ဘောလုံးလောကရဲ့ ဆုဖလားအများဆုံး ဆွတ်ခူးထားတဲ့ ကစားသမား ၁၀ ဦးစာရင်းမှာ ဘယ်သူတွေ ပါဝင်သလဲ?

ဂျူဗင်တပ်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအီတာလီယာစူပါဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာဗုဒ္ဓဟူးနေ့တုန်းကသူ့ရဲ့ပထမဆုံးကိုပါအီတာလီယာဖလားကိုထပ်မံဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

ဂျူဗင်တပ်ဟာကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာအတ္တလန္တာကို၂-၁ဂိုးနဲ့အနိုင်ရရှိတာဖြစ်ပြီးယင်းဆုဖလားကခရစ္စတီယာနိုရော်နယ်ဒိုအတွက်ကစားသမားဘဝတစ်လျှောက်၃၄လုံးမြောက်ဆုဖလားလည်းဖြစ်ပါတယ်။

အခြားတစ်ဖက်မှာမက်ဆီကလည်းယခုရာသီမှာဘာစီလိုနာနှင့်အတူစပိန်ကိုပါဒယ်ရေးဖလားဆွတ်ခူးထားနိုင်ပါတယ်။

မက်ဆီရောခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာယခုရာသီမှာအရေးပါတဲ့ဆုဖလားဖြစ်တဲ့အမှတ်ပေးဖလားမဆွတ်ခူးနိုင်ကြပါဘူး။ဒါပေမယ့်သူတို့နှစ်ဦးဟာကမ္ဘာ့ဘောလုံးလောကရဲ့ဆုဖလားအများဆုံးဆွတ်ခူးထားတဲ့ကစားသမား၁၀ဦးစာရင်းမှာပါဝင်နေကြတုန်းဖြစ်ပါတယ်။

အံ့ဩစရာကောင်းတာကတော့ကမ္ဘာ့ဘောလုံးလောကရဲ့ဆုဖလားအများဆုံးဆွတ်ခူးထားတဲ့ကစားသမားကဘရာဇီးလက်ရွေးစင်ညာနောက်ခံလူဒါနီအဲလ်ဗက်စ်ဖြစ်ပါတယ်။သူဟာဆုဖလား၄၂လုံးဖြင့်ဘောလုံးလောကရဲ့အအောင်မြင်ဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။သူဟာအသက်၃၈နှစ်အထိဘောလုံးကစားဆဲဖြစ်သလိုလာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်ဘရာဇီးလက်ရွေးစင်အသင်းမှာလည်းရွေးချယ်ခံထားရတုန်းဖြစ်ပါတယ်။

ဒါနီအဲလ်ဗက်စ်ရဲ့နောက်မှာလီယွန်နယ်မက်ဆီ၊အင်ဒရေအင်နီယေစတာ၊မက်စ်ဝဲလ်တို့ကဆုဖလား၃၇လုံးစီဖြင့်ရပ်တည်နေပါတယ်။

၎င်းတို့ရဲ့နောက်မှာမန်ယူဂန္ထဝင်ကစားသမားရွိုင်ယန်ဂစ်၊လီဗာပူးဂန္ထဝင်ကစားသမားကန်နီဒဲလ်ကလစ်ချ်၊ဂါရတ်ပီကေးတို့ကဆုဖလား၃၅လုံးဖြင့်ရပ်တည်နေပါတယ်။၎င်းတို့ရဲ့နောက်မှာခရစ္စတီယာနိုရော်နယ်ဒို၊ဗစ်တာဘိုင်ယာတို့ကဆုဖလား၃၄လုံးဖြင့်ရပ်တည်နေပါတယ်။အဆင့်၁၀နေရာမှာဇာဗီးကဆုဖလား၃၃လုံးဖြင့်ရပ်တည်နေပါတယ်။

ZawGyi

ေဘာလုံးေလာကရဲ႕ ဆုဖလားအမ်ားဆုံး ဆြတ္ခူးထားတဲ့ ကစားသမား ၁၀ ဦးစာရင္းမွာ ဘယ္သူေတြ ပါဝင္သလဲ?

