ဘော်လ်တန်နှင့် ဖောရက်စ်ဂရင်းတို့ရဲ့ လိဂ် ၁ ပွဲတွင် ကစားသမားမှား အနီကတ်ပြထုတ်ပယ်မှုဖြစ်ပွား

အင်္ဂါနေ့ညတုန်းကဘော်လ်တန်နှင့်ဖောရက်စ်ဂရင်းတို့ရဲ့လိဂ်၁ပွဲစဉ်တွင်ဒိုင်လူကြီးဟာကစားသမားမှားအနီကတ်ပြထုတ်ပယ်မှုပြုလုပ်ခဲ့ပါတယ်။

မနေ့ညတုန်းကဘော်လ်တန်နှင့်ဖောရက်စ်ဂရင်းတို့ရဲ့ပွဲစဉ်မှာဘော်လ်တန်တိုက်စစ်မှူးဒီယွန်ချားလ်ဟာဒိုင်လူကြီးရဲ့မှားယွင်းအနီကတ်ပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်ဒီယွန်ချားလ်ဟာပွဲအစ၆မိနစ်မှာဘဲဘော်လ်တန်အတွက်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ပွဲချိန်၂၈မိနစ်မှာတော့ဒီယွန်ချားလ်ဟာအဆီမဆိုင် အသားလွတ်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပဲချိန်၂၈မိနစ်တွင်ဘော်လ်တန်ကစားသမားအီလီးယာ့စ်ကာချွန်ဂါနှင့်ဖောရက်စ်နောက်ခံလူဘရန်ဒွန်ကိုးပါးတို့ဧရိယာအတွင်းတွင်အပြန်အလှန်တွန်းမှုဖြစ်ပွားခဲ့ကြပါတယ်။ကာချွန်ဂါဟာကိုးပါးကိုလက်သီးထိုးရန်ဟန်ပြင်ခဲ့တာလည်းတွေ့ရပါတယ်။

ယင်းအဖြစ်အပျက်ကိုစည်းကြပ်ဒိုင်လူကြီးကပွဲကိုရပ်ခဲ့ပါတယ်။ဒိုင်လူကြီးတွမ်နိုင်းဟာရန်ဖြစ်တဲ့ခါချွန်ဂါကိုအနီကတ်မပြဘဲ ယင်းဖြစ်ရပ်ဖြစ်ပွားချိန်တွင်ဘောလုံးစောင့်ဆိုင်းနေတဲ့ချားလ်ကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ဒီယွန်ချားလ်ဟာအနီကတ်ပြသခံရချိန်တွင်ကွင်းနားဘေးတွင်ရေသောက်နေပါတယ်။

ဒါကြောင့်လည်းဘော်လ်တန်အသင်းကစားသမားများဟာမဆီမဆိုင်အနီကတ်ပြခံရတဲ့ချားလ်အတွက်စောဒတက်ခဲ့ပေမဲ့ဒိုင်လူကြီးတွမ်နိုင်းကအတည်ယူခဲ့တာကြောင့်ကွင်းအတွင်းမှထွက်ခွာခဲ့ရပါတယ်။

ပရိသတ်များဟာယင်းကိုဒေါသပေါက်ကွဲကာ “အရည်အချင်းမရှိတဲ့ဒိုင်”လိုအော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဘော်လ်တန်ဟာတစ်ယောက်အလျှော့နဲ့ကစားခဲ့ရပေမဲ့လည်းချားလ်ရဲ့ဂိုးနဲ့ပဲ၁-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

ဘော်လ်တန်ဟာယင်းနိုင်ပွဲကြောင့်လိဂ်၁အဆင့်၅နေရာမှာရပ်တည်နေခဲ့ပြီးဖောရက်စ်ဂရင်းကတော့တန်းဆင်းဇုန်မှာရုန်းကန်နေရတုန်းဖြစ်ပါတယ်။

ZawGyi

ေဘာ္လ္တန္ႏွင့္ ေဖာရက္စ္ဂရင္းတို႔ရဲ႕ လိဂ္ ၁ ပြဲတြင္ ကစားသမားမွား အနီကတ္ျပထုတ္ပယ္မႈျဖစ္ပြား

