မက္ကဆီကိုတိုက်စစ်မှူးဆန်တီယာဂိုမူနော့ဇ်ကို ခေါ်ယူလိုက်တဲ့ နယူးကာဆယ်

ဘောလုံးပရိသတ်တိုင်း Goal! ရုပ်ရှင်စီးရီးကိုကြည့်ဖူးကြမှာပါ။ယင်း Goal! ရုပ်ရှင်စီးရီးမှာပါဝင်တဲ့မက္ကဆီတိုက်စစ်မှူးလေးဟာနယူးကာဆယ်သို့ပြောင်းရွှေ့ကာဥရောပဘောလုံးခရီးစဉ်ကိုစတင်ပြီးကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ယခုပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်ဟာမက္ကဆီကိုတိုက်စစ်မှူးဆန်တီယာဂိုမူနော့ဇ်ကိုခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

နယူးကာဆယ်ဟာဆန်တီယာဂိုမူနော့ဇ်လို့ခေါ်တဲ့မက္ကဆီကိုတိုက်စ်မှူးတစ်ဦးကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။ Goal! ရုပ်ရှင်စီးရီးမှဆန်တီယာဂိုမူနော့ဇ်ကိုခေါ်ယူဖို့သဘောတူညီရထားတာမဟုတ်ပါဘူး။ဘက်ဟမ်း၊မိုက်ကယ်အိုဝင်၊ဇီဒန်း၊မက်ဆီ၊ရော်နယ်ဒိုစတဲ့ကမ္ဘာကျော်ကစားသမားပေါင်းများစွာတို့နဲ့အတူတွဲကစားခဲ့တဲ့ဆန်တီယာဂိုမူနော့ဇ်မဟုတ်ပါဘူး။

အသက်၁၈နှစ်ရှိမက္ကဆီကိုလူငယ်ပါရမီရှင်တိုက်စစ်မှူးဆန်တီယာဂိုမူနော့ဇ်ဟာ မက္ကဆီကိုအဆင့်မြင့်လိဂ်ကလပ်ဆန်းတို့စ်လာဂူနာမှာကစားနေတဲ့သူဖြစ်ပြီးယခုအခါမှာတော့သူ့ရဲ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ပရီးမီးယားလိဂ်မှာကစားခွင့်အိပ်မက်တကယ်ဖြစ်လာတော့မှာဖြစ်ပါတယ်။

သူဟာအသက်၁၈နှစ်ရှိသာရှိသေးပေမယ့်ဆန်းတို့စ်လာဂူနာအတွက်၁၉ပွဲကစားထားကာ၃ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။မက္ကဆီကိုယူ-၁၇နှင့်ယူ-၂၃အသင်းတို့မှာလည်းကစားခွင့်ရထားပါတယ်။သူဟာမက္ကဆီကိုယူ-၁၇အတွက်၁၆ပွဲကစားကာ၈ဂိုးသွင်းခဲ့ပြီးဖီဖာယူ-၁၇ဖလားတုန်းကမက္ကဆီကိုနှင့်ဒုတိယရခဲ့တဲ့အပြင်ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးဆုကိုလည်းဆွတ်ခူးခဲ့ပါတယ်။

ZawGyi

မကၠဆီကိုတိုက္စစ္မႉးဆန္တီယာဂိုမူေနာ့ဇ္ကို ေခၚယူလိုက္တဲ့ နယူးကာဆယ္

ေဘာလုံးပရိသတ္တိုင္း Goal! ႐ုပ္ရွင္စီးရီးကိုၾကည့္ဖူးၾကမွာပါ။ယင္း Goal! ႐ုပ္ရွင္စီးရီးမွာပါဝင္တဲ့မကၠဆီတိုက္စစ္မႉးေလးဟာနယူးကာဆယ္သို႔ေျပာင္းေ႐ႊ႕ကာဥေရာပေဘာလုံးခရီးစဥ္ကိုစတင္ၿပီးကမာၻ႔ထိပ္တန္းကစားသမားတစ္ဦးျဖစ္လာခဲ့ပါတယ္။

ယခုပရီးမီးယားလိဂ္ကလပ္နယူးကာဆယ္ဟာမကၠဆီကိုတိုက္စစ္မႉးဆန္တီယာဂိုမူေနာ့ဇ္ကိုေခၚယူလိုက္ၿပီျဖစ္ပါတယ္။

နယူးကာဆယ္ဟာဆန္တီယာဂိုမူေနာ့ဇ္လို႔ေခၚတဲ့မကၠဆီကိုတိုက္စ္မႉးတစ္ဦးကိုေခၚယူလိုက္တာျဖစ္ပါတယ္။ Goal! ႐ုပ္ရွင္စီးရီးမွဆန္တီယာဂိုမူေနာ့ဇ္ကိုေခၚယူဖို႔သေဘာတူညီရထားတာမဟုတ္ပါဘူး။ဘက္ဟမ္း၊မိုက္ကယ္အိုဝင္၊ဇီဒန္း၊မက္ဆီ၊ေရာ္နယ္ဒိုစတဲ့ကမာၻေက်ာ္ကစားသမားေပါင္းမ်ားစြာတို႔နဲ႔အတူတြဲကစားခဲ့တဲ့ဆန္တီယာဂိုမူေနာ့ဇ္မဟုတ္ပါဘူး။

အသက္၁၈ႏွစ္ရွိမကၠဆီကိုလူငယ္ပါရမီရွင္တိုက္စစ္မႉးဆန္တီယာဂိုမူေနာ့ဇ္ဟာ မကၠဆီကိုအဆင့္ျမင့္လိဂ္ကလပ္ဆန္းတို႔စ္လာဂူနာမွာကစားေနတဲ့သူျဖစ္ၿပီးယခုအခါမွာေတာ့သူ႔ရဲ႕ငယ္ဘဝအိပ္မက္ျဖစ္တဲ့ပရီးမီးယားလိဂ္မွာကစားခြင့္အိပ္မက္တကယ္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

သူဟာအသက္၁၈ႏွစ္ရွိသာရွိေသးေပမယ့္ဆန္းတို႔စ္လာဂူနာအတြက္၁၉ပြဲကစားထားကာ၃ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။မကၠဆီကိုယူ-၁၇ႏွင့္ယူ-၂၃အသင္းတို႔မွာလည္းကစားခြင့္ရထားပါတယ္။သူဟာမကၠဆီကိုယူ-၁၇အတြက္၁၆ပြဲကစားကာ၈ဂိုးသြင္းခဲ့ၿပီးဖီဖာယူ-၁၇ဖလားတုန္းကမကၠဆီကိုႏွင့္ဒုတိယရခဲ့တဲ့အျပင္ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးဆုကိုလည္းဆြတ္ခူးခဲ့ပါတယ္။