ဘောလုံးသမားဘဝမှ မူးယစ်ကုန်သည်ဖြစ်လာပြီးနောက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံလာရတဲ့ လီဗာပူးစတားဟောင်း

လီဗာပူးကစားသမားဟောင်းတစ်ဦးဟာဘောလုံးကစားသမားဘဝမှအနားယူကာမူးယစ်ကုန်သည်တစ်ဦးဖြစ်လာပြီးနောက် ထောင်ဒဏ်၈နှစ်ချမှတ်ခြင်းခံလာရပါတယ်။

လေတန်မက်စ်ဝဲလ်ဟာအသက်၁၉နှစ်အရွယ်တုန်းကလီဗာပူးအတွက်အန်ဖီးလ်တွင်ပထမဆုံးကစားတဲ့၁၉၉၉ခုနှစ်တုန်းကပွဲတွင်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အလယ်တန်းကစားသမားဟာစတီဗင်ဂျရတ်၊ဂျေမီကာရေဂါတို့နှင့်အတူလီဗာပူးအကယ်ဒမီစီမံကိန်းမှထွက်ပေါ်လာသူဖြစ်ပြီး အလာအလားကောင်းများစွာပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူ့ရဲ့ကစားသမားဘဝဟာထင်မှတ်ထားသလိုမဖြစ်လာခဲ့ဘဲ ၂၀၀၁ခုနှစ်တွင်လီဗာပူးမှထွက်ခွာလာခဲ့ရပြီးနောက်ကိုကင်းဂိုဏ်းတစ်ခုနှင့်ပူးပေါင်းခဲ့ပါတယ်။

ယခုအခါအသက်၄၃နှစ်ရှိပြီဖြစ်တဲ့လီဗာပူးကစားသမားဟောင်းဟာနေအိမ်အတွင်းရှိလျို့ဝှက်နေရာတစ်ခုတွင်ကိုကင်းပေါင်၆သန်းဖိုးသိုဝှက်ထားကြောင်းတွေ့ရှိရပြီးနောက်ထောင်ဒဏ်၈နှစ်ချမှတ်ခြင်းခံလာခဲ့ရပါတယ်။

မက်စ်ဝဲလ်ရဲ့တရားရုံးတွင်ထွက်ဆိုမှုအရသူဟာမူးယစ်ဆေးဝါးဂိုဏ်းတွင်တစ်လလျှင်ပေါင်၅၀၀နှုန်းဖြင့်ကယ်ရီလုပ်ဆောင်နေခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာမက်စ်ဝဲလ်ကိုဖမ်းဆီးထိန်းသိမ်းနိုင်ပြီးနောက်သူနဲ့ဆက်စပ်နေတဲ့မူးယစ်ဂိုဏ်းဝင် ၇ ဦးတို့ကိုလည်းဖမ်းဆီးနိုင်ခဲ့ပြီးအားလုံးကိုစုစုပေါင်းထောင်ဒဏ်နှစ်၈၀ချမှတ်ခဲ့ပါတယ်။

မက်စ်ဝဲလ်ဟာလည်းမူးယစ်ဆေးဝါးကုန်ကူးမှုတွင်ပါဝင်ကြောင်းဝန်ခံခဲ့ပြီးနောက်ထောင်ဒဏ်၈နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ေဘာလုံးသမားဘဝမွ မူးယစ္ကုန္သည္ျဖစ္လာၿပီးေနာက္ ေထာင္ဒဏ္ ၈ ႏွစ္ ခ်မွတ္ခံလာရတဲ့ လီဗာပူးစတားေဟာင္း

လီဗာပူးကစားသမားေဟာင္းတစ္ဦးဟာေဘာလုံးကစားသမားဘဝမွအနားယူကာမူးယစ္ကုန္သည္တစ္ဦးျဖစ္လာၿပီးေနာက္ ေထာင္ဒဏ္၈ႏွစ္ခ်မွတ္ျခင္းခံလာရပါတယ္။

ေလတန္မက္စ္ဝဲလ္ဟာအသက္၁၉ႏွစ္အ႐ြယ္တုန္းကလီဗာပူးအတြက္အန္ဖီးလ္တြင္ပထမဆုံးကစားတဲ့၁၉၉၉ခုႏွစ္တုန္းကပြဲတြင္ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

အလယ္တန္းကစားသမားဟာစတီဗင္ဂ်ရတ္၊ေဂ်မီကာေရဂါတို႔ႏွင့္အတူလီဗာပူးအကယ္ဒမီစီမံကိန္းမွထြက္ေပၚလာသူျဖစ္ၿပီး အလာအလားေကာင္းမ်ားစြာပိုင္ဆိုင္ထားခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူ႔ရဲ႕ကစားသမားဘဝဟာထင္မွတ္ထားသလိုမျဖစ္လာခဲ့ဘဲ ၂၀၀၁ခုႏွစ္တြင္လီဗာပူးမွထြက္ခြာလာခဲ့ရၿပီးေနာက္ကိုကင္းဂိုဏ္းတစ္ခုႏွင့္ပူးေပါင္းခဲ့ပါတယ္။

ယခုအခါအသက္၄၃ႏွစ္ရွိၿပီျဖစ္တဲ့လီဗာပူးကစားသမားေဟာင္းဟာေနအိမ္အတြင္းရွိလ်ိဳ႕ဝွက္ေနရာတစ္ခုတြင္ကိုကင္းေပါင္၆သန္းဖိုးသိုဝွက္ထားေၾကာင္းေတြ႕ရွိရၿပီးေနာက္ေထာင္ဒဏ္၈ႏွစ္ခ်မွတ္ျခင္းခံလာခဲ့ရပါတယ္။

မက္စ္ဝဲလ္ရဲ႕တရား႐ုံးတြင္ထြက္ဆိုမႈအရသူဟာမူးယစ္ေဆးဝါးဂိုဏ္းတြင္တစ္လလွ်င္ေပါင္၅၀၀ႏႈန္းျဖင့္ကယ္ရီလုပ္ေဆာင္ေနခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

ရဲတပ္ဖြဲ႕ဝင္မ်ားဟာမက္စ္ဝဲလ္ကိုဖမ္းဆီးထိန္းသိမ္းႏိုင္ၿပီးေနာက္သူနဲ႔ဆက္စပ္ေနတဲ့မူးယစ္ဂိုဏ္းဝင္ ၇ ဦးတို႔ကိုလည္းဖမ္းဆီးႏိုင္ခဲ့ၿပီးအားလုံးကိုစုစုေပါင္းေထာင္ဒဏ္ႏွစ္၈၀ခ်မွတ္ခဲ့ပါတယ္။

မက္စ္ဝဲလ္ဟာလည္းမူးယစ္ေဆးဝါးကုန္ကူးမႈတြင္ပါဝင္ေၾကာင္းဝန္ခံခဲ့ၿပီးေနာက္ေထာင္ဒဏ္၈ႏွစ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။