ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအမြင့်ဆုံးဆု Ballon d’Or ဆုကို ယခုနှစ်တွင် ပြန်လည်ချီးမြှင့်မည်

ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအမြင့်မားဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ Ballon d’Or ဆုကို လာမယ့်နိုဝင်ဘာလတွင်ပြန်လည်ချီးမြှင့်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

Ballon d’Or ဆုကိုပြီးခဲ့တဲ့နှစ်တုန်းကို ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်ချီးမြှင့်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့်ယခုဆယ့်နှစ်လအကြာမှာတော့ Ballon d’Or ဆုကို လာမယ့်နိုဝင်ဘာလမှာကျင်းပသွားတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d’Or ဆုပေးပွဲအခမ်းအနားကို လာမယ့်နိုဝင်ဘာလမှာ Chatelet Theatre မှာကျင်းပသွားမှာဖြစ်ပါတယ်။

Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းကို လာမယ့်နိုဝင်ဘာလ၈ရက်နေ့မှာ France Football ကကြေညာသွားပါမယ်။

ပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်မကျင်းပနိုင်ခဲ့မှုနဲ့အတူ ဆုနှင့်လွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးကလက်ရှိအချိန်မှာရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာ Ballon d’Or ဆုကိုမရရှိခဲ့ပေမယ့်ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့်ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အီတလီနှင့်အတူယူရိုချန်ပီယံဖလား၊ချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလားတို့ဆွတ်ခူးနိုင်ခဲ့တဲ့အီတလီကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုဟာလည်းဆန်ကာတင်စာရင်းမှာပါဝင်လာဖို့သေချာနေပါတယ်။

ယခုနှစ် Ballon d’Or ဆုပေးပွဲမှာ အမျိုးသမီးဆုကိုလည်းသုံးကြိမ်မြောက်အဖြစ်ချီးမြှင့်သွားမယ့်အပြင် Kopa Trophy နှင့် Yachin Trophy တို့ကိုလည်းချီးမြှင့်ပါမယ်။

ZawGyi

ေဘာလုံးေလာကရဲ႕ဂုဏ္သိကၡာအျမင့္ဆုံးဆု Ballon d’Or ဆုကို ယခုႏွစ္တြင္ ျပန္လည္ခ်ီးျမႇင့္မည္

ေဘာလုံးေလာကရဲ႕ဂုဏ္သိကၡာအျမင့္မားဆုံးတစ္ဦးခ်င္းဆုျဖစ္တဲ့ Ballon d’Or ဆုကို လာမယ့္ႏိုဝင္ဘာလတြင္ျပန္လည္ခ်ီးျမႇင့္သြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

Ballon d’Or ဆုကိုၿပီးခဲ့တဲ့ႏွစ္တုန္းကို ကိုဗစ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ခ်ီးျမႇင့္ႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

ဒါေပမယ့္ယခုဆယ့္ႏွစ္လအၾကာမွာေတာ့ Ballon d’Or ဆုကို လာမယ့္ႏိုဝင္ဘာလမွာက်င္းပသြားေတာ့မွာျဖစ္ပါတယ္။ ကမာၻ႔အေကာင္းဆုံးကစားသမားဆု Ballon d’Or ဆုေပးပြဲအခမ္းအနားကို လာမယ့္ႏိုဝင္ဘာလမွာ Chatelet Theatre မွာက်င္းပသြားမွာျဖစ္ပါတယ္။

Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းကို လာမယ့္ႏိုဝင္ဘာလ၈ရက္ေန႔မွာ France Football ကေၾကညာသြားပါမယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္မက်င္းပႏိုင္ခဲ့မႈနဲ႔အတူ ဆုႏွင့္လြဲခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးကလက္ရွိအခ်ိန္မွာေရပန္းအစားဆုံးျဖစ္ေနဆဲျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးဟာ Ballon d’Or ဆုကိုမရရွိခဲ့ေပမယ့္ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုႏွင့္ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုတို႔ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အီတလီႏွင့္အတူယူ႐ိုခ်န္ပီယံဖလား၊ခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလားတို႔ဆြတ္ခူးႏိုင္ခဲ့တဲ့အီတလီကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုဟာလည္းဆန္ကာတင္စာရင္းမွာပါဝင္လာဖို႔ေသခ်ာေနပါတယ္။

ယခုႏွစ္ Ballon d’Or ဆုေပးပြဲမွာ အမ်ိဳးသမီးဆုကိုလည္းသုံးႀကိမ္ေျမာက္အျဖစ္ခ်ီးျမႇင့္သြားမယ့္အျပင္ Kopa Trophy ႏွင့္ Yachin Trophy တို႔ကိုလည္းခ်ီးျမႇင့္ပါမယ္။