ဘောလုံးသမိုင်းတွင် လုပ်ခအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာတော့မယ့် ချဲလ်ဆီးစတား

ချဲလ်ဆီးစတားအန်တိုနီယိုရူဒီဂါဟာကမ္ဘာ့လုပ်ခအများဆုံးနောက်ခံလူဖြစ်လာရန်အတွက်ချဲလ်ဆီးမှထွက်ခွာဖို့ရှိနေပါတယ်။ဂျူဗင်တပ်နှင့်ဘိုင်ယန်မြူးနစ်တို့ဟာရူဒီဂါအားတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀တန်စာချုပ်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးချဲလ်ဆီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်ပြေခြင်းမရှိပါဘူး။သူဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးပြီးအကြိုစာချုပ်ချုပ်ဆိုထားနိုင်ပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရရူဒီဂါဟာလာမယ့်နွေရာသီမှာဘယ်ကလပ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းပါကတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀အထိရရှိကာကမ္ဘာ့လုပ်ခအများဆုံးနောက်ခံလူဖြစ်လာမှာဖြစ်ကြောင်းသိရပါတယ်။

ဘိုင်ယန်မြူးနစ်နှင့်ဂျူဗင်တပ်တို့ဟာရူဒီဂါအားပြောင်းရွှေ့ကြေးတစ်စုံတစ်ရာပေးရန်မလိုဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မှာဖြစ်တာကြောင့်ယင်းသို့အထိမြင့်မားတဲ့လုပ်ခပေးရန်အသင့်ရှိနေတာလည်းဖြစ်ပါတယ်။

အန်တိုနီရူဒီဂါဟာချဲလ်ဆီးတွင်တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀သာရရှိနေသူဖြစ်ပြီးချဲလ်ဆီးဘက်ကစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၁၃၀၀၀၀ဖြင့်သာကမ်းလှမ်းခြင်းခံထားရပါတယ်။

ရူဒီဂါက၎င်းမှာလည်းကလပ်ရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ရာထိုထက်မြင့်မားတဲ့လုပ်ခမျိုးရရှိနေတယ်လို့ယုံကြည်နေပါတယ်။ရူဒီဂါဟာချဲလ်ဆီးရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်နေတဲ့လူကာကူရဲ့တစ်ပတ်ပေါင်၃၂၅၀၀၀ လောက်နီးနီး လုပ်ခမျိုး ရရှိလိုနေတာလည်းဖြစ်ပါတယ်။

ZawGyi

ေဘာလုံးသမိုင္းတြင္ လုပ္ခအမ်ားဆုံးရရွိတဲ့ ေနာက္ခံလူျဖစ္လာေတာ့မယ့္ ခ်ဲလ္ဆီးစတား

ခ်ဲလ္ဆီးစတားအန္တိုနီယို႐ူဒီဂါဟာကမာၻ႔လုပ္ခအမ်ားဆုံးေနာက္ခံလူျဖစ္လာရန္အတြက္ခ်ဲလ္ဆီးမွထြက္ခြာဖို႔ရွိေနပါတယ္။ဂ်ဴဗင္တပ္ႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ဟာ႐ူဒီဂါအားတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀တန္စာခ်ဳပ္ကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ကစားသမားဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆင္ေျပျခင္းမရွိပါဘူး။သူဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးၿပီးအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရ႐ူဒီဂါဟာလာမယ့္ေႏြရာသီမွာဘယ္ကလပ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းပါကတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀အထိရရွိကာကမာၻ႔လုပ္ခအမ်ားဆုံးေနာက္ခံလူျဖစ္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ဴဗင္တပ္တို႔ဟာ႐ူဒီဂါအားေျပာင္းေ႐ႊ႕ေၾကးတစ္စုံတစ္ရာေပးရန္မလိုဘဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မွာျဖစ္တာေၾကာင့္ယင္းသို႔အထိျမင့္မားတဲ့လုပ္ခေပးရန္အသင့္ရွိေနတာလည္းျဖစ္ပါတယ္။

အန္တိုနီ႐ူဒီဂါဟာခ်ဲလ္ဆီးတြင္တစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀သာရရွိေနသူျဖစ္ၿပီးခ်ဲလ္ဆီးဘက္ကစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၁၃၀၀၀၀ျဖင့္သာကမ္းလွမ္းျခင္းခံထားရပါတယ္။

႐ူဒီဂါက၎မွာလည္းကလပ္ရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ရာထိုထက္ျမင့္မားတဲ့လုပ္ခမ်ိဳးရရွိေနတယ္လို႔ယုံၾကည္ေနပါတယ္။႐ူဒီဂါဟာခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနတဲ့လူကာကူရဲ႕တစ္ပတ္ေပါင္၃၂၅၀၀၀ ေလာက္နီးနီး လုပ္ခမ်ိဳး ရရွိလိုေနတာလည္းျဖစ္ပါတယ္။