မက္ကဆီကိုနှင့်အိုလံပစ်ပွဲမှာ ပြင်သစ်အတွက် ဂိုးသွင်းမှုအတွက် တောင်းပန်ခဲ့တဲ့ တီဂရီရဲ့ဂိုးသွင်းစံချိန်ရှင်ဂျီနစ်

ပြင်သစ်တိုက်စစ်မှူးအင်ဒရေပီယာရီဂျီနစ်ဟာကြာသပတေးနေ့တုန်းက ကစားတဲ့မက္ကဆီကိုနှင့်အိုလံပစ်ပွဲစဉ်မှာဂိုးသွင်းမှုမက္ကဆီကိုအသင်းအားတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

အသက်၃၅နှစ်ရှိပြင်သစ်တိုက်စစ်မှူးဟာမက္ကဆီကိုနှင့်ပွဲစဉ်မှာပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ယင်းဂိုးဟာဂျီနစ်အတွက်ပထမဆံးနိုင်ငံတကာပြိုင်ပွဲတွင်သွင်းယူတဲ့ဂိုးလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာသူသွင်းယူတဲ့ဂိုးအတွက်ပြိုင်ဘက်မက္ကဆီကိုအသင်းကိုတောင်းပန်မှုပြုလုပ်ခဲ့တာကအံ့ဩစရာကောင်းနေပါတယ်။မာဆေးလ်တိုက်စစ်မှူးဟောင်းဟာဂိုးသွင်းယူပြီးနောက် အောင်ပွဲခံမှုမပြုလုပ်တဲ့အပြင်တောင်းပန်မှုတောင်ပြုလုပ်ခဲ့တာပါ။

ပြောရမယ်ဆိုရင်တော့ဂျီနစ်ဟာမက္ကဆီကိုကလပ်တီဂရီမှာခြောက်နှစ်ကြာကစားလာခဲ့တဲ့သူဖြစ်ပါတယ်။သူဟာတီဂရီအတွက်၂၆၁ပွဲကစားခဲ့ရာမှာ၁၄၉ဂိုးသွင်းယူပြီးကလပ်သမိုင်းမှာဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးထားပါတယ်။

သူဟာတီဂရီသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူဖြစ်တာနဲ့အညီမက္ကဆီကိုမှာလူငယ်တိုင်းအားကျလေးစားရတဲ့တိုက်စစ်မှူးတစ်ဦးအဖြစ်လည်းရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းဂျီနစ်ရဲ့ဂိုးကပြင်သစ်အတွက်ဘာမှမထိရောက်ခဲ့ပါဘူး။ဂျီနစ်ရဲ့ဂိုးကြောင့် ပြင်သစ်ဟာမက္ကဆီကိုနှင့်၂-၁ဂိုးဖြင့်ရှုံးနိမ့်သွားခဲ့ပေမယ့်မက္ကဆီကနောက်ထပ်၂ဂိုးထပ်မံသွင်းယူခဲ့တာကြောင့်၄-၁ဂိုးဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။

ဂျီနစ်ဟာဥရောပဘောလုံးလောကမှထွက်ခွာပြီးနောက်ပိုင်းမှာတစ်ကိုယ်တော်ဆုပေါင်းများစွာအပြင်ဆုဖလား၁၀ခုအထိရယူထားနိုင်သူလည်းဖြစ်ပါတယ်။

သူဟာတိုကျိုအိုလံပစ်ပြိုင်ပွဲမှာပြင်သစ်အသင်းရဲ့အသက်ကြီးကစားသမားများထဲမှတစ်ဦးအဖြစ်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ZawGyi

မကၠဆီကိုႏွင့္အိုလံပစ္ပြဲမွာ ျပင္သစ္အတြက္ ဂိုးသြင္းမႈအတြက္ ေတာင္းပန္ခဲ့တဲ့ တီဂရီရဲ႕ဂိုးသြင္းစံခ်ိန္ရွင္ဂ်ီနစ္

ျပင္သစ္တိုက္စစ္မႉးအင္ဒေရပီယာရီဂ်ီနစ္ဟာၾကာသပေတးေန႔တုန္းက ကစားတဲ့မကၠဆီကိုႏွင့္အိုလံပစ္ပြဲစဥ္မွာဂိုးသြင္းမႈမကၠဆီကိုအသင္းအားေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိျပင္သစ္တိုက္စစ္မႉးဟာမကၠဆီကိုႏွင့္ပြဲစဥ္မွာပင္နယ္တီမွတစ္ဆင့္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ယင္းဂိုးဟာဂ်ီနစ္အတြက္ပထမဆံးႏိုင္ငံတကာၿပိဳင္ပြဲတြင္သြင္းယူတဲ့ဂိုးလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာသူသြင္းယူတဲ့ဂိုးအတြက္ၿပိဳင္ဘက္မကၠဆီကိုအသင္းကိုေတာင္းပန္မႈျပဳလုပ္ခဲ့တာကအံ့ဩစရာေကာင္းေနပါတယ္။မာေဆးလ္တိုက္စစ္မႉးေဟာင္းဟာဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲခံမႈမျပဳလုပ္တဲ့အျပင္ေတာင္းပန္မႈေတာင္ျပဳလုပ္ခဲ့တာပါ။

ေျပာရမယ္ဆိုရင္ေတာ့ဂ်ီနစ္ဟာမကၠဆီကိုကလပ္တီဂရီမွာေျခာက္ႏွစ္ၾကာကစားလာခဲ့တဲ့သူျဖစ္ပါတယ္။သူဟာတီဂရီအတြက္၂၆၁ပြဲကစားခဲ့ရာမွာ၁၄၉ဂိုးသြင္းယူၿပီးကလပ္သမိုင္းမွာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးထားပါတယ္။

သူဟာတီဂရီသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္တာနဲ႔အညီမကၠဆီကိုမွာလူငယ္တိုင္းအားက်ေလးစားရတဲ့တိုက္စစ္မႉးတစ္ဦးအျဖစ္လည္းရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္းဂ်ီနစ္ရဲ႕ဂိုးကျပင္သစ္အတြက္ဘာမွမထိေရာက္ခဲ့ပါဘူး။ဂ်ီနစ္ရဲ႕ဂိုးေၾကာင့္ ျပင္သစ္ဟာမကၠဆီကိုႏွင့္၂-၁ဂိုးျဖင့္ရႈံးနိမ့္သြားခဲ့ေပမယ့္မကၠဆီကေနာက္ထပ္၂ဂိုးထပ္မံသြင္းယူခဲ့တာေၾကာင့္၄-၁ဂိုးျဖင့္ရႈံးနိမ့္သြားခဲ့ပါတယ္။

ဂ်ီနစ္ဟာဥေရာပေဘာလုံးေလာကမွထြက္ခြာၿပီးေနာက္ပိုင္းမွာတစ္ကိုယ္ေတာ္ဆုေပါင္းမ်ားစြာအျပင္ဆုဖလား၁၀ခုအထိရယူထားႏိုင္သူလည္းျဖစ္ပါတယ္။

သူဟာတိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာျပင္သစ္အသင္းရဲ႕အသက္ႀကီးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။