ဘောလုံးသမားဘဝကို စွန့်ခွာပြီးတဲ့နောက် ‌ကြေးအမြင့်ဆုံးအပြာမင်းသားဖြစ်လာတဲ့ ဆောက်သမ်တန်အကယ်ဒမီထွက် ကစားသမား

ဆောက်သမ်တန်အကယ်ဒမီထွက်ကစားသမားတစ်ဦးဟာကံကောင်းမလှပစွာကစားသမားဘဝအဆုံးသတ်ခဲ့ရပြီးတဲ့နောက်အမှောင်လောကသို့ကူးပြောင်းပြီးပရော်ဖက်ရှင်နယ်ဘဝအကြီးမားဆုံးအလှည့်အပြောင်းပြုလုပ်ခဲ့ပါတယ်။

ဘောလုံးသမားဟောင်းဟာဆောက်သမ်တန်တွင်ဆယ်ကျော်သက်အရွယ်ကိုဖြတ်သန်းခဲ့သူဖြစ်ပြီးသူ့ရဲ့ပါရမီကြောင့်ချဲလ်ဆီး၊ဝက်စ်ဟမ်းနှင့်စပါးစ်တို့ရဲ့အပြိုင်ကမ်းလှမ်းမှုပါခံခဲ့ရပါသေးတယ်။ဒါပေမဲ့သူဟာယင်းကမ်းလှမ်းမှုအားလုံးကိုပယ်ချပြီးဆောက်သမ်တန်အပေါ်မှာဘဲသစ္စာရှိရှိလက်တွဲခဲ့ပါတယ်။

ယခုအခါအပြာစတားတစ်ဦးဖြစ်နေတဲ့ဒန်နီမောင်တိန်ဟာပါရမီရှင်လူငယ်လေးတစ်ဦးဖြစ်တာနဲ့အညီအလန်ဘော၊ဂျော့ဖ်ဟတ်စ်တို့ကဲ့သို့အောင်မြင်တဲ့ကစားသမားဘဝပိုင်ဆိုင်လာမယ်လို့ယူဆခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာအသက်၁၆နှစ်အရွယ်မှာဒူးဒဏ်ရာပြင်းထန်စွာရရှိသွားမှုနှင့်အတူသူ့ရဲ့ဘောလုံးသမားဘဝအိပ်မက်အဆုံးသတ်သွားခဲ့ရပါတယ်။

သူဟာဘောလုံးသမားဘဝအိပ်မက်အဆုံးသတ်သွားပြီးတဲ့နောက်လက်သမားဆရာအဖြစ်နဲ့ရှင်သန်ဖို့ လုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့သူဟာ Page Three မော်ဒယ်နှင့်ချစ်ကြိုက်ပြီးတဲ့နောက် အမှောင်လောကသို့ဝင်ရောက်ကာဘဝအလှည်အ့ပြောင်းဖြစ်လာခဲ့ပါတယ်။

မောင်တိန်ဟာဘောလုံးသမားအဖြစ်စတားတစ်ဦးဘဝမရောက်ခဲ့ပေမဲ့သူ့ရဲ့ဘောကျွမ်းကျင်မှုကိုအပြာလောကမှာပြသနိုင်ခဲ့ကာကြေးအမြင့်ဆုံးဗြိတိန်အပြာမင်းသားအဖြစ်ရပ်တည်ထားနိုင်ပါတယ်။

မောင်တိန်ဟာအပြာလောကမှနာမည်ကျော်မင်းသမီးတွေဖြစ်တဲ့မိုင်ယာမယ်ကိုဗာ၊အီဗာအန်ဂျီလီနာတို့နှင့်လက်ထပ်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ်မောင်တိန်ကတော့အပြာလောကသို့ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့မှုမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလုံးယုံကြည်နေပါတယ်။

သူဟာဘောလုံးလောကကိုလည်းမမေ့သေးပါဘူး။သူဟာဘောလုံးကွင်းကိုလည်းမမေ့သေးပါဘူး။ဟောလီးဝုဒ်စတားတွေဖြစ်ကြတဲ့ဗန်နီဂျုံးစ်၊ဂျေဆင်စတေဟမ်တို့နဲ့အပျော်ကစားလေ့ရှိပါတယ်။

ZawGyi









မောင်တိန်းဟာအပြာလောကမှနာမည်ကျော်မင်းသမီးတွေဖြစ်တဲ့မိုင်ယာမယ်ကိုဗာ၊အီဗာအန်ဂျီလီနာတို့နှင့်လက်ထပ်ခဲ့ပါသေးတယ်။

