ဘွန်ဒက်စ်ဂါတွင် ဂိုးမပေးရတဲ့ပွဲ အများဆုံးဂိုးသမားအဖြစ် နျူအာ သမိုင်းသစ်ရေးထိုး

ဘိုင်ယန်မြူးနစ်ဂိုးသမားမန်နျူရယ်နျူအာဟာတနင်္ဂနွေညတုန်းကရှော်လ်ကေးအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ဂိုးမပေးခဲ့ရပြီးနောက်၁၉၇ပွဲဖြင့်ဘွန်ဒက်စ်လီဂါသမိုင်းတွင်ဂိုးမပေးရတဲ့ပွဲအများဆုံးဂိုးသမားအဖြစ်သမိုင်းမှတ်တိုင် စိုက်ထူလိုက်နိုင်ပါတယ်။

နျူအာဟာလွန်ခဲ့တဲ့၁၃နှစ်တုန်းကဘိုင်ယန်မြူးနစ်နှင့်ဂျာမန်ဂန္ထဝင်ဂိုးသမားအိုလီဗာခန်းတင်ထားတဲ့စံချိန်ကိုလိုက်မီသွားခဲ့တာဖြစ်ပြီးသူ့အနေဖြင့်နောက်ပိုင်းတွင်စံချိန်သစ်များဆက်တိုက်ရေးထိုးနိုင်တော့မှာဖြစ်ပါတယ်။

အိုလီဗာခန်းဟာဘိုင်ယန်မြူးနစ်နှင့်ကားလ်စရူဟာတို့အတွက်ဘွန်ဒက်စ်လီဂါပွဲ၅၅၇ပွဲကစားခဲ့ရာတွင်၁၉၇ပွဲဂိုးမပေးခဲ့ရတာဖြစ်ပြီးနျူအာကတော့ဘိုင်ယန်မြူးနစ်နှင့်ရှော်လ်ကေးတို့အတွက်ဘွန်ဒက်စ်လီဂါပွဲ၄၂၃ပွဲတွင်၁၉၇ပွဲဂိုး မပေးခဲ့ရတာ ဖြစ်ပါတယ်။

နျူအာအတွက်ယခုရာသီမှာဘိုင်ယန်မြူးနစ်တွင်ကစားတဲ့ဆယ်ရာသီမြောက်ရာသီလည်းဖြစ်ပြီးသူဟာနွေရာသီ တုန်းက၂၀၂၃ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။ဒါကြောင့်နျူအာဟာနောက်ပွဲများတွင်ဘွန် ဒက်စ်လီဂါစံချိန်သစ်များစွာရေးထိုးနိုင်ဖို့သေချာနေပါတယ်။

ZawGyi

ဘြန္ဒက္စ္ဂါတြင္ ဂိုးမေပးရတဲ့ပြဲ အမ်ားဆုံးဂိုးသမားအျဖစ္ န်ဴအာ သမိုင္းသစ္ေရးထိုး

ဘိုင္ယန္ျမဴးနစ္ဂိုးသမားမန္န်ဴရယ္န်ဴအာဟာတနဂၤေႏြညတုန္းကေရွာ္လ္ေကးအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ ဂိုးမေပးခဲ့ရၿပီးေနာက္၁၉၇ပြဲျဖင့္ဘြန္ဒက္စ္လီဂါသမိုင္းတြင္ဂိုးမေပးရတဲ့ပြဲအမ်ားဆုံးဂိုးသမားအျဖစ္သမိုင္းမွတ္တိုင္ စိုက္ထူလိုက္ႏိုင္ပါတယ္။

န်ဴအာဟာလြန္ခဲ့တဲ့၁၃ႏွစ္တုန္းကဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ာမန္ဂႏၴဝင္ဂိုးသမားအိုလီဗာခန္းတင္ထားတဲ့စံခ်ိန္ကိုလိုက္မီသြားခဲ့တာျဖစ္ၿပီးသူ႔အေနျဖင့္ေနာက္ပိုင္းတြင္စံခ်ိန္သစ္မ်ားဆက္တိုက္ေရးထိုးႏိုင္ေတာ့မွာျဖစ္ပါတယ္။

အိုလီဗာခန္းဟာဘိုင္ယန္ျမဴးနစ္ႏွင့္ကားလ္စ႐ူဟာတို႔အတြက္ဘြန္ဒက္စ္လီဂါပြဲ၅၅၇ပြဲကစားခဲ့ရာတြင္၁၉၇ပြဲဂိုးမေပးခဲ့ရတာျဖစ္ၿပီးန်ဴအာကေတာ့ဘိုင္ယန္ျမဴးနစ္ႏွင့္ေရွာ္လ္ေကးတို႔အတြက္ဘြန္ဒက္စ္လီဂါပြဲ၄၂၃ပြဲတြင္၁၉၇ပြဲဂိုး မေပးခဲ့ရတာ ျဖစ္ပါတယ္။

န်ဴအာအတြက္ယခုရာသီမွာဘိုင္ယန္ျမဴးနစ္တြင္ကစားတဲ့ဆယ္ရာသီေျမာက္ရာသီလည္းျဖစ္ၿပီးသူဟာေႏြရာသီ တုန္းက၂၀၂၃ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။ဒါေၾကာင့္န်ဴအာဟာေနာက္ပြဲမ်ားတြင္ဘြန္ ဒက္စ္လီဂါစံခ်ိန္သစ္မ်ားစြာေရးထိုးႏိုင္ဖို႔ေသခ်ာေနပါတယ္။