ဘောအနာခံပြီး ချေပဂိုးသွင်းခဲ့တဲ့ အေဂျက်စ်စတားဒူဆန်တာဒစ် နောင်တရနေမလား?

အေဂျက်စ်စတားဒူဆန်တာဒစ်ဟာမနေ့ညတုန်းကဒေါ့မွန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာချေပဂိုးသွင်းယူဖို့အတွက်အများကြီးရင်းခဲ့ရပါတယ်။သူဟာသူ့ရဲ့ချေပဂိုးသွင်းယူမှုအတွက်နောင်တရကောင်းရနေပါလိမ့်မယ်။

ဆောက်သမ်တန်စတားဟောင်းဟာမနေ့ညတုန်းကဂျာမနီမှာဒေါ့မွန်နှင့်ကစားတဲ့ပွဲမှာပွဲချိန်၇၂မိနစ်မှာတစ်ဂိုးစီသရေကျမယ့်ဂိုးကိုလျှောထိုးသွင်းခဲ့ရာမှာပေါင်ကြားကဂိုးတိုင်ထဲသို့ဝင်သွားခဲ့ပါတယ်။

ဆားဘီးယားကစားသမားဟာသူ့ရဲ့ချေပဂိုးအတွက်ပျော်နေခဲ့ရပေမယ့်လည်းရွှေဥကိုထိခိုက်သွားမှုနဲ့အတူအီဆိမ့်နေအောင်နာကျင်နေခဲ့တာတွေ့ရပါတယ်။

အဆိုပါပွဲစဉ်မှာဒေါ့မွန်ဟာပွဲချိန်၃၇မိနစ်မှာမာကိုရူးစ်ရဲ့ပင်နယ်တီဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီးတာဒစ်ကချေပဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ယင်းဂိုးကိုတာဒစ်ကဘောအနာခံပြီးချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းပွဲမှာဒေါ့မွန်ဟာပွဲချိန်၂၉မိနစ်မှာဟမ်မဲလ်အနီကတ်ပြထုတ်ခံရမှုကြောင့်တစ်ယောက်အလျှော့နဲ့ကစားခဲ့ရတာဖြစ်ပြီးပွဲချိန်၈၃မိနစ်နှင့်နာကျင်အချိန်ပိုတို့မှာဟယ်လာနှင့်ကလပ်စ်ဆင်တို့ကအေဂျက်စ်အတွက်အနိုင်ဂိုးသွင်းယူခဲ့ကြပါတယ်။

ZawGyi

ေဘာအနာခံၿပီး ေခ်ပဂိုးသြင္းခဲ့တဲ့ ေအဂ်က္စ္စတားဒူဆန္တာဒစ္ ေနာင္တရေနမလား?

ေအဂ်က္စ္စတားဒူဆန္တာဒစ္ဟာမေန႔ညတုန္းကေဒါ့မြန္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာေခ်ပဂိုးသြင္းယူဖို႔အတြက္အမ်ားႀကီးရင္းခဲ့ရပါတယ္။သူဟာသူ႔ရဲ႕ေခ်ပဂိုးသြင္းယူမႈအတြက္ေနာင္တရေကာင္းရေနပါလိမ့္မယ္။

ေဆာက္သမ္တန္စတားေဟာင္းဟာမေန႔ညတုန္းကဂ်ာမနီမွာေဒါ့မြန္ႏွင့္ကစားတဲ့ပြဲမွာပြဲခ်ိန္၇၂မိနစ္မွာတစ္ဂိုးစီသေရက်မယ့္ဂိုးကိုေလွ်ာထိုးသြင္းခဲ့ရာမွာေပါင္ၾကားကဂိုးတိုင္ထဲသို႔ဝင္သြားခဲ့ပါတယ္။

ဆားဘီးယားကစားသမားဟာသူ႔ရဲ႕ေခ်ပဂိုးအတြက္ေပ်ာ္ေနခဲ့ရေပမယ့္လည္းေ႐ႊဥကိုထိခိုက္သြားမႈနဲ႔အတူအီဆိမ့္ေနေအာင္နာက်င္ေနခဲ့တာေတြ႕ရပါတယ္။

အဆိုပါပြဲစဥ္မွာေဒါ့မြန္ဟာပြဲခ်ိန္၃၇မိနစ္မွာမာကို႐ူးစ္ရဲ႕ပင္နယ္တီဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီးတာဒစ္ကေခ်ပဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ယင္းဂိုးကိုတာဒစ္ကေဘာအနာခံၿပီးေခ်ပဂိုးသြင္းခဲ့ပါတယ္။

ယင္းပြဲမွာေဒါ့မြန္ဟာပြဲခ်ိန္၂၉မိနစ္မွာဟမ္မဲလ္အနီကတ္ျပထုတ္ခံရမႈေၾကာင့္တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရတာျဖစ္ၿပီးပြဲခ်ိန္၈၃မိနစ္ႏွင့္နာက်င္အခ်ိန္ပိုတို႔မွာဟယ္လာႏွင့္ကလပ္စ္ဆင္တို႔ကေအဂ်က္စ္အတြက္အႏိုင္ဂိုးသြင္းယူခဲ့ၾကပါတယ္။