ဘေးလ်နှင့်ဟာဇက်မှာအရေးပါသူများဖြစ်လာနိုင်ကြောင်း ရီးရဲလ်နည်းပြသစ်ပြောကြား

ရီးရဲလ်မက်ဒရစ်နည်းပြသစ်ကာလိုအန်ဆယ်လော့တီကဂါရတ်ဘေးလ်မှာလာမယ့်ရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဂါရတ်ဘေးလ်ကိုအသင်းဟောင်းစပါးစ်သို့တစ်ရာသီအငှားချထားခဲ့သလိုဟာဇက်မှာလည်းဒဏ်ရာပြဿနာများကြောင့်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်လာခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြသစ်အန်ဆယ်လော့တီဟာရီးရဲလ်မက်ဒရစ်သို့ရောက်လာချိန်မှာအကြီးမားဆုံးစိန်ခေါ်မှုအဖြစ်ဘေးလ်၊အစ္စကို၊မာဆယ်လို၊ဟာဇက်တို့အားထိပ်တန်းအဆင့်သို့ပြန်ရောက်အောင်လုပ်ဆောင်ရေးနှင့်အသင်းခေါင်းဆောင်ရာမို့စ်အားဆက်ထိန်းထားနိုင်ရေးတို့ဖြစ်ပါတယ်။

အန်ဆယ်လော့တီက “အခုမှာရောက်ခါစဘဲရှိပါသေးတယ်။ရာမို့စ်နဲ့စကားမပြောရသေးပါဘူး။ဂါရတ်ဘေးလ်၊အစ္စကို၊မာဆယ်လိုတို့ကိုအခုအချိန်ထိချစ်နေတုန်းပါ။ရီးရဲလ်မက်ဒရစ်မှာကစားနိုင်တုန်းဘဲဆိုတာသူတို့ပြသလာဖို့စိတ်တွန်းအားပေးရပါမယ်။ဟာဇက်လား။သူကထိပ်တန်းကစားသမားတစ်ဦးပါ။သူ့ကျွမ်းကျင်မှုတွေကိုပြသလာပါလိမ့်မယ်။ဟာဇက်နဲ့ဘေးလ်ကကျွန်တော်တို့အတွက်အရေးပါလာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်အန်ဆယ်လော့တီဟာခရစ္စတီယာနိုရော်နယ်ဒိုအားဘာနေဗျူးသို့ပြန်လည်ခေါ်ယူရေးနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာယခုနွေရာသီမှာပထမဆုံးခေါ်ယူအားဖြည့်မှုအနေဖြင့်ဘိုင်ယန်မြူးနစ်နောက်ခံလူအလာဘာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားပါတယ်။

ZawGyi

ေဘးလ္ႏွင့္ဟာဇက္မွာအေရးပါသူမ်ားျဖစ္လာႏိုင္ေၾကာင္း ရီးရဲလ္နည္းျပသစ္ေျပာၾကား

ရီးရဲလ္မက္ဒရစ္နည္းျပသစ္ကာလိုအန္ဆယ္ေလာ့တီကဂါရတ္ေဘးလ္မွာလာမယ့္ရာသီတြင္ရီးရဲလ္မက္ဒရစ္အတြက္အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္လာႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဂါရတ္ေဘးလ္ကိုအသင္းေဟာင္းစပါးစ္သို႔တစ္ရာသီအငွားခ်ထားခဲ့သလိုဟာဇက္မွာလည္းဒဏ္ရာျပႆနာမ်ားေၾကာင့္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္လာခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပသစ္အန္ဆယ္ေလာ့တီဟာရီးရဲလ္မက္ဒရစ္သို႔ေရာက္လာခ်ိန္မွာအႀကီးမားဆုံးစိန္ေခၚမႈအျဖစ္ေဘးလ္၊အစၥကို၊မာဆယ္လို၊ဟာဇက္တို႔အားထိပ္တန္းအဆင့္သို႔ျပန္ေရာက္ေအာင္လုပ္ေဆာင္ေရးႏွင့္အသင္းေခါင္းေဆာင္ရာမို႔စ္အားဆက္ထိန္းထားႏိုင္ေရးတို႔ျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီက “အခုမွာေရာက္ခါစဘဲရွိပါေသးတယ္။ရာမို႔စ္နဲ႔စကားမေျပာရေသးပါဘူး။ဂါရတ္ေဘးလ္၊အစၥကို၊မာဆယ္လိုတို႔ကိုအခုအခ်ိန္ထိခ်စ္ေနတုန္းပါ။ရီးရဲလ္မက္ဒရစ္မွာကစားႏိုင္တုန္းဘဲဆိုတာသူတို႔ျပသလာဖို႔စိတ္တြန္းအားေပးရပါမယ္။ဟာဇက္လား။သူကထိပ္တန္းကစားသမားတစ္ဦးပါ။သူ႔ကြၽမ္းက်င္မႈေတြကိုျပသလာပါလိမ့္မယ္။ဟာဇက္နဲ႔ေဘးလ္ကကြၽန္ေတာ္တို႔အတြက္အေရးပါလာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္အန္ဆယ္ေလာ့တီဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားဘာေနဗ်ဴးသို႔ျပန္လည္ေခၚယူေရးႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာေျပာၾကားခဲ့ျခင္းမရွိပါဘူး။

ရီးရဲလ္မက္ဒရစ္ဟာယခုေႏြရာသီမွာပထမဆုံးေခၚယူအားျဖည့္မႈအေနျဖင့္ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူအလာဘာကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူထားပါတယ္။