ဘော်ဒိုးနိုင်ပွဲတွင် ဘောလုံးထိတိုင်း အလှောင်ခံခဲ့ရတဲ့ မက်ဆီနှင့် နေမာ

လီယွန်နယ်မက်ဆီနှင့်နေမာတို့ဟာတနင်္ဂနွေနေ့တုန်းကဘော်ဒိုးကိုပီအက်စ်ဂျီက၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဘောလုံးထိတိုင်းလှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

နွေရာသီတုန်းကဘာစီလိုနာမှထွက်ခွာကာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့တဲ့လီယွန်နယ်မက်ဆီဟာပဲရစ်တွင်အားလုံးထင်မှတ်ထားသကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲရုန်းကန်နေရပါတယ်။

Ballon d’Or ဆုကိုခုနှစ်ကြိမ်ရရှိတဲ့မက်ဆီနှင့်နေမာတို့ဟာကြားရက်တုန်းက ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံလာခဲ့ရတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီပရိသတ်များဟာနေမာနှင့်မက်ဆီတို့ကိုအဓိကပစ်မှတ်ထားခဲ့ကြပြီး ပွဲထွက်လူစာရင်းကြေညာစဉ်ကတည်းက၎င်းတို့ကိုလှောင်ပြောင်လာခဲ့ကြတဲ့အပြင်ပွဲကစားချိန်တချိန်လုံးတွင်လည်းဘောလုံးထိတိုင်းလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီပရိသတ်များဟာအသင်းရဲ့တိုက်စစ်သမားသုံးဦးထဲမှာကိုင်လီယန်ဘက်ပေးတစ်ဦးတည်းကိုသာလက်ခုပ်တီးအားပေးခဲ့ကြပါတယ်။ဘက်ပေးဟာရီးရဲလ်မက်ဒရစ်နှင့်နှစ်ကျော့လုံးတွင်ဂိုးသွင်းနိုင်ခဲ့သလိုဘော်ဒိုးနှင့်ပွဲမှာလည်းပီအက်စ်ဂျီအတွက်အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဝီနယ်ဒမ်မှာလည်းကြားရက်တုန်းကရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင်ပါဝင်ကစားခွင့်မရခဲ့ပေမဲ့လည်းဘော်ဒိုးနှင့်ပွဲတွင်ပီအက်စ်ဂျီပရိသတ်များရဲ့အကြီးအကျယ်ပစ်မှတ်ထားခြင်းခံရကာလှောင်ပြောင်ခံခဲ့ရပါတယ်။

နေမာဟာဘော်ဒိုးနှင့်ပွဲစဉ်တွင်ပီအက်စ်ဂျီအတွက်ဒုတိယဂိုးကိုသွင်းယူခဲ့ပေမဲ့လည်းလှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ေဘာ္ဒိုးႏိုင္ပြဲတြင္ ေဘာလုံးထိတိုင္း အေလွာင္ခံခဲ့ရတဲ့ မက္ဆီႏွင့္ ေနမာ

လီယြန္နယ္မက္ဆီႏွင့္ေနမာတို႔ဟာတနဂၤေႏြေန႔တုန္းကေဘာ္ဒိုးကိုပီအက္စ္ဂ်ီက၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာေဘာလုံးထိတိုင္းေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။

ေႏြရာသီတုန္းကဘာစီလိုနာမွထြက္ခြာကာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့တဲ့လီယြန္နယ္မက္ဆီဟာပဲရစ္တြင္အားလုံးထင္မွတ္ထားသကဲ့သို႔ ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ႐ုန္းကန္ေနရပါတယ္။

Ballon d’Or ဆုကိုခုႏွစ္ႀကိမ္ရရွိတဲ့မက္ဆီႏွင့္ေနမာတို႔ဟာၾကားရက္တုန္းက ရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံလာခဲ့ရတာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီပရိသတ္မ်ားဟာေနမာႏွင့္မက္ဆီတို႔ကိုအဓိကပစ္မွတ္ထားခဲ့ၾကၿပီး ပြဲထြက္လူစာရင္းေၾကညာစဥ္ကတည္းက၎တို႔ကိုေလွာင္ေျပာင္လာခဲ့ၾကတဲ့အျပင္ပြဲကစားခ်ိန္တခ်ိန္လုံးတြင္လည္းေဘာလုံးထိတိုင္းေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီပရိသတ္မ်ားဟာအသင္းရဲ႕တိုက္စစ္သမားသုံးဦးထဲမွာကိုင္လီယန္ဘက္ေပးတစ္ဦးတည္းကိုသာလက္ခုပ္တီးအားေပးခဲ့ၾကပါတယ္။ဘက္ေပးဟာရီးရဲလ္မက္ဒရစ္ႏွင့္ႏွစ္ေက်ာ့လုံးတြင္ဂိုးသြင္းႏိုင္ခဲ့သလိုေဘာ္ဒိုးႏွင့္ပြဲမွာလည္းပီအက္စ္ဂ်ီအတြက္အဖြင့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ဝီနယ္ဒမ္မွာလည္းၾကားရက္တုန္းကရီးရဲလ္မက္ဒရစ္ႏွင့္ပြဲတြင္ပါဝင္ကစားခြင့္မရခဲ့ေပမဲ့လည္းေဘာ္ဒိုးႏွင့္ပြဲတြင္ပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ပစ္မွတ္ထားျခင္းခံရကာေလွာင္ေျပာင္ခံခဲ့ရပါတယ္။

ေနမာဟာေဘာ္ဒိုးႏွင့္ပြဲစဥ္တြင္ပီအက္စ္ဂ်ီအတြက္ဒုတိယဂိုးကိုသြင္းယူခဲ့ေပမဲ့လည္းေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။