
ပြီးခဲ့တဲ့ကိုးနှစ်ကာလရဲ့ဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမားနေရာကိုလီယွန်နယ်မက်ဆီ(သို့မဟုတ်)ခရစ္စတီယာနိုရော်နယ်ဒိုတို့ပဲလွှမ်းမိုးထားလာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ယခုအခါမှာတော့ကိုင်လီယန်ဘက်ပေးဟာဆယ်နှစ်ကာလအတွင်းပထမဆုံးအကြိမ်အဖြစ်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မက်ဆီတို့ကိုကျော်ဖြတ်ပြီးဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမားဖြစ်လာပြီဖြစ်ပါတယ်။
Forbes ကဖော်ပြလာမှုအရကိုင်လီယန်ဘက်ပေးဟာယခုနှစ်တွင်ဒေါ်လာ၁၂၈သန်းရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။
ဘက်ပေးရဲ့ပီအက်စ်ဂျီကစားဖော်မက်ဆီကဒေါ်လာ၁၀၈သန်းရရှိလာမှာဖြစ်ပြီးယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုဒေါ်လာသန်း၁၀၀ရရှိလာမှာဖြစ်ကြောင်း Forbes ကဖော်ပြလာပါတယ်။
နေမာနှင့်မိုဟာမက်ဆာလက်တို့ဟာလည်းဝင်ငွေအကောင်းဆုံးကစားသမားထိပ်ဆုံး၅ဦးစာရင်းမှာပါဝင်ခဲ့ကြပါတယ်။
ဘရာဇီးနှင့်ပီအက်စ်ဂျီစူပါစတားနေမာကဒေါ်လာ၈၇သန်းဖြင့်စတုတ္ထနေရာမှာလည်းကောင်း၊အီဂျစ်နှင့်လီဗာပူးစူပါစတားမိုဟာမက်ဆာလက်ကဒေါ်လာ၅၃သန်းဖြင့်လည်းကောင်းပဥ္စမနေရာမှာရပ်တည်နေပါတယ်။
ယခင်တုန်းကမက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုကျော်ပြီး ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ်နောက်ဆုံးရပ်တည်နိုင်ခဲ့တဲ့သူက ဒေးဗစ်ဘက်ဟမ်းဖြစ်ပြီး၂၀၁၃ခုနှစ်တုန်းကရပ်တည်ခဲ့တာပါ။
ဘက်ပေးဟာမေလတုန်းကပီအက်စ်ဂျီနှင့်တန်ဖိုးကြီးသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပြီးကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။
ယခုရာသီတွင်မန်စီးတီးအတွက်၁၁ပွဲကစားထားရာတွင်၁၉ဂိုးသွင်းယူထားနိုင်တဲ့အာလင်းဟာလန်းမှာယခုနှစ်ဝင်ငွေဒေါ်လာ၃၉သန်းဖြင့်အဆင့်၆နေရာတွင်ရပ်တည်ထားနိုင်ပါတယ်။
ဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမား၁၀ဦးစာရင်းတွင်ဘာစီလိုနာတိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီး၊ရီးရဲလ်မက်ဒရစ်စတားအေဒင်ဟာဇက်၊ဗစ်ဆယ်ကိုဘီကွင်းလယ်ဖန်တီးရှင်အင်နီယေစတာ၊မန်စီးတီးစတားကီဗင်ဒီဘရိုင်းတို့လည်းပါဝင်ပါတယ်။
ZawGyi
ေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာတဲ့ ဘက္ေပး
ၿပီးခဲ့တဲ့ကိုးႏွစ္ကာလရဲ႕ေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမားေနရာကိုလီယြန္နယ္မက္ဆီ(သို႔မဟုတ္)ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ပဲလႊမ္းမိုးထားလာခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ယခုအခါမွာေတာ့ကိုင္လီယန္ဘက္ေပးဟာဆယ္ႏွစ္ကာလအတြင္းပထမဆုံးအႀကိမ္အျဖစ္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မက္ဆီတို႔ကိုေက်ာ္ျဖတ္ၿပီးေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမားျဖစ္လာၿပီျဖစ္ပါတယ္။
Forbes ကေဖာ္ျပလာမႈအရကိုင္လီယန္ဘက္ေပးဟာယခုႏွစ္တြင္ေဒၚလာ၁၂၈သန္းရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။
ဘက္ေပးရဲ႕ပီအက္စ္ဂ်ီကစားေဖာ္မက္ဆီကေဒၚလာ၁၀၈သန္းရရွိလာမွာျဖစ္ၿပီးယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုေဒၚလာသန္း၁၀၀ရရွိလာမွာျဖစ္ေၾကာင္း Forbes ကေဖာ္ျပလာပါတယ္။
ေနမာႏွင့္မိုဟာမက္ဆာလက္တို႔ဟာလည္းဝင္ေငြအေကာင္းဆုံးကစားသမားထိပ္ဆုံး၅ဦးစာရင္းမွာပါဝင္ခဲ့ၾကပါတယ္။
ဘရာဇီးႏွင့္ပီအက္စ္ဂ်ီစူပါစတားေနမာကေဒၚလာ၈၇သန္းျဖင့္စတုတၳေနရာမွာလည္းေကာင္း၊အီဂ်စ္ႏွင့္လီဗာပူးစူပါစတားမိုဟာမက္ဆာလက္ကေဒၚလာ၅၃သန္းျဖင့္လည္းေကာင္းပၪၥမေနရာမွာရပ္တည္ေနပါတယ္။
ယခင္တုန္းကမက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကိုေက်ာ္ၿပီး ဝင္ေငြအေကာင္းဆုံးကစားသမားအျဖစ္ေနာက္ဆုံးရပ္တည္ႏိုင္ခဲ့တဲ့သူက ေဒးဗစ္ဘက္ဟမ္းျဖစ္ၿပီး၂၀၁၃ခုႏွစ္တုန္းကရပ္တည္ခဲ့တာပါ။
ဘက္ေပးဟာေမလတုန္းကပီအက္စ္ဂ်ီႏွင့္တန္ဖိုးႀကီးသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ၿပီးကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။
ယခုရာသီတြင္မန္စီးတီးအတြက္၁၁ပြဲကစားထားရာတြင္၁၉ဂိုးသြင္းယူထားႏိုင္တဲ့အာလင္းဟာလန္းမွာယခုႏွစ္ဝင္ေငြေဒၚလာ၃၉သန္းျဖင့္အဆင့္၆ေနရာတြင္ရပ္တည္ထားႏိုင္ပါတယ္။
ေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမား၁၀ဦးစာရင္းတြင္ဘာစီလိုနာတိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီး၊ရီးရဲလ္မက္ဒရစ္စတားေအဒင္ဟာဇက္၊ဗစ္ဆယ္ကိုဘီကြင္းလယ္ဖန္တီးရွင္အင္နီေယစတာ၊မန္စီးတီးစတားကီဗင္ဒီဘ႐ိုင္းတို႔လည္းပါဝင္ပါတယ္။