ဘောလုံးသမိုင်းတွင် ကံအဆိုးဆုံးကစားသမား

မိုက်ကယ်ဘောလက်ဟာကစားသမားဘဝတုန်းကဘောလုံးလောကရဲ့အကြီးမားဆုံးဆုတံဆိပ်များဆွတ်ခူးဖို့အနီးဆုံးအနေအထားမှာရှိနေခဲ့ပေမယ့်ဗိုလ်လုပွဲကျမှကပ်ပြီးလွဲခဲ့ရတဲ့ ဘောလုံးလောကရဲ့ကံအဆိုးဆုံးကစားသမားဖြစ်နေပါတယ်။

လေဗာကူဆင်၊ဘိုင်ယန်မြူးနစ်နှင့်ချဲလ်ဆီးကစားသမားဟောင်းဟာအောင်မြင်တဲ့ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။သူဟာဘွန်ဒက်စ်လီဂါမှာကစားတုန်းကဂျာမနီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုသုံးကြိမ်ဆွတ်ခူးခဲ့တဲ့အပြင်ချဲလ်ဆီးနှင့်အတူပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားတို့ဆွတ်ခူးနိုင်ခဲ့တဲ့သူပါ။

သူဟာဂျာမနီအသင်းအတွက်၉၈ပွဲကစားကာ၄၂ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာကစားသမားဘဝတုန်းကကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်လည်းရပ်တည်နိုင်ခဲ့သူပါ။ဒါပေမယ့်ဆုဖလားရရှိမှုအပိုင်းမှာတော့မိုက်ကယ်ဘောလက်ဟာထင်သလောက်မရရှိခဲ့ပါဘူး။တကယ်တော့သူဟာဆုဖလားပေါင်းများစွာရရှိနိုင်မယ့်အခွင့်အရေးလည်းကြုံခဲ့ပါတယ်။ဒါပေမယ့်ဗိုလ်လုပွဲမှာမှရှုံးပြီးလွဲခဲ့ရပါတယ်။

၂၀၀၁-၀၂ ရာသီကသာဓကတစ်ခုပါ။သူ့ရဲ့လေဗာကူဆင်ဟာရာသိသိမ်းပွဲမှာမှဘွန်ဒက်စ်လီဂါဖလားနဲ့လွဲခဲ့ပါတယ်။လေဗာကူဆင်ဟာရာသီကုန်ဖို့သုံးပွဲအလိုမှာရမှတ်၅မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့်လည်းရာသီသိမ်းချိန်မှာဒေါ့မွန်အောက်ဒုတိယနေရာမှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။

ယင်းရာသီမှာဘဲလေဗာကူဆင်ဟာဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲမှာရှော်လ်ကေးကို၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်းရီးရဲလ်မက်ဒရစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဇီဒန်းရဲ့ပဥ္စလက်ဂိုးကြောင့်ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တာပါ။

ယင်းရာသီအပြီးနွေရာသီမှာကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းဘောလက်မှာကံဆိုးမှုကြုံခဲ့ရပြန်ပါတယ်။ဘောလက်ရဲ့ဂျာမနီဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဘရာဇီးကိုရှုံးနိမ့်ခဲ့ပါတယ်။

ဘောလက်ဟာ၂၀၀၂ခုနှစ်ရဲ့ယူအီးအက်ဖ်အေအကောင်းဆုံးအသင်းမှာရွေးချယ်ခြင်းခံခဲ့ရပြီးလေဗာကူဆင်ကနေဘိုင်ယန်မြူးနစ်သို့ပြောင်းခဲ့ပါတယ်။

၂၀၀၇-၀၈ရာသီမှာသံသရာတစ်ပတ်လည်ပြီးဘောလက်ရဲ့ကံဆိုးမှုတစ်ကျော့ပြန်ရောက်လာခဲ့ပါတယ်။ဘောလက်ရဲ့ချဲလ်ဆီးဟာရာသီသိမ်းပွဲမှာဆာအဲလက်စ်ဖာဂူဆန်ရဲ့မန်ယူကိုပရီးမီးယားလိဂ်ဖလားဆုံးရှုံးခဲ့ပါတယ်။ဒါ့အပြင်ချဲလ်ဆီးဟာလိဂ်ဖလားဗိုလ်လုပွဲမှာမြို့ခံပြိုင်ဘက်စပါးစ်ကိုရှုံးခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်းဖာဂူဆန်ရဲ့မန်ယူကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။

ဘောလက်ရဲ့ကံဆိုးမှုကမရပ်သေးပါဘူး။

၂၀၀၈ခုနှစ်၊ဇွန်လမှာဘောလက်ရဲ့ဂျာမနီဟာယူရို၂၀၀၈ဗိုလ်လုပွဲမှာအာရာဂိုးနက်စ်ရဲ့စပိန်အသင်းကိုထပ်ရှုံးခဲ့ပြန်ပါတယ်။

ဒါတွေကိုကြည့်လိုက်ရင်ဘောလက်ဟာဘယ်လောက်အထိကံဆိုးတဲ့ကစားသမားလဲဆိုတာမြင်တွေ့နိုင်ပါတယ်။ဘောလက်ထက်ကံဆိုးတဲ့ဘောလုံးသမား ဘောလုံးသမိုင်းမှာရှိပါဦးမလား?

