ဘောလုံးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ တရားဝင်ဖြစ်လာပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ယခုအခါ ခရစ္စတီယာနိုရော်နယ်ဒိုဟာဘောလုံးသမိုင်းတွင်ကလပ်နှင့်နိုင်ငံအတွက်ဂိုးအများဆံဒးသွင်းယူအဖြစ် သမိုင်းဝင်မှတ်တမ်းကြီးတစ်ခုရေးထိုးလိုက်နိုင်ပြီဖြစ်ပါတယ်။

Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့အပတ်တုန်းကဆက်စ်ဆူလိုနှင့်ပွဲ တွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပီလီရဲ့၇၅၇ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးဂျိုးဆက်ဖ်ဘီကန်ရဲ့ဘောလုံးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူစံချိန်ကိုလိုက်မီခဲ့ပါတယ်။ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာ၁၉၃၁နှင့်၁၉၅၅ခုနှစ်အ တွင်းတွင်၇၅၉ဂိုးသွင်းယူခဲ့တဲ့ဩစတြီးယား-ချက်ဂန္ထဝင်ရဲ့ဂိုးစံချိန်ကိုကျော်ဖြတ်ကာစံချိန်သစ်သမိုင်းသစ်ရေးထိုး လာပြီဖြစ်ပါတယ်။

ဂျူဗင်တပ်စူပါစတားဟာမနေ့ညတုန်းကနာပိုလီကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့စူပါကိုပါအီတာလီယာဖလားပွဲမှာဂျူဗင် တပ်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းဂိုးကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝတစ် လျှောက်သွင်းဂိုး၇၆၀ရှိလာပြီဖြစ်ပါတယ်။

အသက်၃၅နှစ်ရှိရော်နယ်ဒိုဟာ၁၀၄၀ပွဲဖြင့်၇၆၀ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်အတွက်၄၅၀ဂိုး၊မန်ယူအတွက်၁၁၈ိုး၊ပေါ်တူဂီလက်ရွေးစင်အတွက်၁၀၂ဂိုး၊ဂျူဗင်တပ်အတွက်၈၅ဂိုးနှင့်စပို့တင်းလစ္စဘွန်းအတွက်၅ဂိုးအသီးသီးသွင်းယူထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကဂိုး၇၆၀ဖြင့်ဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရေးထိုးလိုက်မှုကိုဘရာဇီး ဂန္ထဝင်ပီလီကလက်ခံမယ့်ပုံမရှိပါဘူး။ပီလီကခြေစမ်းပွဲများတွင်ပါသွင်းယူတဲ့ဂိုးများကိုပါထည့်တွက်ကာ၁၂၈၃ဂိုးဖြင့် ဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေကြောင်းကြွေးကြော်နေပါတယ်။

ZawGyi

ေဘာလုံးသမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူသူ တရားဝင္ျဖစ္လာၿပီျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ယခုအခါ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဘာလုံးသမိုင္းတြင္ကလပ္ႏွင့္ႏိုင္ငံအတြက္ဂိုးအမ်ားဆံဒးသြင္းယူအျဖစ္ သမိုင္းဝင္မွတ္တမ္းႀကီးတစ္ခုေရးထိုးလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့အပတ္တုန္းကဆက္စ္ဆူလိုႏွင့္ပြဲ တြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ပီလီရဲ႕၇၅၇ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးဂ်ိဳးဆက္ဖ္ဘီကန္ရဲ႕ေဘာလုံးသမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္ကိုလိုက္မီခဲ့ပါတယ္။ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၁၉၃၁ႏွင့္၁၉၅၅ခုႏွစ္အ တြင္းတြင္၇၅၉ဂိုးသြင္းယူခဲ့တဲ့ဩစႀတီးယား-ခ်က္ဂႏၴဝင္ရဲ႕ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ကာစံခ်ိန္သစ္သမိုင္းသစ္ေရးထိုး လာၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စူပါစတားဟာမေန႔ညတုန္းကနာပိုလီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့စူပါကိုပါအီတာလီယာဖလားပြဲမွာဂ်ဴဗင္ တပ္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းဂိုးေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားသမားဘဝတစ္ ေလွ်ာက္သြင္းဂိုး၇၆၀ရွိလာၿပီျဖစ္ပါတယ္။

အသက္၃၅ႏွစ္ရွိေရာ္နယ္ဒိုဟာ၁၀၄၀ပြဲျဖင့္၇၆၀ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္အတြက္၄၅၀ဂိုး၊မန္ယူအတြက္၁၁၈ိုး၊ေပၚတူဂီလက္ေ႐ြးစင္အတြက္၁၀၂ဂိုး၊ဂ်ဴဗင္တပ္အတြက္၈၅ဂိုးႏွင့္စပို႔တင္းလစၥဘြန္းအတြက္၅ဂိုးအသီးသီးသြင္းယူထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကဂိုး၇၆၀ျဖင့္ေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ေရးထိုးလိုက္မႈကိုဘရာဇီး ဂႏၴဝင္ပီလီကလက္ခံမယ့္ပုံမရွိပါဘူး။ပီလီကေျခစမ္းပြဲမ်ားတြင္ပါသြင္းယူတဲ့ဂိုးမ်ားကိုပါထည့္တြက္ကာ၁၂၈၃ဂိုးျဖင့္ ေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနေၾကာင္းေႂကြးေၾကာ္ေနပါတယ္။