ဘောလုံးဥပဒေအရ အင်္ဂလန်နှင့်ပွဲမှ ဒိန်းမတ်ရဲ့ဖရီးကစ်ဂိုးကို မခွင့်ပြုသင့်

ဘောလုံးစည်းမျဉ်းဥပဒေအရမနေ့ညတုန်းကအင်္ဂလန်နှင့်ဒိန်းမတ်တို့ရဲ့ယူရိုဆီမီးဖိုင်နယ်ပွဲစဉ်မှဒိန်းမတ်ရဲ့ဂိုးမှာခွင့်ပြုသင့်ခြင်းမရှိပါဘူး။

အင်္ဂလန်ဟာမနေ့ညတုန်းကဒိန်းမတ်ကိုအချိန်ပိုမှာဟယ်ရီကိန်းသွင်းယူတဲ့ဂိုးဖြင့်အနိုင်ရရှိကာ၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာဒိန်းမတ်ဟာမီခေးလ်ဒမ်ဂတ်ရဲ့ကိုက်၃၀အကွာမှသွင်းယူတဲ့ဖရီးကစ်ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒမ်ဂတ်ရဲ့ဂိုးကိုယူရို၂၀၂၀ပြိုင်ပွဲမှာသွင်းယူတဲ့တစ်လုံးတည်းသောဖရီးကစ်ဆိုရင်လည်းမမှားပါဘူး။

ဒါပေမယ့်ဘောလုံးစည်းမျဉ်းအရဒမ်ဂတ်ရဲ့ဖရီးကစ်ကဂိုးပြုသင့်ခြင်းမရှိကြောင်းတွေ့ရပါတယ်။

ဒိန်းမတ်ဟာဒမ်ဂတ်ဖရီးကစ်မကန်မီကိုယ်ပိုင် Wall စီခဲ့ပြီး အင်္ဂလန်အသင်းရဲ့ Wall အနီးတွင်စီခဲ့တာပါ။ယင်းသို့ဒိန်းမတ်ကအင်္ဂလန် Wall အနီးတွင် Wall စီမှုကြောင့်အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ရဲ့မြင်ကွင်းမှာရှင်းလင်းခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့်ဖီဖာရဲ့စည်းမျဉ်းတွင် ပြိုင်ဘက်ကစားသမားများမှာ Wall နဲ့အနည်းဆုံး ၁မီတာ(၁ကိုက်)အကွာတွင်ရှိနေမှာဖြစ်ကြောင်းရေးသားထားပါတယ်။

ဒိန်းမတ်ကစားသမားဟာဒမ်ဂတ်ဖရီးကစ်မကန်မီအချိန်တွင် အင်္ဂလန် Wall အနီးသို့အလွန်နီးကပ်စွာကပ်သွားခဲ့ကြောင်းတွေ့ရပါတယ်။

ဒိန်းမတ်ဟာပွဲချိန်၃၀မိနစ်မှာဒမ်ဂတ်ရဲ့ဖရီးကစ်ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ်ပွဲချိန်၃၉မိနစ်မှာအသင်းခေါင်းဆောင်ခါယာရဲ့ Own Goal ကြောင့် ချေပဂိုးပေးခဲ့ရပါတယ်။

အင်္ဂလန်ဟာအချိန်ပို၁၀၄မိနစ်မှာစတာလင်းကြောင့်ပင်နယ်တီရရှိခဲ့ပါတယ်။ယင်းပင်နယ်တီကိုအင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကန်ရာမှာဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကာကွယ်ခဲ့ပေမယ့်အံထွက်လာတဲ့ဘောလုံးကိုပြန်ပိတ်သွင်းကာအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

ေဘာလုံးဥပေဒအရ အဂၤလန္ႏွင့္ပြဲမွ ဒိန္းမတ္ရဲ႕ဖရီးကစ္ဂိုးကို မခြင့္ျပဳသင့္

ေဘာလုံးစည္းမ်ဥ္းဥပေဒအရမေန႔ညတုန္းကအဂၤလန္ႏွင့္ဒိန္းမတ္တို႔ရဲ႕ယူ႐ိုဆီမီးဖိုင္နယ္ပြဲစဥ္မွဒိန္းမတ္ရဲ႕ဂိုးမွာခြင့္ျပဳသင့္ျခင္းမရွိပါဘူး။

အဂၤလန္ဟာမေန႔ညတုန္းကဒိန္းမတ္ကိုအခ်ိန္ပိုမွာဟယ္ရီကိန္းသြင္းယူတဲ့ဂိုးျဖင့္အႏိုင္ရရွိကာ၅၅ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ႏိုင္ငံတကာၿပိဳင္ပြဲဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာဒိန္းမတ္ဟာမီေခးလ္ဒမ္ဂတ္ရဲ႕ကိုက္၃၀အကြာမွသြင္းယူတဲ့ဖရီးကစ္ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒမ္ဂတ္ရဲ႕ဂိုးကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာသြင္းယူတဲ့တစ္လုံးတည္းေသာဖရီးကစ္ဆိုရင္လည္းမမွားပါဘူး။

ဒါေပမယ့္ေဘာလုံးစည္းမ်ဥ္းအရဒမ္ဂတ္ရဲ႕ဖရီးကစ္ကဂိုးျပဳသင့္ျခင္းမရွိေၾကာင္းေတြ႕ရပါတယ္။

ဒိန္းမတ္ဟာဒမ္ဂတ္ဖရီးကစ္မကန္မီကိုယ္ပိုင္ Wall စီခဲ့ၿပီး အဂၤလန္အသင္းရဲ႕ Wall အနီးတြင္စီခဲ့တာပါ။ယင္းသို႔ဒိန္းမတ္ကအဂၤလန္ Wall အနီးတြင္ Wall စီမႈေၾကာင့္အဂၤလန္ဂိုးသမားပစ္ဖို႔ဒ္ရဲ႕ျမင္ကြင္းမွာရွင္းလင္းခဲ့ျခင္းမရွိခဲ့ပါဘူး။

ဒါေပမယ့္ဖီဖာရဲ႕စည္းမ်ဥ္းတြင္ ၿပိဳင္ဘက္ကစားသမားမ်ားမွာ Wall နဲ႔အနည္းဆုံး ၁မီတာ(၁ကိုက္)အကြာတြင္ရွိေနမွာျဖစ္ေၾကာင္းေရးသားထားပါတယ္။

ဒိန္းမတ္ကစားသမားဟာဒမ္ဂတ္ဖရီးကစ္မကန္မီအခ်ိန္တြင္ အဂၤလန္ Wall အနီးသို႔အလြန္နီးကပ္စြာကပ္သြားခဲ့ေၾကာင္းေတြ႕ရပါတယ္။

ဒိန္းမတ္ဟာပြဲခ်ိန္၃၀မိနစ္မွာဒမ္ဂတ္ရဲ႕ဖရီးကစ္ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမယ္ပြဲခ်ိန္၃၉မိနစ္မွာအသင္းေခါင္းေဆာင္ခါယာရဲ႕ Own Goal ေၾကာင့္ ေခ်ပဂိုးေပးခဲ့ရပါတယ္။

အဂၤလန္ဟာအခ်ိန္ပို၁၀၄မိနစ္မွာစတာလင္းေၾကာင့္ပင္နယ္တီရရွိခဲ့ပါတယ္။ယင္းပင္နယ္တီကိုအဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကန္ရာမွာဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကာကြယ္ခဲ့ေပမယ့္အံထြက္လာတဲ့ေဘာလုံးကိုျပန္ပိတ္သြင္းကာအႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။