ဘောလုံးလောကမှအနားယူပြီး ရဲတပ်ဖွဲ့သို့ ဝင်လုနီးပါးဖြစ်ပြီးမှ ကမ္ဘာ့ဖလားတွင် ဟော်လန်ရဲ့နံပါတ်တစ်ဂိုးသမားဖြစ်လာသူ

ဟော်လန်ဂိုးသမားအင်ဒရေနော်ပတ်ဟာဘောလုံးလောကတွင်အင်မတန်ဆန်းကြယ်လှတဲ့ခရီးလမ်းကိုလျှောက်လှမ်းလာခဲ့ရသူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဟော်လန်လက်ရွေးစင်ဂိုးသမားဟာတနင်္လာနေ့တုန်းကဆီနီဂေါနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ယင်းပွဲတွင်ဟော်လန်ဟာဆီနီဂေါကို၂-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့မှုနှင့်အတူနော်ပတ်ဟာလည်းဂိုးမပေးခဲ့ရပါဘူး။

တကယ်တော့သူဟာကလပ်လက်မဲ့ဖြစ်ကာကစားသမားဘဝမှအနားယူလုနီးပါးဖြစ်ခဲ့ပြီးနောက်ပြီးခဲ့တဲ့၁၈လအတွင်းအကြီးအကျယ်ပြောင်းလဲလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။

နော်ပတ်ဟာဒတ်ချ်ကလပ်ဟီရန်ဗင်းတွင်လက်စွမ်းပြကစားမှုနှင့်အတူဟော်လန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ရွေးချယ်ခံလာရတာဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဟီရန်ဗင်းတွင်ပထမအကြိမ်ကစားခဲ့တုန်းကတစ်ပွဲမျှတောင်ကစားခွင့်မရခဲ့ဘဲ၂၀၁၄ခုနှစ်မှာထွက်ခွာခဲ့ရပါတယ်။

သူဟာ NAC Breda သို့ပြောင်းခဲ့ပေမဲ့လည်းယင်းတွင်ကစားတဲ့လေးနှစ်တာကာလအတွင်းမှာအမှတ်ပေးဖလားပွဲ၆ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

ယင်းနောက်သူဟာအီတလီစီးရီးဘီကလပ်ဖော့ဂီယာသို့ပြောင်းခဲ့ပါတယ်။အဲဒီမှာလည်းသူထင်မှတ်ထားသလိုအလုပ်မဖြစ်ခဲ့ပါဘူး။

ဖော့ဂီယာဟာစီးရီးဘီကနေတန်းဆင်းခဲ့ရပြီးစီးရီးစီဝင်ခွင့်အတွက်မှတ်ပုံတင်နိုင်ခြင်းမရှိမှုနှင့်အတူ၂၀၁၈-၁၉ရာသီအကုန်မှာဒေဝါလီခံခဲ့ရပါတယ်။

နော်ပတ်ဟာလွန်ခဲ့တဲ့သုံးနှစ်မှာတော့ဟော်လန်သို့ပြန်ခဲ့ပြီး FC Dordrecht နှင့်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့သူဟာတစ်နှစ်အကြာမှာဘဲထွက်ခဲ့ရပြီး၂၀၂၁ခုနှစ်၊ဇူလိုင်လအထိကလပ်လက်မဲ့ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့်လည်းသူ့ဇနီးနှင့်မိသားစုဝင်တို့ကသူ့ကိုကစားသမားဘဝမှအနားယူပြီးရဲတပ်ဖွဲ့သို့ဝင်ဖို့ဖျောင်းဖျလာခဲ့ကြပါတယ်။

ဒါပေမဲ့အရပ်၆ပေ၊၇လက်မရှိနော်ပတ်ဟာမိသားစုရဲ့ဖျောင်းဖျမှုကိုငြင်းပယ်ကာဇန်နဝါရီမှာတော့ Go Ahead Eagles နှင့်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

နော်ပတ်ဟာ Go Ahead Eagles ကိုတန်းမဆင်းရအောင်ကူညီနိုင်ခဲ့ပြီးတဲ့နောက်ဟီရန်ဗင်းသို့ပြန်လည်ပြောင်းခွင့်ရခဲ့ပါတယ်။

ယင်းနောက်သူဟာဟီရန်ဗင်းတွင်လက်စွမ်းပြကစားနိုင်မှုနှင့်အတူစက်တင်ဘာလမှာဟော်လန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့ရပါတယ်။သူဟာယင်းကတည်းကနယ်သာလန်နည်းပြလူးဝစ်ဗန်ဂါးလ်ရဲ့အားကိုးရတဲ့နံပါတ်တစ်ဂိုးသမားဖြစ်လာခဲ့ပါတော့တယ်။

ZawGyi

ေဘာလုံးေလာကမွအနားယူၿပီး ရဲတပ္ဖြဲ႕သို႔ ဝင္လုနီးပါးျဖစ္ၿပီးမွ ကမာၻ႔ဖလားတြင္ ေဟာ္လန္ရဲ႕နံပါတ္တစ္ဂိုးသမားျဖစ္လာသူ