ဂ်ဴဗင္တပ္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကအီတာလီယာစူပါဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာဗုဒၶဟူးေန႔တုန္းကသူ႔ရဲ႕ပထမဆုံးကိုပါအီတာလီယာဖလားကိုထပ္မံဆြတ္ခူးႏိုင္ခဲ့ျပန္ပါတယ္။

ဂ်ဴဗင္တပ္ဟာကိုပါအီတာလီယာဖလားဗိုလ္လုပြဲမွာအတၱလႏၲာကို၂-၁ဂိုးနဲ႔အႏိုင္ရရွိတာျဖစ္ၿပီးယင္းဆုဖလားကခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ကစားသမားဘဝတစ္ေလွ်ာက္၃၄လုံးေျမာက္ဆုဖလားလည္းျဖစ္ပါတယ္။

အျခားတစ္ဖက္မွာမက္ဆီကလည္းယခုရာသီမွာဘာစီလိုနာႏွင့္အတူစပိန္ကိုပါဒယ္ေရးဖလားဆြတ္ခူးထားႏိုင္ပါတယ္။

မက္ဆီေရာခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာယခုရာသီမွာအေရးပါတဲ့ဆုဖလားျဖစ္တဲ့အမွတ္ေပးဖလားမဆြတ္ခူးႏိုင္ၾကပါဘူး။ဒါေပမယ့္သူတို႔ႏွစ္ဦးဟာကမာၻ႔ေဘာလုံးေလာကရဲ႕ဆုဖလားအမ်ားဆုံးဆြတ္ခူးထားတဲ့ကစားသမား၁၀ဦးစာရင္းမွာပါဝင္ေနၾကတုန္းျဖစ္ပါတယ္။

အံ့ဩစရာေကာင္းတာကေတာ့ကမာၻ႔ေဘာလုံးေလာကရဲ႕ဆုဖလားအမ်ားဆုံးဆြတ္ခူးထားတဲ့ကစားသမားကဘရာဇီးလက္ေ႐ြးစင္ညာေနာက္ခံလူဒါနီအဲလ္ဗက္စ္ျဖစ္ပါတယ္။သူဟာဆုဖလား၄၂လုံးျဖင့္ေဘာလုံးေလာကရဲ႕အေအာင္ျမင္ဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။သူဟာအသက္၃၈ႏွစ္အထိေဘာလုံးကစားဆဲျဖစ္သလိုလာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္ဘရာဇီးလက္ေ႐ြးစင္အသင္းမွာလည္းေ႐ြးခ်ယ္ခံထားရတုန္းျဖစ္ပါတယ္။

ဒါနီအဲလ္ဗက္စ္ရဲ႕ေနာက္မွာလီယြန္နယ္မက္ဆီ၊အင္ဒေရအင္နီေယစတာ၊မက္စ္ဝဲလ္တို႔ကဆုဖလား၃၇လုံးစီျဖင့္ရပ္တည္ေနပါတယ္။

၎တို႔ရဲ႕ေနာက္မွာမန္ယူဂႏၴဝင္ကစားသမား႐ြိဳင္ယန္ဂစ္၊လီဗာပူးဂႏၴဝင္ကစားသမားကန္နီဒဲလ္ကလစ္ခ်္၊ဂါရတ္ပီေကးတို႔ကဆုဖလား၃၅လုံးျဖင့္ရပ္တည္ေနပါတယ္။၎တို႔ရဲ႕ေနာက္မွာခရစၥတီယာႏိုေရာ္နယ္ဒို၊ဗစ္တာဘိုင္ယာတို႔ကဆုဖလား၃၄လုံးျဖင့္ရပ္တည္ေနပါတယ္။အဆင့္၁၀ေနရာမွာဇာဗီးကဆုဖလား၃၃လုံးျဖင့္ရပ္တည္ေနပါတယ္။