ZawGyi

ေဘာလုံးသမိုင္းတြင္ ကံအဆိုးဆုံးကစားသမား

မိုက္ကယ္ေဘာလက္ဟာကစားသမားဘဝတုန္းကေဘာလုံးေလာကရဲ႕အႀကီးမားဆုံးဆုတံဆိပ္မ်ားဆြတ္ခူးဖို႔အနီးဆုံးအေနအထားမွာရွိေနခဲ့ေပမယ့္ဗိုလ္လုပြဲက်မွကပ္ၿပီးလြဲခဲ့ရတဲ့ ေဘာလုံးေလာကရဲ႕ကံအဆိုးဆုံးကစားသမားျဖစ္ေနပါတယ္။

ေလဗာကူဆင္၊ဘိုင္ယန္ျမဴးနစ္ႏွင့္ခ်ဲလ္ဆီးကစားသမားေဟာင္းဟာေအာင္ျမင္တဲ့ကစားသမားဘဝကိုပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။သူဟာဘြန္ဒက္စ္လီဂါမွာကစားတုန္းကဂ်ာမနီတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုသုံးႀကိမ္ဆြတ္ခူးခဲ့တဲ့အျပင္ခ်ဲလ္ဆီးႏွင့္အတူပရီးမီးယားလိဂ္ဖလား၊အက္ဖ္ေအဖလားတို႔ဆြတ္ခူးႏိုင္ခဲ့တဲ့သူပါ။

သူဟာဂ်ာမနီအသင္းအတြက္၉၈ပြဲကစားကာ၄၂ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာကစားသမားဘဝတုန္းကကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္လည္းရပ္တည္ႏိုင္ခဲ့သူပါ။ဒါေပမယ့္ဆုဖလားရရွိမႈအပိုင္းမွာေတာ့မိုက္ကယ္ေဘာလက္ဟာထင္သေလာက္မရရွိခဲ့ပါဘူး။တကယ္ေတာ့သူဟာဆုဖလားေပါင္းမ်ားစြာရရွိႏိုင္မယ့္အခြင့္အေရးလည္းႀကဳံခဲ့ပါတယ္။ဒါေပမယ့္ဗိုလ္လုပြဲမွာမွရႈံးၿပီးလြဲခဲ့ရပါတယ္။

၂၀၀၁-၀၂ ရာသီကသာဓကတစ္ခုပါ။သူ႔ရဲ႕ေလဗာကူဆင္ဟာရာသိသိမ္းပြဲမွာမွဘြန္ဒက္စ္လီဂါဖလားနဲ႔လြဲခဲ့ပါတယ္။ေလဗာကူဆင္ဟာရာသီကုန္ဖို႔သုံးပြဲအလိုမွာရမွတ္၅မွတ္ျဖတ္ထားႏိုင္ခဲ့ေပမယ့္လည္းရာသီသိမ္းခ်ိန္မွာေဒါ့မြန္ေအာက္ဒုတိယေနရာမွာဘဲရပ္တည္ႏိုင္ခဲ့ပါတယ္။

ယင္းရာသီမွာဘဲေလဗာကူဆင္ဟာဂ်ာမန္ပိုကယ္ဖလားဗိုလ္လုပြဲမွာေရွာ္လ္ေကးကို၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့သလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္းရီးရဲလ္မက္ဒရစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ဇီဒန္းရဲ႕ပၪၥလက္ဂိုးေၾကာင့္ရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ခဲ့တာပါ။

ယင္းရာသီအၿပီးေႏြရာသီမွာက်င္းပတဲ့ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္းေဘာလက္မွာကံဆိုးမႈႀကဳံခဲ့ရျပန္ပါတယ္။ေဘာလက္ရဲ႕ဂ်ာမနီဟာကမာၻ႔ဖလားဗိုလ္လုပြဲမွာဘရာဇီးကိုရႈံးနိမ့္ခဲ့ပါတယ္။

ေဘာလက္ဟာ၂၀၀၂ခုႏွစ္ရဲ႕ယူအီးအက္ဖ္ေအအေကာင္းဆုံးအသင္းမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီးေလဗာကူဆင္ကေနဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းခဲ့ပါတယ္။

၂၀၀၇-၀၈ရာသီမွာသံသရာတစ္ပတ္လည္ၿပီးေဘာလက္ရဲ႕ကံဆိုးမႈတစ္ေက်ာ့ျပန္ေရာက္လာခဲ့ပါတယ္။ေဘာလက္ရဲ႕ခ်ဲလ္ဆီးဟာရာသီသိမ္းပြဲမွာဆာအဲလက္စ္ဖာဂူဆန္ရဲ႕မန္ယူကိုပရီးမီးယားလိဂ္ဖလားဆုံးရႈံးခဲ့ပါတယ္။ဒါ့အျပင္ခ်ဲလ္ဆီးဟာလိဂ္ဖလားဗိုလ္လုပြဲမွာၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္ကိုရႈံးခဲ့ပါတယ္။ဒါတင္မကေသးပါဘူး။ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္းဖာဂူဆန္ရဲ႕မန္ယူကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာဒုတိယျဖင့္သာေက်နပ္ခဲ့ရပါတယ္။

ေဘာလက္ရဲ႕ကံဆိုးမႈကမရပ္ေသးပါဘူး။

၂၀၀၈ခုႏွစ္၊ဇြန္လမွာေဘာလက္ရဲ႕ဂ်ာမနီဟာယူ႐ို၂၀၀၈ဗိုလ္လုပြဲမွာအာရာဂိုးနက္စ္ရဲ႕စပိန္အသင္းကိုထပ္ရႈံးခဲ့ျပန္ပါတယ္။

ဒါေတြကိုၾကည့္လိုက္ရင္ေဘာလက္ဟာဘယ္ေလာက္အထိကံဆိုးတဲ့ကစားသမားလဲဆိုတာျမင္ေတြ႕ႏိုင္ပါတယ္။ေဘာလက္ထက္ကံဆိုးတဲ့ေဘာလုံးသမား ေဘာလုံးသမိုင္းမွာရွိပါဦးမလား?