အဂၤါေန႔ညတုန္းကေဘာ္လ္တန္ႏွင့္ေဖာရက္စ္ဂရင္းတို႔ရဲ႕လိဂ္၁ပြဲစဥ္တြင္ဒိုင္လူႀကီးဟာကစားသမားမွားအနီကတ္ျပထုတ္ပယ္မႈျပဳလုပ္ခဲ့ပါတယ္။

မေန႔ညတုန္းကေဘာ္လ္တန္ႏွင့္ေဖာရက္စ္ဂရင္းတို႔ရဲ႕ပြဲစဥ္မွာေဘာ္လ္တန္တိုက္စစ္မႉးဒီယြန္ခ်ားလ္ဟာဒိုင္လူႀကီးရဲ႕မွားယြင္းအနီကတ္ျပသျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

အဆိုပါပြဲစဥ္တြင္ဒီယြန္ခ်ားလ္ဟာပြဲအစ၆မိနစ္မွာဘဲေဘာ္လ္တန္အတြက္ဂိုးစတင္သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၂၈မိနစ္မွာေတာ့ဒီယြန္ခ်ားလ္ဟာအဆီမဆိုင္ အသားလြတ္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ပဲခ်ိန္၂၈မိနစ္တြင္ေဘာ္လ္တန္ကစားသမားအီလီးယာ့စ္ကာခြၽန္ဂါႏွင့္ေဖာရက္စ္ေနာက္ခံလူဘရန္ဒြန္ကိုးပါးတို႔ဧရိယာအတြင္းတြင္အျပန္အလွန္တြန္းမႈျဖစ္ပြားခဲ့ၾကပါတယ္။ကာခြၽန္ဂါဟာကိုးပါးကိုလက္သီးထိုးရန္ဟန္ျပင္ခဲ့တာလည္းေတြ႕ရပါတယ္။

ယင္းအျဖစ္အပ်က္ကိုစည္းၾကပ္ဒိုင္လူႀကီးကပြဲကိုရပ္ခဲ့ပါတယ္။ဒိုင္လူႀကီးတြမ္ႏိုင္းဟာရန္ျဖစ္တဲ့ခါခြၽန္ဂါကိုအနီကတ္မျပဘဲ ယင္းျဖစ္ရပ္ျဖစ္ပြားခ်ိန္တြင္ေဘာလုံးေစာင့္ဆိုင္းေနတဲ့ခ်ားလ္ကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ဒီယြန္ခ်ားလ္ဟာအနီကတ္ျပသခံရခ်ိန္တြင္ကြင္းနားေဘးတြင္ေရေသာက္ေနပါတယ္။

ဒါေၾကာင့္လည္းေဘာ္လ္တန္အသင္းကစားသမားမ်ားဟာမဆီမဆိုင္အနီကတ္ျပခံရတဲ့ခ်ားလ္အတြက္ေစာဒတက္ခဲ့ေပမဲ့ဒိုင္လူႀကီးတြမ္ႏိုင္းကအတည္ယူခဲ့တာေၾကာင့္ကြင္းအတြင္းမွထြက္ခြာခဲ့ရပါတယ္။

ပရိသတ္မ်ားဟာယင္းကိုေဒါသေပါက္ကြဲကာ “အရည္အခ်င္းမရွိတဲ့ဒိုင္”လိုေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ေဘာ္လ္တန္ဟာတစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရေပမဲ့လည္းခ်ားလ္ရဲ႕ဂိုးနဲ႔ပဲ၁-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ေဘာ္လ္တန္ဟာယင္းႏိုင္ပြဲေၾကာင့္လိဂ္၁အဆင့္၅ေနရာမွာရပ္တည္ေနခဲ့ၿပီးေဖာရက္စ္ဂရင္းကေတာ့တန္းဆင္းဇုန္မွာ႐ုန္းကန္ေနရတုန္းျဖစ္ပါတယ္။