ေဟာ္လန္ဂိုးသမားအင္ဒေရေနာ္ပတ္ဟာေဘာလုံးေလာကတြင္အင္မတန္ဆန္းၾကယ္လွတဲ့ခရီးလမ္းကိုေလွ်ာက္လွမ္းလာခဲ့ရသူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိေဟာ္လန္လက္ေ႐ြးစင္ဂိုးသမားဟာတနလၤာေန႔တုန္းကဆီနီေဂါႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

ယင္းပြဲတြင္ေဟာ္လန္ဟာဆီနီေဂါကို၂-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့မႈႏွင့္အတူေနာ္ပတ္ဟာလည္းဂိုးမေပးခဲ့ရပါဘူး။

တကယ္ေတာ့သူဟာကလပ္လက္မဲ့ျဖစ္ကာကစားသမားဘဝမွအနားယူလုနီးပါးျဖစ္ခဲ့ၿပီးေနာက္ၿပီးခဲ့တဲ့၁၈လအတြင္းအႀကီးအက်ယ္ေျပာင္းလဲလာခဲ့တဲ့သူလည္းျဖစ္ပါတယ္။

ေနာ္ပတ္ဟာဒတ္ခ်္ကလပ္ဟီရန္ဗင္းတြင္လက္စြမ္းျပကစားမႈႏွင့္အတူေဟာ္လန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ေ႐ြးခ်ယ္ခံလာရတာျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဟီရန္ဗင္းတြင္ပထမအႀကိမ္ကစားခဲ့တုန္းကတစ္ပြဲမွ်ေတာင္ကစားခြင့္မရခဲ့ဘဲ၂၀၁၄ခုႏွစ္မွာထြက္ခြာခဲ့ရပါတယ္။

သူဟာ NAC Breda သို႔ေျပာင္းခဲ့ေပမဲ့လည္းယင္းတြင္ကစားတဲ့ေလးႏွစ္တာကာလအတြင္းမွာအမွတ္ေပးဖလားပြဲ၆ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။

ယင္းေနာက္သူဟာအီတလီစီးရီးဘီကလပ္ေဖာ့ဂီယာသို႔ေျပာင္းခဲ့ပါတယ္။အဲဒီမွာလည္းသူထင္မွတ္ထားသလိုအလုပ္မျဖစ္ခဲ့ပါဘူး။

ေဖာ့ဂီယာဟာစီးရီးဘီကေနတန္းဆင္းခဲ့ရၿပီးစီးရီးစီဝင္ခြင့္အတြက္မွတ္ပုံတင္ႏိုင္ျခင္းမရွိမႈႏွင့္အတူ၂၀၁၈-၁၉ရာသီအကုန္မွာေဒဝါလီခံခဲ့ရပါတယ္။

ေနာ္ပတ္ဟာလြန္ခဲ့တဲ့သုံးႏွစ္မွာေတာ့ေဟာ္လန္သို႔ျပန္ခဲ့ၿပီး FC Dordrecht ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဒါေပမဲ့သူဟာတစ္ႏွစ္အၾကာမွာဘဲထြက္ခဲ့ရၿပီး၂၀၂၁ခုႏွစ္၊ဇူလိုင္လအထိကလပ္လက္မဲ့ျဖစ္ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္းသူ႔ဇနီးႏွင့္မိသားစုဝင္တို႔ကသူ႔ကိုကစားသမားဘဝမွအနားယူၿပီးရဲတပ္ဖြဲ႕သို႔ဝင္ဖို႔ေဖ်ာင္းဖ်လာခဲ့ၾကပါတယ္။

ဒါေပမဲ့အရပ္၆ေပ၊၇လက္မရွိေနာ္ပတ္ဟာမိသားစုရဲ႕ေဖ်ာင္းဖ်မႈကိုျငင္းပယ္ကာဇန္နဝါရီမွာေတာ့ Go Ahead Eagles ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ေနာ္ပတ္ဟာ Go Ahead Eagles ကိုတန္းမဆင္းရေအာင္ကူညီႏိုင္ခဲ့ၿပီးတဲ့ေနာက္ဟီရန္ဗင္းသို႔ျပန္လည္ေျပာင္းခြင့္ရခဲ့ပါတယ္။

ယင္းေနာက္သူဟာဟီရန္ဗင္းတြင္လက္စြမ္းျပကစားႏိုင္မႈႏွင့္အတူစက္တင္ဘာလမွာေဟာ္လန္လက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။သူဟာယင္းကတည္းကနယ္သာလန္နည္းျပလူးဝစ္ဗန္ဂါးလ္ရဲ႕အားကိုးရတဲ့နံပါတ္တစ္ဂိုးသမားျဖစ္လာခဲ့ပါေတာ့တယ္။