ဘွန်ဒက်စ်လီဂါ Loser Of The Season ဆုကို ဆွတ်ခူးသွားတဲ့ အာဆင်နယ်အပယ်ခံ

အာဆင်နယ်ကစားသမားဟောင်းမူစတာဖီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းဘွန်ဒက်စ်လီဂါရဲ့အဆိုးဆုံးအရှုံးသမားအဖြစ် ဘွန်ဒက်စ်လီဂါကစားသမားများရဲ့မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဂျာမန်ဘောလုံးမဂ္ဂဇင်း Kicker ဟာနှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့အကောင်းဆုံးကစားသမားဆုအပြင်အဆိုးဆုံးအရှုံးသမားဆုကိုလည်းရွေးချယ်ခဲ့ပါတယ်။

Kicker ရဲ့ဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဝန်ဒေါ့စကီးက မဲ၇၄ရာခိုင်နှုန်းဖြင့်ဆွတ်ခူးသွားခဲ့ပြီးလူငယ်ကစားသမားဆုကိုအသက်၁၈နှစ်အရွယ်ရှိဘိုင်ယန်အလယ်တန်းကစားသမားမူဆီရယ်လာကဆွတ်ခူးသွားခဲ့ပါတယ်။

ဒါ့အပြင်၎င်းတို့ဟာတန်းဆင်းသွားရတဲ့အသင်းများမှအကောင်းဆုံးကစားသမားကိုလည်းရွေးချယ်ခဲ့ကြပါတယ်။ယင်းဆုကိုရှော်လ်ကေးရဲ့မူစတာဖီကဆွတ်ခူးခဲ့တာပါ။

မူစတာဖီဟာမတ်လဒုတိယအပတ်တုန်းကဝုဖ်ဘတ်အား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်တွင်အဆိုးရွားဆုံး Own Goal တစ်ဂိုးကိုလည်းသွင်းယူခဲ့သူဖြစ်ပါတယ်။

၂၀၁၄ခုနှစ်တုန်းကဂျာမနီနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့မူစတာဖီဟာဖေဖော်ဝါရီလတုန်းကအာဆင်နယ်နှင့်စာချုပ်ဖျက်သိမ်းကာရှော်လ်ကေးသို့ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာအာဆင်နယ်မှာငါးနှစ်ကြာကစားစဉ်အတွင်း၁၅၁ပွဲကစားကာအက်ဖ်အေဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ဘြန္ဒက္စ္လီဂါ Loser Of The Season ဆုကို ဆြတ္ခူးသြားတဲ့ အာဆင္နယ္အပယ္ခံ

အာဆင္နယ္ကစားသမားေဟာင္းမူစတာဖီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းဘြန္ဒက္စ္လီဂါရဲ႕အဆိုးဆုံးအရႈံးသမားအျဖစ္ ဘြန္ဒက္စ္လီဂါကစားသမားမ်ားရဲ႕မဲေပးေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ဂ်ာမန္ေဘာလုံးမဂၢဇင္း Kicker ဟာႏွစ္စဥ္ခ်ီးျမႇင့္ေလ့ရွိတဲ့အေကာင္းဆုံးကစားသမားဆုအျပင္အဆိုးဆုံးအရႈံးသမားဆုကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

Kicker ရဲ႕ဘြန္ဒက္စ္လီဂါတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လီဝန္ေဒါ့စကီးက မဲ၇၄ရာခိုင္ႏႈန္းျဖင့္ဆြတ္ခူးသြားခဲ့ၿပီးလူငယ္ကစားသမားဆုကိုအသက္၁၈ႏွစ္အ႐ြယ္ရွိဘိုင္ယန္အလယ္တန္းကစားသမားမူဆီရယ္လာကဆြတ္ခူးသြားခဲ့ပါတယ္။

ဒါ့အျပင္၎တို႔ဟာတန္းဆင္းသြားရတဲ့အသင္းမ်ားမွအေကာင္းဆုံးကစားသမားကိုလည္းေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ယင္းဆုကိုေရွာ္လ္ေကးရဲ႕မူစတာဖီကဆြတ္ခူးခဲ့တာပါ။

မူစတာဖီဟာမတ္လဒုတိယအပတ္တုန္းကဝုဖ္ဘတ္အား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ဘြန္ဒက္စ္လီဂါပြဲစဥ္တြင္အဆိုး႐ြားဆုံး Own Goal တစ္ဂိုးကိုလည္းသြင္းယူခဲ့သူျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္တုန္းကဂ်ာမနီႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့မူစတာဖီဟာေဖေဖာ္ဝါရီလတုန္းကအာဆင္နယ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းကာေရွာ္လ္ေကးသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာအာဆင္နယ္မွာငါးႏွစ္ၾကာကစားစဥ္အတြင္း၁၅၁ပြဲကစားကာအက္ဖ္ေအဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။