ဘောလုံးလောကရဲ့ကြောက်စရာအကောင်းဆုံးလူသားအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဂတ်တူဆိုပြသခဲ့

ဂန်နာရိုဂတ်တူဆိုဟာဗလင်စီယာနှင့်အိုဆာဆူနာတို့ပွဲစဉ်မှာဘောလုံးလောကရဲ့ကြောက်စရာအကောင်းဆုံးလူသားများထဲမှတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ကြောင်းပြသလာပါတယ်။

ဂတ်တူဆိုဟာကစားသမားဘဝတုန်းကလုပ်အားနှုန်းကောင်းကောင်းဖြင့်အတင်းဝင်အတင်းထွက်ကြမ်းတမ်းစွာကစားတတ်သူအဖြစ်နာမည်ကြီးခဲ့သူဖြစ်ပါတယ်။

သူဟာယခုနည်းပြတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေပေမဲ့လည်းကစားသမားဘဝတုန်းကစရိုက်ယခုတိုင်ရှိနေဆဲဖြစ်ကြောင်းကိုဗလင်စီယာနှင့်အိုဆာဆူနာပွဲမှာပြသလာပါတယ်။

သောကြာနေ့တုန်းကအဝေးကွင်းတွင်အိုဆာဆူနာကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်ဗလင်စီယာကစားသမားဒိုင်ယာခါဘီဟာပွဲချိန်၅၄မိနစ်မှာဗလင်စီယာအတွက်ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယင်းနောက်ဂတ်တူဆိုဟာပွဲချိန်၈၆မိနစ်မှာဒီယာခါဘီကိုလူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။ထိုစဉ်တုန်းကသူဟာအဝါကတ်တစ်ကတ်ပြသခံထားရပြီးဖြစ်ပါတယ်။

ဒါပေမဲ့ပွဲပြီးခါနီးမှာဒီယာခါဘီဟာအရန်ခုံမှာထိုင်နေစဉ်ဒုတိယအဝါကတ်ပြသခံခဲ့ရပြီးအနီကတ်ပြခံခဲ့ရပါတယ်။သူဟာဒိုင်လူကြီးကိုရည်ရွယ်ပြီးညစ်ညမ်းတဲ့အသုံးအနှုန်းဖြင့်ပြောဆိုမှုနဲ့အတူဒုတိယအဝါကတ်ပြသခံရတာဖြစ်ပါတယ်။

ဂတ်တူဆိုဟာအစောပိုင်းတုန်းကဒိုင်လူကြီးကိုအပြုံးမျက်နှာဖြင့် အရေးမယူရန်လုပ်ဆောင်ခဲ့ပေမဲ့ဒိုင်လူကြီးကအနီကတ်ပြသလာချိန်မှာတော့သူ့ဒေါသကိုမထိန်းနိုင်တော့ပါဘူး။

သူဟာဒိုင်ယာခါဘီရဲ့အရန်ခုံသို့ချဉ်းကပ်သွားကာ ရေဗူးတဲ့ဗူးကြီးကိုဒေါသတကြီးကန်ကျောက်ပြီး သူ့ကစားသမားကိုလည်းဒေါသတကြီးပြောဆိုမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

ကံကောင်းတာကတော့ဗလင်စီယာဟာယင်းပွဲမှာ၂-၁ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ZawGyi

ေဘာလုံးေလာကရဲ႕ေၾကာက္စရာအေကာင္းဆုံးလူသားအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္း ဂတ္တူဆိုျပသခဲ့

ဂန္နာ႐ိုဂတ္တူဆိုဟာဗလင္စီယာႏွင့္အိုဆာဆူနာတို႔ပြဲစဥ္မွာေဘာလုံးေလာကရဲ႕ေၾကာက္စရာအေကာင္းဆုံးလူသားမ်ားထဲမွတစ္ဦးအျဖစ္ရွိေနဆဲျဖစ္ေၾကာင္းျပသလာပါတယ္။

ဂတ္တူဆိုဟာကစားသမားဘဝတုန္းကလုပ္အားႏႈန္းေကာင္းေကာင္းျဖင့္အတင္းဝင္အတင္းထြက္ၾကမ္းတမ္းစြာကစားတတ္သူအျဖစ္နာမည္ႀကီးခဲ့သူျဖစ္ပါတယ္။

သူဟာယခုနည္းျပတစ္ဦးအျဖစ္တာဝန္ထမ္းေဆာင္ေနေပမဲ့လည္းကစားသမားဘဝတုန္းကစ႐ိုက္ယခုတိုင္ရွိေနဆဲျဖစ္ေၾကာင္းကိုဗလင္စီယာႏွင့္အိုဆာဆူနာပြဲမွာျပသလာပါတယ္။

ေသာၾကာေန႔တုန္းကအေဝးကြင္းတြင္အိုဆာဆူနာကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲစဥ္တြင္ဗလင္စီယာကစားသမားဒိုင္ယာခါဘီဟာပြဲခ်ိန္၅၄မိနစ္မွာဗလင္စီယာအတြက္ဒုတိယဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ယင္းေနာက္ဂတ္တူဆိုဟာပြဲခ်ိန္၈၆မိနစ္မွာဒီယာခါဘီကိုလူစားလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။ထိုစဥ္တုန္းကသူဟာအဝါကတ္တစ္ကတ္ျပသခံထားရၿပီးျဖစ္ပါတယ္။

ဒါေပမဲ့ပြဲၿပီးခါနီးမွာဒီယာခါဘီဟာအရန္ခုံမွာထိုင္ေနစဥ္ဒုတိယအဝါကတ္ျပသခံခဲ့ရၿပီးအနီကတ္ျပခံခဲ့ရပါတယ္။သူဟာဒိုင္လူႀကီးကိုရည္႐ြယ္ၿပီးညစ္ညမ္းတဲ့အသုံးအႏႈန္းျဖင့္ေျပာဆိုမႈနဲ႔အတူဒုတိယအဝါကတ္ျပသခံရတာျဖစ္ပါတယ္။

ဂတ္တူဆိုဟာအေစာပိုင္းတုန္းကဒိုင္လူႀကီးကိုအၿပဳံးမ်က္ႏွာျဖင့္ အေရးမယူရန္လုပ္ေဆာင္ခဲ့ေပမဲ့ဒိုင္လူႀကီးကအနီကတ္ျပသလာခ်ိန္မွာေတာ့သူ႔ေဒါသကိုမထိန္းႏိုင္ေတာ့ပါဘူး။

သူဟာဒိုင္ယာခါဘီရဲ႕အရန္ခုံသို႔ခ်ဥ္းကပ္သြားကာ ေရဗူးတဲ့ဗူးႀကီးကိုေဒါသတႀကီးကန္ေက်ာက္ၿပီး သူ႔ကစားသမားကိုလည္းေဒါသတႀကီးေျပာဆိုမႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

ကံေကာင္းတာကေတာ့ဗလင္စီယာဟာယင္းပြဲမွာ၂-၁ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။