ဘောလုံးလောကသို့ ဝင်ရောက်လာပြီဖြစ်တဲ့ UFC ချန်ပီယံဟောင်းခါဘစ်

UFC ချန်ပီယံဟောင်းခါဘစ်ဟာရုရှားတတိယတန်းကလပ်နှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာဘောလုံးလောကသို့ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

Lightweight ချန်ပီယံဟာလွန်ခဲ့တဲ့၁၀လတုန်းကUFCကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။သူဟာUFC ပွဲ၂၉ပွဲထိုးခဲ့ရာမှာပွဲအားလုံးအနိုင်ရရှိပြီးရှုံးပွဲမရှိမှတ်တမ်းနဲ့အနားယူခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိခါဘစ်ဟာ UFCကစားသမားဘဝမှအနားယူပြီးနောက်ဘောလုံးလောကသို့ဝင်ရောက်ရန်အတွက်လေ့ကျင့်ခန်းဆင်းခြင်း၊ဘောလုံးကစားခြင်းတို့ပြုလုပ်လာခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့UFC ချန်ပီယံဟောင်းဟာရုရှားတတိယတန်းကလပ် လီဂျီယန်ဒိုင်နမိုနှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

လီဂျီယန်ဒိုင်နမိုဟာပြီးခဲ့ဘောလုံးရာသီတုန်းကအမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

ခါဘစ်ဟာလွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းကဘောလုံးလောကသို့ဝင်ရောက်မည်ဟုတရားဝင်ကြေညာပြီးနောက်ကလပ်ပေါင်းများစွာတို့ရဲ့ကမ်းလှမ်းမှုများရရှိလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေဘာလုံးေလာကသို႔ ဝင္ေရာက္လာၿပီျဖစ္တဲ့ UFC ခ်န္ပီယံေဟာင္းခါဘစ္

UFC ခ်န္ပီယံေဟာင္းခါဘစ္ဟာ႐ုရွားတတိယတန္းကလပ္ႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုကာေဘာလုံးေလာကသို႔ဝင္ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

Lightweight ခ်န္ပီယံဟာလြန္ခဲ့တဲ့၁၀လတုန္းကUFCကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။သူဟာUFC ပြဲ၂၉ပြဲထိုးခဲ့ရာမွာပြဲအားလုံးအႏိုင္ရရွိၿပီးရႈံးပြဲမရွိမွတ္တမ္းနဲ႔အနားယူခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိခါဘစ္ဟာ UFCကစားသမားဘဝမွအနားယူၿပီးေနာက္ေဘာလုံးေလာကသို႔ဝင္ေရာက္ရန္အတြက္ေလ့က်င့္ခန္းဆင္းျခင္း၊ေဘာလုံးကစားျခင္းတို႔ျပဳလုပ္လာခဲ့သူလည္းျဖစ္ပါတယ္။

ယခုအခါမွာေတာ့UFC ခ်န္ပီယံေဟာင္းဟာ႐ုရွားတတိယတန္းကလပ္ လီဂ်ီယန္ဒိုင္နမိုႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

လီဂ်ီယန္ဒိုင္နမိုဟာၿပီးခဲ့ေဘာလုံးရာသီတုန္းကအမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ႏိုင္ခဲ့တဲ့အသင္းျဖစ္ပါတယ္။

ခါဘစ္ဟာလြန္ခဲ့တဲ့လအနည္းငယ္ခန႔္တုန္းကေဘာလုံးေလာကသို႔ဝင္ေရာက္မည္ဟုတရားဝင္ေၾကညာၿပီးေနာက္ကလပ္ေပါင္းမ်ားစြာတို႔ရဲ႕ကမ္းလွမ္းမႈမ်ားရရွိလာခဲ့တဲ့သူလည္းျဖစ္ပါတယ္။