ဘွန်ဒက်စ်လီဂါသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာစနေနေ့ညတုန်းကဝါဒါဘရီမင်အားအနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲပြီး နောက်ဘွန်ဒက်စ်လီဂါသမိုင်းတွင်ဒုတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာဝါဒါဘရီမင်ကိုဘိုင်ယန်မြူးနစ်က၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာတတိယဂိုးကိုသွင်းယူ ပြီးနောက်ယခုရာသီသွင်းဂိုး၃၂ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးအနေဖြင့်ဂျာမန်ဂန္ထဝင်တိုက်စစ်မှူးဂတ်မူလာရဲ့စံချိန်ကိုရိုက်ချိုးဖို့သာကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာဒေါ့မွန်နှင့်ဘိုင်ယန်မြူးနစ်တို့အတွက်ဘွန်ဒက်စ်လီဂါပွဲ၃၄၅ပွဲကစားထားရာမှာ၂၆၈ဂိုးသွင်းယူထားတာဖြစ်ပြီးဂိုးပေါက်သို့၁.၂၅ကြိမ်ကန်ရာတွင်၁ဂိုးရရှိတဲ့နှုန်းလည်းရရှိထားပါသေးတယ်။

လက်ရှိအချိန်မှာဘွန်ဒက်စ်လီဂါသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်မူလာက၄၂၇ပွဲတွင်၃၆၅ဂိုးသွင်းယူကာရေးထိုးထားပါတယ်။

လီဝန်ဒေါ့စကီးအနေဖြင့်ဂတ်မူလာရဲ့စံချိန်ကိုလိုက်မီဖို့အတွက်၉၇ဂိုးသွင်းယူရဦးမှာဖြစ်ပါတယ်။

ZawGyi

ဘြန္ဒက္စ္လီဂါသမိုင္းတြင္ ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာတဲ့ လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာစေနေန႔ညတုန္းကဝါဒါဘရီမင္အားအႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူႏိုင္ခဲၿပီး ေနာက္ဘြန္ဒက္စ္လီဂါသမိုင္းတြင္ဒုတိယဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာခဲ့ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာဝါဒါဘရီမင္ကိုဘိုင္ယန္ျမဴးနစ္က၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာတတိယဂိုးကိုသြင္းယူ ၿပီးေနာက္ယခုရာသီသြင္းဂိုး၃၂ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးအေနျဖင့္ဂ်ာမန္ဂႏၴဝင္တိုက္စစ္မႉးဂတ္မူလာရဲ႕စံခ်ိန္ကို႐ိုက္ခ်ိဳးဖို႔သာႀကိဳးစားရေတာ့မွာ ျဖစ္ပါတယ္။

ေဒါ့မြန္တိုက္စစ္မႉးေဟာင္းဟာေဒါ့မြန္ႏွင့္ဘိုင္ယန္ျမဴးနစ္တို႔အတြက္ဘြန္ဒက္စ္လီဂါပြဲ၃၄၅ပြဲကစားထားရာမွာ၂၆၈ဂိုးသြင္းယူထားတာျဖစ္ၿပီးဂိုးေပါက္သို႔၁.၂၅ႀကိမ္ကန္ရာတြင္၁ဂိုးရရွိတဲ့ႏႈန္းလည္းရရွိထားပါေသးတယ္။

လက္ရွိအခ်ိန္မွာဘြန္ဒက္စ္လီဂါသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္မူလာက၄၂၇ပြဲတြင္၃၆၅ဂိုးသြင္းယူကာေရးထိုးထားပါတယ္။

လီဝန္ေဒါ့စကီးအေနျဖင့္ဂတ္မူလာရဲ႕စံခ်ိန္ကိုလိုက္မီဖို႔အတြက္၉၇ဂိုးသြင္းယူရဦးမွာျဖစ္ပါတယ္။