ဘွန်ဒက်စ်လီဂါတွင် ပထမဆုံး အိမ်ကွင်း ၁၃ ပွဲဆက် ဂိုးသွင်းယူနိုင်သူဖြစ်လာတဲ့ လီဝန်ဒေါ့စကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးဟာမနေ့ညတုန်းကဘိုချမ်အား ၇-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဘွန်ဒက်စ်လီဂါအိမ်ကွင်း၁၃ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့စံချိန်ရေးထိုးလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာဘိုချမ်အားအနိုင်ရရှိတဲ့ပွဲစဉ်မှာ Oktoberfast (ဘီယာပွဲတော်)အထိမ်းအမှတ်အထူးထုတ်အစိမ်းရောင်အင်္ကျီကိုဝတ်ဆင်ကစားခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာပွဲချိန်၆၁မှာဘိုင်ယန်မြူးနစ်ရဲ့ခြောက်ဂိုးမြောက်အနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပြီးယင်းဂိုးကြောင့်သူဟာဘွန်ဒက်စ်လီဂါသမိုင်းမှာအိမ်ကွင်း၁၃ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီးဟာဘိုချမ်နှင့်ပွဲစဉ်တွင်ဂိုးသွင်းနိုင်မှုနှင့်အတူ၁၉ပွဲဆက်ဂိုးသွင်းယူထားနိုင်ပြီလည်းဖြစ်ပါတယ်။

ဘိုချမ်နှင့်ပွဲစဉ်တွင်ဘိုင်ယန်မြူးနစ်အတွက်ဂိုးများကိုလီဝန်ဒေါ့စကီးအပြင်ဆာနေး၊ကမ်မစ်ချ်၊ဂနာဘရီ၊လမ်ပရိုပူလို့စ်(OG)၊ချူပိုမိုတင်တို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

ဘြန္ဒက္စ္လီဂါတြင္ ပထမဆုံး အိမ္ကြင္း ၁၃ ပြဲဆက္ ဂိုးသြင္းယူႏိုင္သူျဖစ္လာတဲ့ လီဝန္ေဒါ့စကီး

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးဟာမေန႔ညတုန္းကဘိုခ်မ္အား ၇-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဘြန္ဒက္စ္လီဂါအိမ္ကြင္း၁၃ပြဲဆက္ဂိုးသြင္းယူႏိုင္တဲ့စံခ်ိန္ေရးထိုးလာပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာဘိုခ်မ္အားအႏိုင္ရရွိတဲ့ပြဲစဥ္မွာ Oktoberfast (ဘီယာပြဲေတာ္)အထိမ္းအမွတ္အထူးထုတ္အစိမ္းေရာင္အက်ႌကိုဝတ္ဆင္ကစားခဲ့ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာပြဲခ်ိန္၆၁မွာဘိုင္ယန္ျမဴးနစ္ရဲ႕ေျခာက္ဂိုးေျမာက္အႏိုင္ဂိုးကိုသြင္းယူခဲ့တာျဖစ္ၿပီးယင္းဂိုးေၾကာင့္သူဟာဘြန္ဒက္စ္လီဂါသမိုင္းမွာအိမ္ကြင္း၁၃ပြဲဆက္ဂိုးသြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘိုခ်မ္ႏွင့္ပြဲစဥ္တြင္ဂိုးသြင္းႏိုင္မႈႏွင့္အတူ၁၉ပြဲဆက္ဂိုးသြင္းယူထားႏိုင္ၿပီလည္းျဖစ္ပါတယ္။

ဘိုခ်မ္ႏွင့္ပြဲစဥ္တြင္ဘိုင္ယန္ျမဴးနစ္အတြက္ဂိုးမ်ားကိုလီဝန္ေဒါ့စကီးအျပင္ဆာေနး၊ကမ္မစ္ခ်္၊ဂနာဘရီ၊လမ္ပ႐ိုပူလို႔စ္(OG)၊ခ်ဴပိုမိုတင္တို႔ကသြင္းယူခဲ့ၾကပါတယ္။