သူဟာဂျူဗင်တပ်အတွက်၂၁ဂိုးသာသွင်းနိုင်ခဲ့တဲ့အပြင်ဖန်တီးမှု၁၃ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပေမယ့်လည်းစီးရီးအေဖလား၅ကြိမ်၊ကိုပါအီတာလီယာဖလား၃ကြိမ်နှင့်အီတာလီယာစူပါဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်ဂျာမနီအသင်းနှင့်အတူ၂၀၁၄ခုနှစ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ေဘာလုံးေလာကကို လက္ျပႏူတ္ဆက္လိုက္တဲ့ခီဒီရာ

ဂ်ဴဗင္တပ္ႏွင့္ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားေဟာင္းဆာမီခီဒီရာဟာအသက္၃၄ႏွစ္အ႐ြယ္မွာေဘာလုံးကစားသမားဘဝမွအနားယူလိုက္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ကစားသမားေဟာင္းဟာသာဘာလင္မွာကစားေနသူျဖစ္ၿပီးအသင္းအတြက္၈ပြဲတည္းသာကစားခြင့္ရရွိခဲ့ကာ၂ႀကိမ္ဖန္တီးခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္၂၀၁၀ခုႏွစ္မွ၂၀၁၅ခုႏွစ္အထိကစားခဲ့ၿပီး၂၀၁၅ခုႏွစ္တြင္ဂ်ဴဗင္တပ္သို႔ေျပာင္းခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္တြင္၂၀၂၁ခုႏွစ္၊ေဖေဖာ္ဝါရီလအထိကစားခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္တြင္ကစားတဲ့ငါးရာသီေက်ာ္ကာလအတြင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္ရကာ၁၄၅ပြဲတည္းသာကစားႏိုင္ခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္အတြက္၂၁ဂိုးသာသြင္းႏိုင္ခဲ့တဲ့အျပင္ဖန္တီးမႈ၁၃ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္းစီးရီးေအဖလား၅ႀကိမ္၊ကိုပါအီတာလီယာဖလား၃ႀကိမ္ႏွင့္အီတာလီယာစူပါဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္ဂ်ာမနီအသင္းႏွင့္အတူ၂၀၁၄ခုႏွစ္ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။