ဘွန်ဒက်စ်လီဂါနောက်ဆုံးပွဲတွင် ဟာလန်းနှင့်အင်္ကျီလဲခဲ့တဲ့ ဒိုင်လူကြီး

ဒိုင်လူကြီးမန်နူရယ်ဂရာဖီဟာစနေနေ့တုန်းကသူ့ရဲ့ဘွန်ဒက်စ်လီဂါနောက်ဆုံးပွဲစဉ်မှာအပြီးမှာအာလင်းဟာလန်းနှင့်အင်္ကျီလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။

ဒေါ့မွန်ကလေဗာကူဆင်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာဂရာဖီနှင့်ဟာလန်းတို့ဟာအင်္ကျီလဲလှယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဟာလန်းဟာယင်းပွဲစဉ်မှာဒေါ့မွန်အတွက်၂ဂိုးသွင်းယူနိုင်ခဲ့ပြီးယခုရာသီမှာဂိုး၄၀အထိသွင်းယူထားနိုင်ခဲ့ပါတယ်။သူဟာဒိုင်လူကြီးဘဝကနေအနားယူတော့မယ့်ဖရာဖီနှင့်စကားပြောဆိုပြီးနောက်အင်္ကျီကိုယ်စီချွတ်ကာလဲလှယ်မှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်အသက်၂၀နှစ်ရှိနော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာဖရာဖီအပါအဝင်အခြားဒိုင်လူကြီးများနှင့်လည်းအုပ်စုလိုက်ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

ZawGyi




