ဘောလုံး ဆုံးရှုံးခဲ့တဲ့ ကိုစတာဆီမီကာကို ပါးရိုက်ပြီး သတိပေးခဲ့တဲ့ မီလ်နာ

ဂျိမ်းစ်မီလ်နာဟာနော့ဝှစ်ချ်အားအနိုင်ရရှိတဲ့ပွဲမှာဘောလုံးဆုံးရှုံးခဲ့တဲ့နောက်ခံလူကိုစတာဆီမီကာအားပါးကိုဆတ်ဆတ်လေးရိုက်ကာဆုံးမသတိပေးမှုပြုလုပ်ခဲ့ပါတယ်။

လီဗာပူးဟာမနေ့ညတုန်းကပရီးမီးယားလိဂ်အဖွင့်ပွဲကစားခဲ့ရတဲ့နော့ဝှစ်ချ်နှင့်ပွဲစဉ်တွင်သက်တောင့်သက်သာဖြင့်ကစားကာ၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်နောက်ခံလူဗန်ဒိုက်မှာအောက်တိုဘာကတည်းကအနားယူခဲ့ရပြီးနောက်ပထမဆုံးအကြိမ်အဖြစ်တရားဝင်ပွဲတွင်ပါဝင်ကစားခဲ့သလိုဒဏ်ရာကြောင့်အနားယူခဲ့ရတဲ့မာတစ်နှင့်ထရန်းအလက်ဇန္ဒားအာနိုးတို့လည်းပါဝင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်လီဗာပူးက၂-၀ဂိုးဖြင့်ဦးဆောင်နေတဲ့ပွဲချိန်၆၈မိနစ်တွင်ကိုစတာဆီမီကာဟာနောက်တန်းတွင်ဘောလုံးဆုံးရှုံးမှုဖြစ်ခဲ့ပြီးအိမ်ရှင်အသင်းကယင်းမှအခွင့်အရေးရရှိခဲ့ကာကံကောင်းထောက်မကာဂိုးမပေးခဲ့ရပါဘူး။

ဒါကြောင့်လည်းလီဗာပူးရဲ့မီလ်နာဟာအမှားပြုလုပ်ခဲ့တဲ့ဆီမီကာကိုဒေါသထွက်ကာနောက်တွင်ယင်းသို့အမှားမျိုးထပ်မံမကျူးလွန်မိစေရန်အတွက်ပါးကိုခတ်ဆတ်ဆတ်လေးရိုက်ခဲ့တာတွေ့ရပါတယ်။

ဂျိမ်းစ်မီလ်နာရဲ့အသင်းအပေါ်စီနီယာကစားသမားပီသစွာထိန်းကျောင်းကာကစားသမားများအားထိန်းချုပ်လုပ်ဆောင်မှုအပေါ်လီဗာပူးပရိသတ်များကချီးကျူးလျက်ရှိပါတယ်။

ကလော့ပ်က “အရမ်းအရမ်းကိုကောင်းတယ်။အနည်းဆုံးမိနစ်၈၀လောက်တော့သူတော်တော်ကောင်းခဲ့တယ်။တိုက်စစ်လိုက်မှုရောခံစစ်ပိုင်းမှာကောကောင်းခဲ့တယ်။နောက်တော့နည်းနည်းကျသွားတယ်။ကစားသမားတိုင်းကတော့ဒီလိုပါပဲ”လို့ချီးကျူသွားခဲ့ပါတယ်။

ဆီမီကာဟာ၂၀၂၀ခုနှစ်နွေရာသီတွင်အိုလံပီယာကို့စ်မှပေါင်၁၁.၇၅သန်းဖြင့်ပြောင်းလာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

ေဘာလုံး ဆုံးရႈံးခဲ့တဲ့ ကိုစတာဆီမီကာကို ပါး႐ိုက္ၿပီး သတိေပးခဲ့တဲ့ မီလ္နာ

ဂ်ိမ္းစ္မီလ္နာဟာေနာ့ဝွစ္ခ်္အားအႏိုင္ရရွိတဲ့ပြဲမွာေဘာလုံးဆုံးရႈံးခဲ့တဲ့ေနာက္ခံလူကိုစတာဆီမီကာအားပါးကိုဆတ္ဆတ္ေလး႐ိုက္ကာဆုံးမသတိေပးမႈျပဳလုပ္ခဲ့ပါတယ္။

လီဗာပူးဟာမေန႔ညတုန္းကပရီးမီးယားလိဂ္အဖြင့္ပြဲကစားခဲ့ရတဲ့ေနာ့ဝွစ္ခ်္ႏွင့္ပြဲစဥ္တြင္သက္ေတာင့္သက္သာျဖင့္ကစားကာ၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ေနာက္ခံလူဗန္ဒိုက္မွာေအာက္တိုဘာကတည္းကအနားယူခဲ့ရၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္တရားဝင္ပြဲတြင္ပါဝင္ကစားခဲ့သလိုဒဏ္ရာေၾကာင့္အနားယူခဲ့ရတဲ့မာတစ္ႏွင့္ထရန္းအလက္ဇႏၵားအာႏိုးတို႔လည္းပါဝင္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္လီဗာပူးက၂-၀ဂိုးျဖင့္ဦးေဆာင္ေနတဲ့ပြဲခ်ိန္၆၈မိနစ္တြင္ကိုစတာဆီမီကာဟာေနာက္တန္းတြင္ေဘာလုံးဆုံးရႈံးမႈျဖစ္ခဲ့ၿပီးအိမ္ရွင္အသင္းကယင္းမွအခြင့္အေရးရရွိခဲ့ကာကံေကာင္းေထာက္မကာဂိုးမေပးခဲ့ရပါဘူး။

ဒါေၾကာင့္လည္းလီဗာပူးရဲ႕မီလ္နာဟာအမွားျပဳလုပ္ခဲ့တဲ့ဆီမီကာကိုေဒါသထြက္ကာေနာက္တြင္ယင္းသို႔အမွားမ်ိဳးထပ္မံမက်ဴးလြန္မိေစရန္အတြက္ပါးကိုခတ္ဆတ္ဆတ္ေလး႐ိုက္ခဲ့တာေတြ႕ရပါတယ္။

ဂ်ိမ္းစ္မီလ္နာရဲ႕အသင္းအေပၚစီနီယာကစားသမားပီသစြာထိန္းေက်ာင္းကာကစားသမားမ်ားအားထိန္းခ်ဳပ္လုပ္ေဆာင္မႈအေပၚလီဗာပူးပရိသတ္မ်ားကခ်ီးက်ဴးလ်က္ရွိပါတယ္။

ကေလာ့ပ္က “အရမ္းအရမ္းကိုေကာင္းတယ္။အနည္းဆုံးမိနစ္၈၀ေလာက္ေတာ့သူေတာ္ေတာ္ေကာင္းခဲ့တယ္။တိုက္စစ္လိုက္မႈေရာခံစစ္ပိုင္းမွာေကာေကာင္းခဲ့တယ္။ေနာက္ေတာ့နည္းနည္းက်သြားတယ္။ကစားသမားတိုင္းကေတာ့ဒီလိုပါပဲ”လို႔ခ်ီးက်ဴသြားခဲ့ပါတယ္။

ဆီမီကာဟာ၂၀၂၀ခုႏွစ္ေႏြရာသီတြင္အိုလံပီယာကို႔စ္မွေပါင္၁၁.၇၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရသူလည္းျဖစ္ပါတယ္။