
စပါးစ်နည်းပြအန်တိုနီယိုကွန်တီဟာကစားသမားများရဲ့ကျန်းမာရေးအပေါ်လုံးဝဂရုစိုက်ခြင်းမရှိတဲ့ဘောလုံးအဖွဲ့ချုပ်များကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်လာပါတယ်။
စပါးစ်ရဲ့ခရစ္စတီယန်ရိုမီယို၊ရီချာလီဆင်နှင့်ဆန်ဟောင်မင်တို့ဟာဒဏ်ရာပြဿနာများကြောင့်တနင်္ဂနွေနေ့လီဗာပူးကိုဧည့်ခံကစားရမယ့်ပွဲကိုလွဲချော်ကြပါမယ်။၎င်းတို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုပါလွဲချော်နိုင်တဲ့အနေအထားမျိုးမှာရှိပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကိုနိုဝင်ဘာလ၂၀ရက်နေ့ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီတစ်ပတ်အလိုတွင်ရပ်နားမှာဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးတစ်ပတ်အကြာတွင်ပြန်လည်စတင်သွားပါမယ်။
ကွန်တီက “ပွဲစဉ်ပြက္ခဒိန်ကရူးချင်စရာပါ။ကစားသမားတွေကျန်းမာရေးနဲ့ပတ်သက်ပြီးကြားရတာကြာပြီ။ဒါပေမဲ့ဒီပြက္ခဒိန်အတိုင်းဆိုရင်တော့ကစားသမားတွေရဲ့ကျန်းမာရေးကိုသူတို့တကယ်ဂရုမစိုက်တာသေချာနေတယ်။အခိုက်အတန့်တိုင်းမှာပြသလာတဲ့အရေးအကြီးဆုံးကတော့ ဒီရှိုးပွဲကိုဆက်ဖျော်ဖြေရမယ်ဆိုတာပါ”လို့ပြောကြားသွားပါတယ်။
ဖီဖာဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုကာတာတွင်ကျင်းပရန်ရွေးချယ်တဲ့အပြင် ဆောင်းရာသီတွင်ကျင်းပရန် စီစဉ်လိုက်မှုကြောင့်ပွဲပြက္ခဒိန်အပြောင်းအလဲများပြုလုပ်ခဲ့ရပါတယ်။အသင်းများဟာပြီးခဲ့တဲ့သုံးလအတွင်းတွင်းကြားရက်ပွဲအပတ်တိုင်းကစားလာခဲ့ကြရပါတယ်။
ZawGyi
ေဘာလုံးအာဏာပိုင္တို႔ရဲ႕ကစားသမားမ်ားအေပၚ ဂ႐ုမစိုက္မႈအေပၚ ကြန္တီေဝဖန္
စပါးစ္နည္းျပအန္တိုနီယိုကြန္တီဟာကစားသမားမ်ားရဲ႕က်န္းမာေရးအေပၚလုံးဝဂ႐ုစိုက္ျခင္းမရွိတဲ့ေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္လာပါတယ္။
စပါးစ္ရဲ႕ခရစၥတီယန္႐ိုမီယို၊ရီခ်ာလီဆင္ႏွင့္ဆန္ေဟာင္မင္တို႔ဟာဒဏ္ရာျပႆနာမ်ားေၾကာင့္တနဂၤေႏြေန႔လီဗာပူးကိုဧည့္ခံကစားရမယ့္ပြဲကိုလြဲေခ်ာ္ၾကပါမယ္။၎တို႔ဟာကမာၻ႔ဖလားၿပိဳင္ပြဲကိုပါလြဲေခ်ာ္ႏိုင္တဲ့အေနအထားမ်ိဳးမွာရွိပါတယ္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၀ရက္ေန႔ကမာၻ႔ဖလားၿပိဳင္ပြဲမစတင္မီတစ္ပတ္အလိုတြင္ရပ္နားမွာျဖစ္ၿပီး ကမာၻ႔ဖလားအၿပီးတစ္ပတ္အၾကာတြင္ျပန္လည္စတင္သြားပါမယ္။
ကြန္တီက “ပြဲစဥ္ျပကၡဒိန္က႐ူးခ်င္စရာပါ။ကစားသမားေတြက်န္းမာေရးနဲ႔ပတ္သက္ၿပီးၾကားရတာၾကာၿပီ။ဒါေပမဲ့ဒီျပကၡဒိန္အတိုင္းဆိုရင္ေတာ့ကစားသမားေတြရဲ႕က်န္းမာေရးကိုသူတို႔တကယ္ဂ႐ုမစိုက္တာေသခ်ာေနတယ္။အခိုက္အတန႔္တိုင္းမွာျပသလာတဲ့အေရးအႀကီးဆုံးကေတာ့ ဒီရႈိးပြဲကိုဆက္ေဖ်ာ္ေျဖရမယ္ဆိုတာပါ”လို႔ေျပာၾကားသြားပါတယ္။
ဖီဖာဟာကမာၻ႔ဖလားၿပိဳင္ပြဲကိုကာတာတြင္က်င္းပရန္ေ႐ြးခ်ယ္တဲ့အျပင္ ေဆာင္းရာသီတြင္က်င္းပရန္ စီစဥ္လိုက္မႈေၾကာင့္ပြဲျပကၡဒိန္အေျပာင္းအလဲမ်ားျပဳလုပ္ခဲ့ရပါတယ္။အသင္းမ်ားဟာၿပီးခဲ့တဲ့သုံးလအတြင္းတြင္းၾကားရက္ပြဲအပတ္တိုင္းကစားလာခဲ့ၾကရပါတယ္။