ဘွန်ဒက်စ်လီဂါမှ ကစားသမားနှင့်ဝန်ထမ်း၉၄ ရာခိုင်နှုန်းတို့ ကိုဗစ်ကာကွယ်ဆေးထိုးထားကြပြီးဖြစ်

ဘွန်ဒက်စ်လီဂါက၎င်းတို့လိဂ်မှကစားသမားများ၊နည်းပြနှင့်ဝန်ထမ်းအားလုံးရဲ့၉၄ရာခိုင်နှုန်းမှာကိုဗစ်ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်းကြေညာလာပါတယ်။ဘွန်ဒက်စ်လီဂါတွင်ကိုဗစ်ကာကွယ်ဆေးထိုးထားသူ၉၄ရာခိုင်နှုန်းအထိရှိထားပြီဖြစ်သော်လည်းပရီးမီးယားလိဂ်တွင်မူကစားသမားများအားကာကွယ်ဆေးထိုးနိုင်ရန်ရုန်းကန်နေရပါတယ်။

ဟာသာဘာလင်ကဲ့သို့ကလပ်အချို့တို့ဟာကစားသမားများအားကိုဗစ်ကာကွယ်ဆေးမထိုးပါကနှစ်ပတ်တစ်ကြိမ်ကိုဗစ်ဆေးစစ်မှုအားကိုယ်တိုင်ပြုလုပ်ရန်/စရိတ်အားကိုယ်တိုင်ကျခံရန်ညွှန်ကြားထားခဲ့ပါတယ်။ယင်းသို့ကလပ်ဘက်ကကစားသမားများအားဖိအားပေးမှုနဲ့အတူကစားသမားများနှင့်နည်းပြအားလုံးနီးပါးတို့မှာကိုဗစ်ကာကွယ်ဆေးထိုးထားကြပြီးဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါအဖွဲ့ချုပ်စီအီးအိုအင်ဆိုင်ဖတ်က “လူတိုင်းအနေနဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ဒါပေမယ့်လူတိုင်းအနေနဲ့ကိုယ့်အတွက်ရောကိုယ့်ခန္ဓာကိုယ်အတွက်ပါ ပရော်ဖက်ရှင်နယ်တစ်ဦးလိုတာဝန်ယူတာဝန်ခံမှုရှိရပါမယ်။ဒါကြောင့်လည်းကစားသမားတွေအနေနဲ့ငွေတွေအများကြီးရနေတာပါ။ကိုဗစ်ကာကွယ်ဆေးမထိုးဘူးဆိုရင်လည်းအနည်းငယ်နားလည်ပေးနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘွန်ဒက်စ်လီဂါဟာမကြာမီကာလအတွင်းတွင်ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့သူတိုင်းကိုပွဲကြည့်ခွင့်ပေးလာတော့မှာဖြစ်ရာဘွန်ဒက်စ်လီဂါပွဲများတွင်ပရိသတ်အပြည့်ဖြင့်မြင်တွေ့လာရတော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာလာမယ့်အောက်တိုဘာလ၂၃ရက်နေ့တွင်ဟော်ဖန်ဟိမ်းနှင့်ကစားရမယ့်ပွဲအားကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသူ(သို့မဟုတ်)ကိုဗစ်နက်ဂတစ်ပြသနိုင်သူများကိုဝင်ကြည့်ခွင့်ပေးလာမည်ဖြစ်ရာပရိသတ်၇၅၀၀၀အပြည့်ဖြင့်ကစားနိုင်ပါတော့မယ်။

တစ်ဖက်တွင်ပရီးမီးယားလိဂ်တွင်မူကစားသမားအများစုတို့မှာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းနေကြပါသေးတယ်။လက်ရှိအချိန်တွင်ဝုဗ်တစ်သင်းတည်းသာလည်းတစ်သင်းလုံးရာနှုန်းပြည့်ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့အသင်းအဖြစ်ရပ်တည်နေပြီးလီဗာပူးမှာလည်း၉၉ရာခိုင်နှုန်းကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ပါတယ်။

ZawGyi

ဘြန္ဒက္စ္လီဂါမွ ကစားသမားႏွင့္ဝန္ထမ္း၉၄ ရာခိုင္ႏႈန္းတို႔ ကိုဗစ္ကာကြယ္ေဆးထိုးထားၾကၿပီးျဖစ္

