ဘောလုံးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူအဖြစ် မှတ်တမ်းရေးထိုးလာနိုင်ပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဆက်စ်ဆူလိုအားဂျူဗင်တပ်က၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်ပူးတွဲရပ်တည် လာနိုင်ခဲ့ပါတယ်။

အသက်၃၅နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာကလပ်နှင့်နိုင်ငံအတွက်သွင်းဂိုး၇၅၉ဂိုးဖြင့်ဂျိုးဆက်ဖ်ဘီကန်နှင့်အတူဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်လာနိုင်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဒါနဲ့ပတ်သက်ပြီးအငြင်းပွားစရာကတော့ရှိနေပါဦးမယ်။ဘာကြောင့်လဲဆိုတော့ဘရာဇီးဂန္ထဝင် ပီလီကသူ့သွင်းဂိုးကဂိုး၁၀၀၀ကျော်တယ်ဆိုပြီးအတင်းငြင်းနေလို့ဖြစ်ပါတယ်။ပီလီဟာပြိုင်ပွဲမဟုတ်တဲ့ ခြေစမ်းပွဲနှင့်ဖိတ်ခေါ်ပွဲတို့မှာသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ကိုလည်းထည့်သွင်းပြီးတွက်ချက်ကာသူသာ ဘောလုံးသမိုင်းမှာဂိုးအများဆုံးသွင်းယူသူဖြစ်တယ်လို့ဆိုထားတာဖြစ်ပါတယ်။

ဒါပေမယ့်တူရင်ညမှာခရစ္စတီယာနိုရော်နယ်ဒိုဟာတရားဝင်ပွဲများမှာဂိုးအများဆုံးသွင်းယူသူဖြစ်လာ တယ်ဆိုတာကတော့ငြင်းစရာမရှိပါဘူး။

ဂျူဗင်တပ်ဟာဆက်စ်ဆူလိုနိုင်ပွဲကြောင့်စီးရီးအေအမှတ်ပေးဇယားအဆင့်၄နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်ဟာပထမပိုင်းမှာအခွင့်အရေးဖန်တီးနိုင်ဖို့ရုန်းကန်ခဲ့ရပေမယ့်ပထမပိုင်းမပြီးခင်မှာချီယေးဆာကိုကြမ်းတမ်းစွာကစားလို့ပီဒရိုအိုဘိန်းအထုတ်ခံရပြီးနောက်တစ်ယောက်အသာနဲ့ကစားခွင့်ရလာပါတယ်။ ပွဲချိန်၅၀မိနစ်မှာဒါနီလိုကဦးဆောင်ဂိုးသွင်းခဲ့ပေမယ့်တစ်ယောက်လျှော့ဆက်စ်ဆူလိုကဒီဖရေးရဲ့ဂိုးနဲ့ ချေပဂိုးရခဲ့ပါတယ်။ပွဲချိန်၈၂မိနစ်မှာရမ်ဆေးကဒီရာသီသူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူကာဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ဂျူဗင်တပ်အတွက်အနိုင်သေချာစေမယ့်ဂိုးကိုနာကျင်အချိန်ပိုမှာသွင်းခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းဂိုးကြောင့်သွင်းဂိုး၁၅ဂိုးဖြင့်စီးရီးအေဂိုးသွင်းဘုရင်အဖြစ်ရပ်တည်လာနိုင်ပါတယ်။

ZawGyi

ေဘာလုံးသမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူအျဖစ္ မွတ္တမ္းေရးထိုးလာႏိုင္ၿပီျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဆက္စ္ဆူလိုအားဂ်ဴဗင္တပ္က၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူအျဖစ္ပူးတြဲရပ္တည္ လာႏိုင္ခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာကလပ္ႏွင့္ႏိုင္ငံအတြက္သြင္းဂိုး၇၅၉ဂိုးျဖင့္ဂ်ိဳးဆက္ဖ္ဘီကန္ႏွင့္အတူေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္လာႏိုင္တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဒါနဲ႔ပတ္သက္ၿပီးအျငင္းပြားစရာကေတာ့ရွိေနပါဦးမယ္။ဘာေၾကာင့္လဲဆိုေတာ့ဘရာဇီးဂႏၴဝင္ ပီလီကသူ႔သြင္းဂိုးကဂိုး၁၀၀၀ေက်ာ္တယ္ဆိုၿပီးအတင္းျငင္းေနလို႔ျဖစ္ပါတယ္။ပီလီဟာၿပိဳင္ပြဲမဟုတ္တဲ့ ေျခစမ္းပြဲႏွင့္ဖိတ္ေခၚပြဲတို႔မွာသြင္းယူခဲ့တဲ့ဂိုးအေရအတြက္ကိုလည္းထည့္သြင္းၿပီးတြက္ခ်က္ကာသူသာ ေဘာလုံးသမိုင္းမွာဂိုးအမ်ားဆုံးသြင္းယူသူျဖစ္တယ္လို႔ဆိုထားတာျဖစ္ပါတယ္။

ဒါေပမယ့္တူရင္ညမွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာတရားဝင္ပြဲမ်ားမွာဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာ တယ္ဆိုတာကေတာ့ျငင္းစရာမရွိပါဘူး။

ဂ်ဴဗင္တပ္ဟာဆက္စ္ဆူလိုႏိုင္ပြဲေၾကာင့္စီးရီးေအအမွတ္ေပးဇယားအဆင့္၄ေနရာသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာပထမပိုင္းမွာအခြင့္အေရးဖန္တီးႏိုင္ဖို႔႐ုန္းကန္ခဲ့ရေပမယ့္ပထမပိုင္းမၿပီးခင္မွာခ်ီေယးဆာကိုၾကမ္းတမ္းစြာကစားလို႔ပီဒ႐ိုအိုဘိန္းအထုတ္ခံရၿပီးေနာက္တစ္ေယာက္အသာနဲ႔ကစားခြင့္ရလာပါတယ္။ ပြဲခ်ိန္၅၀မိနစ္မွာဒါနီလိုကဦးေဆာင္ဂိုးသြင္းခဲ့ေပမယ့္တစ္ေယာက္ေလွ်ာ့ဆက္စ္ဆူလိုကဒီဖေရးရဲ႕ဂိုးနဲ႔ ေခ်ပဂိုးရခဲ့ပါတယ္။ပြဲခ်ိန္၈၂မိနစ္မွာရမ္ေဆးကဒီရာသီသူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းယူကာဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ဂ်ဴဗင္တပ္အတြက္အႏိုင္ေသခ်ာေစမယ့္ဂိုးကိုနာက်င္အခ်ိန္ပိုမွာသြင္းခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းဂိုးေၾကာင့္သြင္းဂိုး၁၅ဂိုးျဖင့္စီးရီးေအဂိုးသြင္းဘုရင္အျဖစ္ရပ္တည္လာႏိုင္ပါတယ္။