ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်သို့ ဆဲလ်တစ်နောက်ခံလူ ဖရမ်းပေါင် ပေါင် ၁၁.၅သန်းဖြင့်ပြောင်းရွှေ့

ဂျီရီမီဖရမ်းပေါင်ဟာဆဲလ်တစ်ကနေဂျာမန်ကလပ်လေဗာပူဆင်သို့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ဆဲလ်တစ် ညာနောက်ခံလူဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီရက်အနည်းငယ်အလိုမှာလေဗာကူဆင်သို့ပေါင်၁၁.၅သန်း ဖြင့်ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၀နှစ်ရှိဒတ်ချ်နောက်ခံလူဟာလေဗာကူဆင်အသင်းနှင့်လေးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး၂၀၂၅ခုနှစ်အထိရှိနေပါမယ်။

ဖရမ်းပေါင်က “ဥရောပရဲ့အကောင်းဆုံးလိဂ်တွေထဲကတစ်ခုမှာကစားခွင့်ရမယ့်အခွင့်အရေးဖြစ်ပါတယ်။ဘွန်ဒက်စ် လီဂါနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားရပါတယ်။အထူးသဖြင့်ဒီကလပ်မှာကစားခွင့်ရတာပါ။လေဗာကူဆင်ကချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပုံမှန်ကစားနေတဲ့ကလပ်ပါ။သူတို့ရဲ့နိုင်ငံတကာရည်မှန်းချက်ကိုပြသထားပြီးလည်းဖြစ်ပါတယ်။လေဗာကူဆင်ရဲ့လျှင်မြန်ပြီးနည်းစနစ်ပိုင်းကြွယ်ဝတဲ့တိုက်စစ်ကစားဟန်ကိုနှစ်သစ်ပါတယ်။အသင်းကိုအမြန်ဆုံးအကူ အညီပေးနိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

တိုက်စစ်အားသန်နောက်တန်းအစွန်လူဟာလေဗာကူဆင်အသင်းမှာကျောနံပါတ်၃၀ကိုဝတ်ဆင်ကစားသွားပါမယ်။သူဟာလွန်ခဲ့တဲ့၁၈လတုန်းကမန်စီးတီးမှရောက်လာပြီးနောက်လေဗာကူဆင်သို့ပြောင်းခဲ့တာပါ။ဆဲလ်တစ်ဟာသူ့ကိုခေါ်တုန်းပေါင်၃၅၀၀၀၀သာသုံးခဲ့ရရာပြန်ရောင်းချိန်မှာအမြတ်အများကြီးရရှိခဲ့ပါတယ်။

ZawGyi

ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္သို႔ ဆဲလ္တစ္ေနာက္ခံလူ ဖရမ္းေပါင္ ေပါင္ ၁၁.၅သန္းျဖင့္ေျပာင္းေ႐ႊ႕

ဂ်ီရီမီဖရမ္းေပါင္ဟာဆဲလ္တစ္ကေနဂ်ာမန္ကလပ္ေလဗာပူဆင္သို႔ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။ဆဲလ္တစ္ ညာေနာက္ခံလူဟာအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီရက္အနည္းငယ္အလိုမွာေလဗာကူဆင္သို႔ေပါင္၁၁.၅သန္း ျဖင့္ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၀ႏွစ္ရွိဒတ္ခ်္ေနာက္ခံလူဟာေလဗာကူဆင္အသင္းႏွင့္ေလးႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး၂၀၂၅ခုႏွစ္အထိရွိေနပါမယ္။

ဖရမ္းေပါင္က “ဥေရာပရဲ႕အေကာင္းဆုံးလိဂ္ေတြထဲကတစ္ခုမွာကစားခြင့္ရမယ့္အခြင့္အေရးျဖစ္ပါတယ္။ဘြန္ဒက္စ္ လီဂါနဲ႔ပတ္သက္ၿပီးစိတ္လႈပ္ရွားရပါတယ္။အထူးသျဖင့္ဒီကလပ္မွာကစားခြင့္ရတာပါ။ေလဗာကူဆင္ကခ်န္ပီယံလိဂ္နဲ႔ယူ႐ိုပါလိဂ္ပုံမွန္ကစားေနတဲ့ကလပ္ပါ။သူတို႔ရဲ႕ႏိုင္ငံတကာရည္မွန္းခ်က္ကိုျပသထားၿပီးလည္းျဖစ္ပါတယ္။ေလဗာကူဆင္ရဲ႕လွ်င္ျမန္ၿပီးနည္းစနစ္ပိုင္းႂကြယ္ဝတဲ့တိုက္စစ္ကစားဟန္ကိုႏွစ္သစ္ပါတယ္။အသင္းကိုအျမန္ဆုံးအကူ အညီေပးႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

တိုက္စစ္အားသန္ေနာက္တန္းအစြန္လူဟာေလဗာကူဆင္အသင္းမွာေက်ာနံပါတ္၃၀ကိုဝတ္ဆင္ကစားသြားပါမယ္။သူဟာလြန္ခဲ့တဲ့၁၈လတုန္းကမန္စီးတီးမွေရာက္လာၿပီးေနာက္ေလဗာကူဆင္သို႔ေျပာင္းခဲ့တာပါ။ဆဲလ္တစ္ဟာသူ႔ကိုေခၚတုန္းေပါင္၃၅၀၀၀၀သာသုံးခဲ့ရရာျပန္ေရာင္းခ်ိန္မွာအျမတ္အမ်ားႀကီးရရွိခဲ့ပါတယ္။