ဘြန္ဒက္စ္လီဂါက၎တို႔လိဂ္မွကစားသမားမ်ား၊နည္းျပႏွင့္ဝန္ထမ္းအားလုံးရဲ႕၉၄ရာခိုင္ႏႈန္းမွာကိုဗစ္ကာကြယ္ေဆးထိုးထားၿပီးျဖစ္ေၾကာင္းေၾကညာလာပါတယ္။ဘြန္ဒက္စ္လီဂါတြင္ကိုဗစ္ကာကြယ္ေဆးထိုးထားသူ၉၄ရာခိုင္ႏႈန္းအထိရွိထားၿပီျဖစ္ေသာ္လည္းပရီးမီးယားလိဂ္တြင္မူကစားသမားမ်ားအားကာကြယ္ေဆးထိုးႏိုင္ရန္႐ုန္းကန္ေနရပါတယ္။

ဟာသာဘာလင္ကဲ့သို႔ကလပ္အခ်ိဳ႕တို႔ဟာကစားသမားမ်ားအားကိုဗစ္ကာကြယ္ေဆးမထိုးပါကႏွစ္ပတ္တစ္ႀကိမ္ကိုဗစ္ေဆးစစ္မႈအားကိုယ္တိုင္ျပဳလုပ္ရန္/စရိတ္အားကိုယ္တိုင္က်ခံရန္ၫႊန္ၾကားထားခဲ့ပါတယ္။ယင္းသို႔ကလပ္ဘက္ကကစားသမားမ်ားအားဖိအားေပးမႈနဲ႔အတူကစားသမားမ်ားႏွင့္နည္းျပအားလုံးနီးပါးတို႔မွာကိုဗစ္ကာကြယ္ေဆးထိုးထားၾကၿပီးျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါအဖြဲ႕ခ်ဳပ္စီအီးအိုအင္ဆိုင္ဖတ္က “လူတိုင္းအေနနဲ႔ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ရွိပါတယ္။ဒါေပမယ့္လူတိုင္းအေနနဲ႔ကိုယ့္အတြက္ေရာကိုယ့္ခႏၶာကိုယ္အတြက္ပါ ပေရာ္ဖက္ရွင္နယ္တစ္ဦးလိုတာဝန္ယူတာဝန္ခံမႈရွိရပါမယ္။ဒါေၾကာင့္လည္းကစားသမားေတြအေနနဲ႔ေငြေတြအမ်ားႀကီးရေနတာပါ။ကိုဗစ္ကာကြယ္ေဆးမထိုးဘူးဆိုရင္လည္းအနည္းငယ္နားလည္ေပးႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘြန္ဒက္စ္လီဂါဟာမၾကာမီကာလအတြင္းတြင္ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားတဲ့သူတိုင္းကိုပြဲၾကည့္ခြင့္ေပးလာေတာ့မွာျဖစ္ရာဘြန္ဒက္စ္လီဂါပြဲမ်ားတြင္ပရိသတ္အျပည့္ျဖင့္ျမင္ေတြ႕လာရေတာ့မွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာလာမယ့္ေအာက္တိုဘာလ၂၃ရက္ေန႔တြင္ေဟာ္ဖန္ဟိမ္းႏွင့္ကစားရမယ့္ပြဲအားကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားသူ(သို႔မဟုတ္)ကိုဗစ္နက္ဂတစ္ျပသႏိုင္သူမ်ားကိုဝင္ၾကည့္ခြင့္ေပးလာမည္ျဖစ္ရာပရိသတ္၇၅၀၀၀အျပည့္ျဖင့္ကစားႏိုင္ပါေတာ့မယ္။

တစ္ဖက္တြင္ပရီးမီးယားလိဂ္တြင္မူကစားသမားအမ်ားစုတို႔မွာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းေနၾကပါေသးတယ္။လက္ရွိအခ်ိန္တြင္ဝုဗ္တစ္သင္းတည္းသာလည္းတစ္သင္းလုံးရာႏႈန္းျပည့္ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားတဲ့အသင္းအျဖစ္ရပ္တည္ေနၿပီးလီဗာပူးမွာလည္း၉၉ရာခိုင္ႏႈန္းကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားၿပီးျဖစ္ပါတယ္။