ဘေးလ်စာချုပ်ပါအချက်အတိုင်း ခြေစမ်းပွဲကစားရန် ရီးရဲလ်ကို စပါးစ်တောင်းဆို

စပါးစ်ဟာဂါရတ်ဘေးလ်အားရောင်းချစဉ်ကအရောင်းစာချုပ်တွင်ပါဝင်တဲ့အချက်အတိုင်းရီးရဲလ်မက်ဒရစ်နှင့်ရာသီကြိုခြေစမ်းပွဲကစားရန်တောင်းဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ၂၀၁၃ခုနှစ်တုန်းကဘေးလ်ကိုရီးရဲလ်မက်ဒရစ်သို့ရောင်းချစဉ်တုန်းကရာသီကြိုခြေစမ်းပွဲတစ်ပွဲကစားပေးရမယ်ဆိုတဲ့အချက်ကိုစာချုပ်အတွင်းမှာထည့်သွင်းချုပ်ဆိုထားပါတယ်။

ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သာကျန်ရှိတော့ပြီဖြစ်ရာစပါးစ်ဟာစာချုပ်အချက်အတိုင်းယခုနွေတွင်ရာသီကြိုခြေစမ်းပွဲကစားရန်အတွက်တောင်းဆိုမှုပြုလုပ်လာပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေမှုကြောင့်ကလပ်အသင်းများဟာအမေရိကန်၊အာရှခရီးစဉ်သွားရောက်ကြမှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်းရာသီကြိုခရီးစဉ်မှာကလပ်ရဲ့ဝင်ငွေအတွက်အရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့အပြင်ရာသီသစ်အတွက်အရေးပါတဲ့ပြင်ဆင်မှုအဖြစ်ရှိနေပါတယ်။

ဒါကြောင့်လည်းစပါးစ်ဟာရီးရဲလ်မက်ဒရစ်အားရာသီကြိုခြေစမ်းပွဲကစားရန်အတွက်တောင်းဆိုမှုပြုလုပ်လာပြီလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်စပါးစ်နှင့်ရီးရဲလ်မက်ဒရစ်တို့ကစားမယ့်ရာသီကြိုခြေစမ်းပွဲကိုဘယ်နေ့တွင်ကစားမယ်ဆိုတာမဆုံးဖြတ်ရသေးပါဘူး။ဒါပေမယ့်စပါးစ်ရဲ့အိမ်ကွင်းမှာကစားပါမယ်။

ZawGyi

ေဘးလ္စာခ်ဳပ္ပါအခ်က္အတိုင္း ေျခစမ္းပြဲကစားရန္ ရီးရဲလ္ကို စပါးစ္ေတာင္းဆို

စပါးစ္ဟာဂါရတ္ေဘးလ္အားေရာင္းခ်စဥ္ကအေရာင္းစာခ်ဳပ္တြင္ပါဝင္တဲ့အခ်က္အတိုင္းရီးရဲလ္မက္ဒရစ္ႏွင့္ရာသီႀကိဳေျခစမ္းပြဲကစားရန္ေတာင္းဆိုလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေျမာက္လန္ဒန္ကလပ္ဟာ၂၀၁၃ခုႏွစ္တုန္းကေဘးလ္ကိုရီးရဲလ္မက္ဒရစ္သို႔ေရာင္းခ်စဥ္တုန္းကရာသီႀကိဳေျခစမ္းပြဲတစ္ပြဲကစားေပးရမယ္ဆိုတဲ့အခ်က္ကိုစာခ်ဳပ္အတြင္းမွာထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ရွိေတာ့ၿပီျဖစ္ရာစပါးစ္ဟာစာခ်ဳပ္အခ်က္အတိုင္းယခုေႏြတြင္ရာသီႀကိဳေျခစမ္းပြဲကစားရန္အတြက္ေတာင္းဆိုမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ကိုဗစ္တတိယလႈိင္းျဖစ္ပြားေနမႈေၾကာင့္ကလပ္အသင္းမ်ားဟာအေမရိကန္၊အာရွခရီးစဥ္သြားေရာက္ၾကမွာမဟုတ္ပါဘူး။

ဒါေပမယ့္လည္းရာသီႀကိဳခရီးစဥ္မွာကလပ္ရဲ႕ဝင္ေငြအတြက္အေရးပါတဲ့အရာတစ္ခုျဖစ္ေနတဲ့အျပင္ရာသီသစ္အတြက္အေရးပါတဲ့ျပင္ဆင္မႈအျဖစ္ရွိေနပါတယ္။

ဒါေၾကာင့္လည္းစပါးစ္ဟာရီးရဲလ္မက္ဒရစ္အားရာသီႀကိဳေျခစမ္းပြဲကစားရန္အတြက္ေတာင္းဆိုမႈျပဳလုပ္လာၿပီလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္စပါးစ္ႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကစားမယ့္ရာသီႀကိဳေျခစမ္းပြဲကိုဘယ္ေန႔တြင္ကစားမယ္ဆိုတာမဆုံးျဖတ္ရေသးပါဘူး။ဒါေပမယ့္စပါးစ္ရဲ႕အိမ္ကြင္းမွာကစားပါမယ္။