ဘော့စနီးယားတွင် ဒိုင်လူကြီးတစ်ဦး ပရိသတ်များရဲ့ဘော့စ်ဘောရိုက်တံနှင့်တိုက်ခိုက်ခံခဲ့ရတဲ့အပြင် ကားမီးရှို့ခံရ

ဘော့စနီးယားနှင့်ဟာဇီးဂိုးဗီးနားမှဒိုင်လူကြီးတစ်ဦးဟာဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားကလပ်ဗဲလစ်ဇ်မိုစတားပရိသတ်များရဲ့ကားရှို့ခြင်းခံခဲ့ရပါတယ်။

ဘော့စနီးယားသတင်းစာ Klik ရဲ့ဖော်ပြချက်အရဆာဘရီဂျာတိုပါလိုဗစ်နှင့်လက်ထောက်ဒိုင်နှစ်ဦးတို့ဟာဗဲလစ်ဇ်နှင့်လက်ရှိချန်ပီယံဘိုရစ်ဘန်ဂျာလူကာတို့ရဲ့ပွဲစဉ်အပြီးတွင်ဥမင်လှိုဏ်ခေါင်းအတွင်းမှာဗဲလစ်ဇ်ပရိသတ်များရဲ့ဘော့စ်ဘောရိုက်တံများဖြင့်တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

အခြေအနေမှာကွင်းပြင်ဘက်တွင်ပိုမိုဆိုးရွားခဲ့ပါတယ်။ပရိသတ်များဟာတိုပါလိုဗစ်ရဲ့ကားကိုပါမီးတင်ရှို့ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ကဗဲလစ်ဇ်ပရိသတ်များဟာမှန်များကိုဘော့စ်ဘောရိုက်တံဖြင့် ရိုက်ချိုးမှုပြုလုပ်ကာဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်ခဲ့ပြီးဒိုင်လူကြီးများကိုရိုက်နှက်ခဲ့ကြောင်း အတည်ပြုသွားပါတယ်။

ဗဲလစ်ဇ်ပရိသတ်များဟာ၂-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်၎င်းတို့ရသင့်တဲ့ပင်နယ်တီမရရှိမှုမှုအပေါ်တိုပါလိုဗစ်ရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကိုအကြီးအကျယ်ဒေါသထွက်ကာပွဲပြီးရန်၈မိနစ်တွင် ကွင်းအတွင်းသို့ဝင်ရောက်ခဲ့ကြပါတယ်။ပွဲပြီးခရာမှုတ်ပြီးချိန်တွင်အခြေအနေမှာပိုမိုဆိုးရွားလာခဲ့ပါတယ်။

ဗဲလစ်ဇ်ဟာယင်းရှုံးပွဲကြောင့်အမှတ်ပေးဇယားအဆင့်၇တွင်ရပ်တည်နေပြီးဘိုရစ်ကအဆင့်၅နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi

ေဘာ့စနီးယားတြင္ ဒိုင္လူႀကီးတစ္ဦး ပရိသတ္မ်ားရဲ႕ေဘာ့စ္ေဘာ႐ိုက္တံႏွင့္တိုက္ခိုက္ခံခဲ့ရတဲ့အျပင္ ကားမီးရႈိ႕ခံရ

ေဘာ့စနီးယားႏွင့္ဟာဇီးဂိုးဗီးနားမွဒိုင္လူႀကီးတစ္ဦးဟာေဘာ့စနီးယားႏွင့္ဟာဇီဂိုးဗီးနားကလပ္ဗဲလစ္ဇ္မိုစတားပရိသတ္မ်ားရဲ႕ကားရႈိ႕ျခင္းခံခဲ့ရပါတယ္။

ေဘာ့စနီးယားသတင္းစာ Klik ရဲ႕ေဖာ္ျပခ်က္အရဆာဘရီဂ်ာတိုပါလိုဗစ္ႏွင့္လက္ေထာက္ဒိုင္ႏွစ္ဦးတို႔ဟာဗဲလစ္ဇ္ႏွင့္လက္ရွိခ်န္ပီယံဘိုရစ္ဘန္ဂ်ာလူကာတို႔ရဲ႕ပြဲစဥ္အၿပီးတြင္ဥမင္လႈိဏ္ေခါင္းအတြင္းမွာဗဲလစ္ဇ္ပရိသတ္မ်ားရဲ႕ေဘာ့စ္ေဘာ႐ိုက္တံမ်ားျဖင့္တိုက္ခိုက္ျခင္းခံခဲ့ရပါတယ္။

အေျခအေနမွာကြင္းျပင္ဘက္တြင္ပိုမိုဆိုး႐ြားခဲ့ပါတယ္။ပရိသတ္မ်ားဟာတိုပါလိုဗစ္ရဲ႕ကားကိုပါမီးတင္ရႈိ႕ခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႕ကဗဲလစ္ဇ္ပရိသတ္မ်ားဟာမွန္မ်ားကိုေဘာ့စ္ေဘာ႐ိုက္တံျဖင့္ ႐ိုက္ခ်ိဳးမႈျပဳလုပ္ကာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္ခဲ့ၿပီးဒိုင္လူႀကီးမ်ားကို႐ိုက္ႏွက္ခဲ့ေၾကာင္း အတည္ျပဳသြားပါတယ္။

ဗဲလစ္ဇ္ပရိသတ္မ်ားဟာ၂-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္၎တို႔ရသင့္တဲ့ပင္နယ္တီမရရွိမႈမႈအေပၚတိုပါလိုဗစ္ရဲ႕အျငင္းပြားဖြယ္ရာဆုံးျဖတ္ခ်က္ကိုအႀကီးအက်ယ္ေဒါသထြက္ကာပြဲၿပီးရန္၈မိနစ္တြင္ ကြင္းအတြင္းသို႔ဝင္ေရာက္ခဲ့ၾကပါတယ္။ပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္အေျခအေနမွာပိုမိုဆိုး႐ြားလာခဲ့ပါတယ္။

ဗဲလစ္ဇ္ဟာယင္းရႈံးပြဲေၾကာင့္အမွတ္ေပးဇယားအဆင့္၇တြင္ရပ္တည္ေနၿပီးဘိုရစ္ကအဆင့္၅ေနရာတြင္ရပ္တည္ေနပါတယ္။