ဘောလုံးသမားများ ဖောက်ထွင်းခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ရန် လီဗာပူးစတားတီယာဂိုရဲ့ကြိုးပမ်းမှု ငြင်းပယ်ခံရ

လီဗာပူးစတားတီယာဂိုအယ်ကန်တာရာဟာဘောလုံးသမားများရဲ့နေအိမ်များ ဖောက်ထွင်းခြင်းခံခဲ့ရပြီးနောက်နေအိမ်လုံခြုံရေးတိုးမြှင့်ရန်ကြိုးပမ်းခဲ့ပေမဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။

အသက်၃၀နှစ်ရှိစပိန်အလယ်တန်းကစားသမားဟာ၎င်းနေထိုင်ရာဧရိယာမှ ဘောလုံးသမားများရဲ့အိမ်များဖောက်ထွင်းခံရပြီးနောက်ပေါင်၃.၈၅သန်းတန်နေအိမ်မှ ခြံစည်းရိုးတွင် အစူးအချွန်များတပ်ကာအဆင့်မြှင့်မှုပြုလုပ်လိုနေခဲ့ပါတယ်။

ဒါပေမဲ့သူ့ရဲ့အစီအစဉ်ကိုပယ်ချခြင်းခံခဲ့ရသလို ခြောက်ပေရှိ အလူမီနီယံဂိတ်တံခါးများတပ်ဆင်ရန်ကြိုးပမ်းမှုလည်းပယ်ချခံခဲ့ရပါတယ်။

ယင်းဂိတ်များမှာစစ်တပ်သုံးအဆင့် ဂိတ်ဖြစ်နေခြင်းကြောင့် ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။

တီယာဂိုဟာချီရှိုင်းယားရှိကနပ်ဖို့ဒ်ရှိနေအိမ်ကိုပြီးခဲ့တဲ့ဇူလိုင်လတုန်းကဝယ်ယူခဲ့တာဖြစ်ပြီးဇနီးသည်ဂျူလီယာဗီဂက်စ်၊ကလေးနှစ်ဦးတို့နှင့်အတူနေထိုင်နေပါတယ်။

ZawGyi

ေဘာလုံးသမားမ်ား ေဖာက္ထြင္းခံရၿပီးေနာက္ လုံၿခဳံေရးတိုးျမႇင့္ရန္ လီဗာပူးစတားတီယာဂိုရဲ႕ႀကိဳးပမ္းမႈ ျငင္းပယ္ခံရ

လီဗာပူးစတားတီယာဂိုအယ္ကန္တာရာဟာေဘာလုံးသမားမ်ားရဲ႕ေနအိမ္မ်ား ေဖာက္ထြင္းျခင္းခံခဲ့ရၿပီးေနာက္ေနအိမ္လုံၿခဳံေရးတိုးျမႇင့္ရန္ႀကိဳးပမ္းခဲ့ေပမဲ့ ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အသက္၃၀ႏွစ္ရွိစပိန္အလယ္တန္းကစားသမားဟာ၎ေနထိုင္ရာဧရိယာမွ ေဘာလုံးသမားမ်ားရဲ႕အိမ္မ်ားေဖာက္ထြင္းခံရၿပီးေနာက္ေပါင္၃.၈၅သန္းတန္ေနအိမ္မွ ၿခံစည္း႐ိုးတြင္ အစူးအခြၽန္မ်ားတပ္ကာအဆင့္ျမႇင့္မႈျပဳလုပ္လိုေနခဲ့ပါတယ္။

ဒါေပမဲ့သူ႔ရဲ႕အစီအစဥ္ကိုပယ္ခ်ျခင္းခံခဲ့ရသလို ေျခာက္ေပရွိ အလူမီနီယံဂိတ္တံခါးမ်ားတပ္ဆင္ရန္ႀကိဳးပမ္းမႈလည္းပယ္ခ်ခံခဲ့ရပါတယ္။

ယင္းဂိတ္မ်ားမွာစစ္တပ္သုံးအဆင့္ ဂိတ္ျဖစ္ေနျခင္းေၾကာင့္ ပိတ္ပင္လိုက္တာလည္းျဖစ္ပါတယ္။

တီယာဂိုဟာခ်ီရႈိင္းယားရွိကနပ္ဖို႔ဒ္ရွိေနအိမ္ကိုၿပီးခဲ့တဲ့ဇူလိုင္လတုန္းကဝယ္ယူခဲ့တာျဖစ္ၿပီးဇနီးသည္ဂ်ဴလီယာဗီဂက္စ္၊ကေလးႏွစ္ဦးတို႔ႏွင့္အတူေနထိုင္ေနပါတယ္။