
မန်စီးတီးဟာဘောလုံးသမိုင်းတွင်၁ဘီလီယံတန်ပထမအသင်းပိုင်ဆိုင်တဲ့အသင်းဖြစ်လာပြီးနောက်သမိုင်းတစ်လျှောက်တန်ဖိုးအကြီးဆုံးအသင်းဖြစ်လာပါတယ်။
မန်စီးတီးဟာနည်းပြဂွါဒီယိုလာရဲ့လက်အောက်တွင်အသင်းကိုငွေကြေးများစွာရင်းနှီးမြှပ်နှံပြီးနောက်နောက်ဆုံးငါးနှစ်တွင်ပရီးမီးယားလိဂ်ဖလား၄ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အာလင်းဟာလန်း၊ကီဗင်ဖီးလစ်၊မန်နူရယ်အေကန်ဂျီ၊ဆာဂျီယိုဂိုမက်ဇ်တို့ကိုပေါင်၁၂၅သန်းအသုံးပြုခဲ့ကာခေါ်ယူခဲ့ပါတယ်။
ယခုအခါမန်စီးတီးအသင်းရဲ့ပထမအသင်းစုစုပေါင်းတန်ဖိုးမှာပေါင်၁.၀၇၆ဘီလီယံအထိရှိလာပြီဖြစ်သလို လုပ်ခမှာလည်းပေါင်၃၅၄သန်းအထိရှိလာပါတယ်။
မန်စီးတီးဟာနွေရာသီတုန်းကငွေများစွာသုံးစွဲခဲ့ပေမဲ့ကစားသမားရောင်းချမှုမှပေါင်သန်း၆၈သန်းအထိအမြတ်ရခဲ့ပါတယ်။
၎င်းတို့ဟာရာဟမ်းစတာလင်း၊ဂါဘရီရယ်ဂျေဆူး၊ဇင်ချင်ကိုတို့ကဲ့စတားများအပြင်ဂါဗင်ဘရာဇူနူ၊ဂျူအန်လာရီယို့စ်၊ရိုမီယိုလာဗီယာ၊ဆင်မြူရယ်အီဒိုဇီတို့ကိုလည်းရောင်းချခဲ့ပါတယ်။
မန်စီးတီးဟာအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားများစွာရောင်းချမှုနှင့်အတူကလပ်ဝင်ငွေပေါင်၆၁၃.၀သန်းအထိရရှိခဲ့ပြီးပေါင်၄၁.၇သန်းအမြတ်ပေါ်ခဲ့ပါတယ်။
ZawGyi
ဘောလုံးသမိုင်းတွင် ပထမဆုံး ၁ ဘီလီယံတန်လူအင်အားပိုင်ဆိုင်တဲ့အသင်းဖြစ်လာတဲ့ မန်စီးတီး
မန်စီးတီးဟာနည်းပြဂွါဒီယိုလာရဲ့လက်အောက်တွင်အသင်းကိုငွေကြေးများစွာရင်းနှီးမြှပ်နှံပြီးနောက်နောက်ဆုံးငါးနှစ်တွင်ပရီးမီးယားလိဂ်ဖလား၎ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။