ဘော်ဒိုးရဲ့ဆင်မြူရယ်ကာလူး ကွင်းအတွင်းနှလုံးရပ်မေ့လဲကျပြီးနောက် ကစားသမားများ လူတံတိုင်းကာရံပေးခဲ့ကြ

ဘော်ဒိုးစတားဆင်မြူရယ်ကာလူးဟာတနင်္ဂနွေနေ့တုန်းကမာဆေးလ်နှင့်လီဂူး၁ပွဲစဉ်ရဲ့ပွဲအစ၅မိနစ်တွင်ပင်ကွင်းအတွင်းတွင်နှလုံးရပ်ကာမေ့လဲကျခဲ့ပါတယ်။

ဒါပေမယ့်နိုင်ဂျီးရီးယားကစားသမားဟာဆေးကုသမှုခံယူပြီးနောက်ပွဲကိုဆက်လက်ကစားခဲ့ပါတယ်။

ဆင်မြူရယ်ကာလူးဟာ၈မိနစ်ခန့်ကစားပြီးနောက်လူစားလဲခြင်းခံခဲ့ရပါတယ်။

အသက်၂၃နှစ်ရှိကာလူးဟာဖရီးကစ်တစ်ခုအားကာကွယ်ရန်လူတံတိုင်းပြုလုပ်နေစဉ်အတွင်းကွင်းအတွင်းမေ့လဲကျခဲ့တာလည်းဖြစ်ပါတယ်။

နှစ်ဖက်ကစားသမားများဟာကာလူးအားဆေးကုသမှုခံယူနေစဉ်အတွင်းပရိသတ်များဓာတ်ပုံနှင့်ဗီီဒီယိုရိုက်ကူးခြင်းမပြုလုပ်နိုင်အောင်လူတံတားဝိုင်းရံကာရံပေးခဲ့ကြပါတယ်။ယင်းသို့လူတံတိုင်းကာရံမှုကိုယူရို၂၀၂၀ပြိုင်ပွဲတုန်းကအဲရစ်ဆင်မေ့လဲကျတုန်းကလည်းနှစ်ဖက်ကစားသမားတို့ပြုလုပ်ခဲ့ဖူးပါတယ်။

ကံကောင်းတာကတော့ကာလူးဟာဆေးကုသမှုခံယူပြီးနောက်ပြန်ထကာဘောလုံးဆက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာဘောလုံးနဲ့ထိတွေ့မှုတောင်ပြုလုပ်ခဲ့ပေမယ့်လည်းရီမီအူဒင်နှင့်လူစားလဲခံခဲ့ရပါတယ်။

ကာလူးလူစားလဲခံရစဉ်အတွင်းတွင်ပြိုင်ဘက်ပရိသတ်များပါမတ်တပ်ရပ်ကာလက်ခုပ်တီးအားပေးမှုပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။

လက်ရှိအချိန်တွင်ဘာကြောင့်ကာလူးကွင်းအတွင်းမေ့လဲကျသလဲဆိုတာမသိရသေးပါဘူး။ကာလူးဟာကွင်းအတွင်းမေ့လဲကျတာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

သူဟာ၂၀၁၉ခုနှစ်တုန်းကအီဂျစ်နှင့်အာဖရိကဖလားအဖွင့်ပွဲစဉ်မတိုင်မီလေ့ကျင့်ခန်းအစီအစဉ်တွင်မေ့လဲကျကာဆေးရုံသို့အရေးပေါ်တက်ခဲ့ရပါတယ်။ထိုစဉ်ကကာလူးကိုစစ်ဆေးမှုအရရေဓာတ်ခန်းခြောက်မှုကြောင့်မေ့လဲကျခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။

ZawGyi

ေဘာ္ဒိုးရဲ႕ဆင္ျမဴရယ္ကာလူး ကြင္းအတြင္းႏွလုံးရပ္ေမ့လဲက်ၿပီးေနာက္ ကစားသမားမ်ား လူတံတိုင္းကာရံေပးခဲ့ၾက

ေဘာ္ဒိုးစတားဆင္ျမဴရယ္ကာလူးဟာတနဂၤေႏြေန႔တုန္းကမာေဆးလ္ႏွင့္လီဂူး၁ပြဲစဥ္ရဲ႕ပြဲအစ၅မိနစ္တြင္ပင္ကြင္းအတြင္းတြင္ႏွလုံးရပ္ကာေမ့လဲက်ခဲ့ပါတယ္။

ဒါေပမယ့္ႏိုင္ဂ်ီးရီးယားကစားသမားဟာေဆးကုသမႈခံယူၿပီးေနာက္ပြဲကိုဆက္လက္ကစားခဲ့ပါတယ္။

ဆင္ျမဴရယ္ကာလူးဟာ၈မိနစ္ခန႔္ကစားၿပီးေနာက္လူစားလဲျခင္းခံခဲ့ရပါတယ္။

အသက္၂၃ႏွစ္ရွိကာလူးဟာဖရီးကစ္တစ္ခုအားကာကြယ္ရန္လူတံတိုင္းျပဳလုပ္ေနစဥ္အတြင္းကြင္းအတြင္းေမ့လဲက်ခဲ့တာလည္းျဖစ္ပါတယ္။

ႏွစ္ဖက္ကစားသမားမ်ားဟာကာလူးအားေဆးကုသမႈခံယူေနစဥ္အတြင္းပရိသတ္မ်ားဓာတ္ပုံႏွင့္ဗီီဒီယို႐ိုက္ကူးျခင္းမျပဳလုပ္ႏိုင္ေအာင္လူတံတားဝိုင္းရံကာရံေပးခဲ့ၾကပါတယ္။ယင္းသို႔လူတံတိုင္းကာရံမႈကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကအဲရစ္ဆင္ေမ့လဲက်တုန္းကလည္းႏွစ္ဖက္ကစားသမားတို႔ျပဳလုပ္ခဲ့ဖူးပါတယ္။

ကံေကာင္းတာကေတာ့ကာလူးဟာေဆးကုသမႈခံယူၿပီးေနာက္ျပန္ထကာေဘာလုံးဆက္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။သူဟာေဘာလုံးနဲ႔ထိေတြ႕မႈေတာင္ျပဳလုပ္ခဲ့ေပမယ့္လည္းရီမီအူဒင္ႏွင့္လူစားလဲခံခဲ့ရပါတယ္။

ကာလူးလူစားလဲခံရစဥ္အတြင္းတြင္ၿပိဳင္ဘက္ပရိသတ္မ်ားပါမတ္တပ္ရပ္ကာလက္ခုပ္တီးအားေပးမႈျပဳလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။

လက္ရွိအခ်ိန္တြင္ဘာေၾကာင့္ကာလူးကြင္းအတြင္းေမ့လဲက်သလဲဆိုတာမသိရေသးပါဘူး။ကာလူးဟာကြင္းအတြင္းေမ့လဲက်တာပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။

သူဟာ၂၀၁၉ခုႏွစ္တုန္းကအီဂ်စ္ႏွင့္အာဖရိကဖလားအဖြင့္ပြဲစဥ္မတိုင္မီေလ့က်င့္ခန္းအစီအစဥ္တြင္ေမ့လဲက်ကာေဆး႐ုံသို႔အေရးေပၚတက္ခဲ့ရပါတယ္။ထိုစဥ္ကကာလူးကိုစစ္ေဆးမႈအရေရဓာတ္ခန္းေျခာက္မႈေၾကာင့္ေမ့လဲက်ခဲ့ေၾကာင္းစစ္ေဆးေတြ႕ရွိရပါတယ္။