ဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမားနေရာကို မက်ဆီထံမှ လွဲပြောင်းရယူလိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမားနေရာကိုပြန်လည်လွဲပြောင်းရယူလိုက်နိုင်ပြီဖြစ်ပါတယ်။လီယွန်နယ်မက်ဆီကပီအက်စ်ဂျီသို့ ဘာစီလိုနာမှာတုန်းကထက်နည်းပါးတဲ့လုပ်ခဖြင့်ပြောင်းရွှေ့သွားခဲ့မှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုဟာဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမားနေရာကိုရယူလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုနွေရာသီတွင်လီယွန်နယ်မက်ဆီကဘာစီလိုနာမှမထင်မှတ်ဘဲထွက်ခွာကာပီအက်စ်ဂျီသို့ပြောင်းရွှေ့သွားခဲ့ပြီးရက်သတ္တပတ်အနည်းငယ်အကြာတွင်ခရစ္စတီယာနိုရော်နယ်ဒိုကလည်းအသင်းဟောင်းမန်ချက်စတာယူနိုက်တက်သို့ပြန်ပြောင်းခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့ပြန်ရောက်လာပြီးနောက်သုံးပွဲကစားရာမှာလေးဂိုး သွင်းထားပြီးမက်ဆီကတော့ပီအက်စ်ဂျီအတွက်တစ်ဂိုးမျှမသွင်းထားနိုင်သေးပါဘူး။

မက်ဆီဟာကွင်းထဲတွင်ရုန်းကန်နေရသလိုပီအက်စ်ဂျီသို့ပြောင်းမှုနဲ့အတူဝင်ငွေလည်းကျဆင်းခဲ့ရပါတယ်။

မက်ဆီဟာဘာစီလိုနာမှာတုန်းကတစ်နှစ်လုပ်ခနှင့်စပွန်ဆာမှဝင်ငွေပေါင်သန်း၇၀အထိရရှိလာခဲ့ပေမယ့်ပီအက်စ်ဂျီမှာတော့တစ်နှစ်လုပ်ခပေါင်၂၅.၆သန်းနှင့်စပွန်ဆာကြေးအပါအဝင်တစ်နှစ်ပေါင်၅၄.၉၄သန်းသာရရှိပါတော့တယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကတော့မန်ယူမှာလုပ်ခနှင့်စပွန်ဆာဝင်ငွေအပါအဝင်စုစုပေါင်း ပေါင်၉၁.၅သန်းအထိရရှိလာပါတယ်။

ဘောလုံးလောကရဲ့ဝင်ငွေအများဆုံးကစားသမားများအဖြစ်ထိပ်ဆုံးမှရော်နယ်ဒိုနှင့်မက်ဆီတို့ရဲ့နောက်မှာနေမာ(ပေါင်၆၉.၅သန်း)၊ကိုင်လီယန်ဘက်ပေး(ပေါင်၃၁.၅သန်း)၊မိုဟာမက်ဆာလက်(ပေါင်သန်း၃၀)၊လီဝန်ဒေါ့စကီး/အင်နီယေစတာ(ပေါင်၂၆သန်း)၊ပေါလ်ပေါ့ဘာ(ပေါင်၂၅သန်း)၊ဂါရတ်ဘေးလ်(ပေါင်၂၃.၅သန်း)၊ဟာဇက်(ပေါင်၂၁သန်း)တို့အသီးသီးရပ်တည်နေပါတယ်။

ZawGyi

ေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမားေနရာကို မက္ဆီထံမွ လြဲေျပာင္းရယူလိုက္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမားေနရာကိုျပန္လည္လြဲေျပာင္းရယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။လီယြန္နယ္မက္ဆီကပီအက္စ္ဂ်ီသို႔ ဘာစီလိုနာမွာတုန္းကထက္နည္းပါးတဲ့လုပ္ချဖင့္ေျပာင္းေ႐ႊ႕သြားခဲ့မႈနဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမားေနရာကိုရယူလာႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ယခုေႏြရာသီတြင္လီယြန္နယ္မက္ဆီကဘာစီလိုနာမွမထင္မွတ္ဘဲထြက္ခြာကာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးရက္သတၱပတ္အနည္းငယ္အၾကာတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကလည္းအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္သို႔ျပန္ေျပာင္းခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔ျပန္ေရာက္လာၿပီးေနာက္သုံးပြဲကစားရာမွာေလးဂိုး သြင္းထားၿပီးမက္ဆီကေတာ့ပီအက္စ္ဂ်ီအတြက္တစ္ဂိုးမွ်မသြင္းထားႏိုင္ေသးပါဘူး။

မက္ဆီဟာကြင္းထဲတြင္႐ုန္းကန္ေနရသလိုပီအက္စ္ဂ်ီသို႔ေျပာင္းမႈနဲ႔အတူဝင္ေငြလည္းက်ဆင္းခဲ့ရပါတယ္။

မက္ဆီဟာဘာစီလိုနာမွာတုန္းကတစ္ႏွစ္လုပ္ခႏွင့္စပြန္ဆာမွဝင္ေငြေပါင္သန္း၇၀အထိရရွိလာခဲ့ေပမယ့္ပီအက္စ္ဂ်ီမွာေတာ့တစ္ႏွစ္လုပ္ခေပါင္၂၅.၆သန္းႏွင့္စပြန္ဆာေၾကးအပါအဝင္တစ္ႏွစ္ေပါင္၅၄.၉၄သန္းသာရရွိပါေတာ့တယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့မန္ယူမွာလုပ္ခႏွင့္စပြန္ဆာဝင္ေငြအပါအဝင္စုစုေပါင္း ေပါင္၉၁.၅သန္းအထိရရွိလာပါတယ္။

ေဘာလုံးေလာကရဲ႕ဝင္ေငြအမ်ားဆုံးကစားသမားမ်ားအျဖစ္ထိပ္ဆုံးမွေရာ္နယ္ဒိုႏွင့္မက္ဆီတို႔ရဲ႕ေနာက္မွာေနမာ(ေပါင္၆၉.၅သန္း)၊ကိုင္လီယန္ဘက္ေပး(ေပါင္၃၁.၅သန္း)၊မိုဟာမက္ဆာလက္(ေပါင္သန္း၃၀)၊လီဝန္ေဒါ့စကီး/အင္နီေယစတာ(ေပါင္၂၆သန္း)၊ေပါလ္ေပါ့ဘာ(ေပါင္၂၅သန္း)၊ဂါရတ္ေဘးလ္(ေပါင္၂၃.၅သန္း)၊ဟာဇက္(ေပါင္၂၁သန္း)တို႔အသီးသီးရပ္တည္ေနပါတယ္။