ဘောလုံးသမားဘဝတုန်းကဝတ်ခဲ့တဲ့ အင်္ကျီဟောင်းများကို ရောင်းချလာတဲ့ အဒမ်ဂျွန်ဆင်

အဒမ်ဂျွန်ဆင်ရဲ့ချစ်သူဟာအင်္ဂလန်လက်ရွေးစင်ဟောင်းရဲ့ယခင်နာမည်ကျော်ကြားစဉ်ကဝတ်ဆင်ခဲ့တဲ့အင်္ကျီဟောင်းများကို အဟောင်းတန်း App ဖြစ်တဲ့ Depop မှာရောင်းချနေကာဘဝရပ်တည်နေပါတယ်။

အဒမ်ဂျွန်ဆင်ဟာအသက်၁၅နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့်အတူနေမှုကြောင့်ထောင်ကျခဲ့သူဖြစ်ပြီးယင်းဖြစ်ရပ်ကြောင့်၂၀၁၆ခုနှစ်တုန်းကချစ်သူစတေစီဖလိုအန်ဒါနဲ့လမ်းခွဲခဲ့ပါတယ်။ဒါပေမယ့်အဒမ်ဂျွန်ဆင်ဟာထွက်ကပြန်လွတ်လာပြီးနောက်စတေစီဖလိုအန်ဒါနှင့်ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

အဒမ်ဂျွန်ဆင်ဟာထောင်ကလွတ်လာပြီးနောက်ဘောလုံးသမားဘဝပြန်လည်စတင်နိုင်ရေးကြိုးပမ်းပေမယ့်သူ့ရဲ့လူ့ဂုဏ်သိက္ခာမဲ့လုပ်ရပ်ကြောင့်ခေါ်ယူလိုတဲ့ကလပ်မရှိခဲ့ပါဘူး။

ယခု၎င်းတို့နှစ်ဦးဟာယခင်ဝတ်ဆင်ခဲ့တဲ့အဝတ်အစားဟောင်းများကိုအဟောင်းထည်ဈေးဖြင့် Depop မှာရောင်းချလာပါတယ်။

Depop ဝက်ဘ်ဆိုက်မှာစတေစီအကောင့်ဖြင့် Dolce and Gabbana ထရက်ဆုဟောင်းကိုပေါင်၁၂၀ဖြင့်အရောင်းစာရင်းတင်ထားသလိုအခြားအမျိုးသားဝတ် D & G အင်္ကျီကိုလည်းအရောင်းစာရင်းတင်ထားပါတယ်။

လက်ရှိအချိန်တွင်စတေစီနှင့်အဒမ်ဂျွန်ဆင်တို့ဟာ အိမ်မွေးခွေးများကို Facebook ကနေအဓိကရောင်းချနေကြပါတယ်။

ဂျွန်ဆင်ဟာထောင်ကျနေစဉ်ကာလအတွင်း၂၀၁၇ခုနှစ်တုန်းက သူ့နေအိမ် Tollgate Lodge ကို ပေါင်၁.၇သန်းဖြင့်ရောင်းချခဲ့ပြီးကက်စတယ်အေဒင်တွင်အခန်း၇ခန်းပါနေအိမ်အားတည်ဆောက်ခဲ့ပါတယ်။လက်ရှိအချိန်တွင်ယင်းနေအိမ်တွင်၎င်းတို့ချစ်သူနှစ်ဦးနှင့်ကလေးနှစ်ဦးတို့နေထိုင်နေပါတယ်။

ZawGyi

ေဘာလုံးသမားဘဝတုန္းကဝတ္ခဲ့တဲ့ အက်ႌေဟာင္းမ်ားကို ေရာင္းခ်လာတဲ့ အဒမ္ဂြၽန္ဆင္

အဒမ္ဂြၽန္ဆင္ရဲ႕ခ်စ္သူဟာအဂၤလန္လက္ေ႐ြးစင္ေဟာင္းရဲ႕ယခင္နာမည္ေက်ာ္ၾကားစဥ္ကဝတ္ဆင္ခဲ့တဲ့အက်ႌေဟာင္းမ်ားကို အေဟာင္းတန္း App ျဖစ္တဲ့ Depop မွာေရာင္းခ်ေနကာဘဝရပ္တည္ေနပါတယ္။

အဒမ္ဂြၽန္ဆင္ဟာအသက္၁၅ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးႏွင့္အတူေနမႈေၾကာင့္ေထာင္က်ခဲ့သူျဖစ္ၿပီးယင္းျဖစ္ရပ္ေၾကာင့္၂၀၁၆ခုႏွစ္တုန္းကခ်စ္သူစေတစီဖလိုအန္ဒါနဲ႔လမ္းခြဲခဲဲ့ပါတယ္။ဒါေပမယ့္အဒမ္ဂြၽန္ဆင္ဟာထြက္ကျပန္လြတ္လာၿပီးေနာက္စေတစီဖလိုအန္ဒါႏွင့္ျပန္လည္ေပါင္းစည္းခဲ့ပါတယ္။

အဒမ္ဂြၽန္ဆင္ဟာေထာင္ကလြတ္လာၿပီးေနာက္ေဘာလုံးသမားဘဝျပန္လည္စတင္ႏိုင္ေရးႀကိဳးပမ္းေပမယ့္သူ႔ရဲ႕လူ႔ဂုဏ္သိကၡာမဲ့လုပ္ရပ္ေၾကာင့္ေခၚယူလိုတဲ့ကလပ္မရွိခဲ့ပါဘူး။

ယခု၎တို႔ႏွစ္ဦးဟာယခင္ဝတ္ဆင္ခဲ့တဲ့အဝတ္အစားေဟာင္းမ်ားကိုအေဟာင္းထည္ေဈးျဖင့္ Depop မွာေရာင္းခ်လာပါတယ္။

Depop ဝက္ဘ္ဆိုက္မွာစေတစီအေကာင့္ျဖင့္ Dolce and Gabbana ထရက္ဆုေဟာင္းကိုေပါင္၁၂၀ျဖင့္အေရာင္းစာရင္းတင္ထားသလိုအျခားအမ်ိဳးသားဝတ္ D & G အက်ႌကိုလည္းအေရာင္းစာရင္းတင္ထားပါတယ္။

လက္ရွိအခ်ိန္တြင္စေတစီႏွင့္အဒမ္ဂြၽန္ဆင္တို႔ဟာ အိမ္ေမြးေခြးမ်ားကို Facebook ကေနအဓိကေရာင္းခ်ေနၾကပါတယ္။

ဂြၽန္ဆင္ဟာေထာင္က်ေနစဥ္ကာလအတြင္း၂၀၁၇ခုႏွစ္တုန္းက သူ႔ေနအိမ္ Tollgate Lodge ကို ေပါင္၁.၇သန္းျဖင့္ေရာင္းခ်ခဲ့ၿပီးကက္စတယ္ေအဒင္တြင္အခန္း၇ခန္းပါေနအိမ္အားတည္ေဆာက္ခဲ့ပါတယ္။လက္ရွိအခ်ိန္တြင္ယင္းေနအိမ္တြင္၎တို႔ခ်စ္သူႏွစ္ဦးႏွင့္ကေလးႏွစ္ဦးတို႔ေနထိုင္ေနပါတယ္။