မက္ကဆီကိုရဲ့အိုလံပစ်အသင်းတွင် ဂျီမီနက်ဇ် ပါဝင်လာနိုင်ကြောင်း မက္ကဆီကိုနည်းပြပြောကြား

မက္ကဆီကိုနည်းပြဂီရာဒိုမာတီနိုကတိုက်စစ်မှူးရာအူးလ်ဂျီမီနက်ဇ်မှာလာမယ့်နွေရာသီတွင်ကျင်းပမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်ပါဝင်လာနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

ဝုဗ်တိုက်စစ်မှူးဟာနိုဝင်ဘာလတုန်းကအာဆင်နယ်နှင့်ပွဲစဉ်တွင်ရရှိတဲ့ဦးခေါင်းရိုးအက်ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီးရာသီမကုန်ဆုံးမီပြန်ကစားလာနိုင်မယ်လို့ယူဆခြင်းခံထားရပါတယ်။

အသက်၂၉နှစ်ရှိတိုက်စစ်မှူးဟာလေ့ကျင့်ခန်းပြန်ဆင်းလာနိုင်တာကြာမြင့်ပြီဖြစ်ရာမဝေးတော့တဲ့ကာလအတွင်းမှာဘောလုံးပြန်ကစားနိုင်မယ့်အခြေအနေမှာရှိနေပါတယ်။

မာတီနိုက “ရာအူးလ်ရဲ့အခြေအနေကောင်းတယ်။ကျွန်တော်တို့နဲ့အတူပုံမှန်အတိုင်းဘဲလေ့ကျင့်ခန်း ဆင်းနိုင်ပါတယ်။ထိတွေ့မှုရှိတဲ့လေ့ကျင့်ခန်းတော့မလုပ်ရသေးပါဘူး။အရေးအကြီးဆုံးကတော့သူ့ရဲ့တိုးတက်မှုအခြေအနေကိုစောင့်ကြည့်ရပါမယ်။သူ့ကလပ်မှာလည်းသူဟာထိတွေ့မှုရှိတဲ့လေ့ကျင့် ခန်းမလုပ်ရသေးပါဘူး။ကျွန်တော်တို့ကလည်းသူ့ရဲ့ဆေးဖက်ဆိုင်ရာအခြေအနေကိုစောင့်ကြည့်နေပါတယ်။ကျွန်တော်တို့ဘက်ကတော့သူ့အသင်း(ဝုဗ်)လိုချင်တဲ့အနေအထားသို့ရောက်အောင်ကူညီ သွားပါမယ်။ကျွန်တော်တို့ဘက်ကကလပ်ဘက်ကသူ့ကိုကစားဖို့ဆုံးဖြတ်တဲ့အချိန်အထိစောင့်ဆိုင်း ရပါမယ်။တကယ်လို့သူလုပ်နိုင်ရင်တော့Gold Cup မှာရောအိုလံပစ်မှာပါပါဝင်လာနိုင်ပါတယ်။ဒါတွေအားလုံးကလာမယ့်ရက်၅၀အတွင်းမှာအဆုံးအဖြတ်ပေးလာပါမယ်”လို့ပြောကြားသွားပါတယ်။

ရာအူးလ်ဂျီမီနက်ဇ်ဟာခေါင်းဒဏ်ရာမရရှိမီဝုဗ်အတွက်ပရီးမီးယားလိဂ်၁၀ပွဲတည်းသာကစားထားနိုင်ပြီး၃ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

မကၠဆီကိုရဲ႕အိုလံပစ္အသင္းတြင္ ဂ်ီမီနက္ဇ္ ပါဝင္လာႏိုင္ေၾကာင္း မကၠဆီကိုနည္းျပေျပာၾကား

မကၠဆီကိုနည္းျပဂီရာဒိုမာတီႏိုကတိုက္စစ္မႉးရာအူးလ္ဂ်ီမီနက္ဇ္မွာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲတြင္ပါဝင္လာႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဝုဗ္တိုက္စစ္မႉးဟာႏိုဝင္ဘာလတုန္းကအာဆင္နယ္ႏွင့္ပြဲစဥ္တြင္ရရွိတဲ့ဦးေခါင္း႐ိုးအက္ဒဏ္ရာေၾကာင့္ အနားယူေနရသူျဖစ္ၿပီးရာသီမကုန္ဆုံးမီျပန္ကစားလာႏိုင္မယ္လို႔ယူဆျခင္းခံထားရပါတယ္။

အသက္၂၉ႏွစ္ရွိတိုက္စစ္မႉးဟာေလ့က်င့္ခန္းျပန္ဆင္းလာႏိုင္တာၾကာျမင့္ၿပီျဖစ္ရာမေဝးေတာ့တဲ့ကာလအတြင္းမွာေဘာလုံးျပန္ကစားႏိုင္မယ့္အေျခအေနမွာရွိေနပါတယ္။

မာတီႏိုက “ရာအူးလ္ရဲ႕အေျခအေနေကာင္းတယ္။ကြၽန္ေတာ္တို႔နဲ႔အတူပုံမွန္အတိုင္းဘဲေလ့က်င့္ခန္း ဆင္းႏိုင္ပါတယ္။ထိေတြ႕မႈရွိတဲ့ေလ့က်င့္ခန္းေတာ့မလုပ္ရေသးပါဘူး။အေရးအႀကီးဆုံးကေတာ့သူ႔ရဲ႕တိုးတက္မႈအေျခအေနကိုေစာင့္ၾကည့္ရပါမယ္။သူ႔ကလပ္မွာလည္းသူဟာထိေတြ႕မႈရွိတဲ့ေလ့က်င့္ ခန္းမလုပ္ရေသးပါဘူး။ကြၽန္ေတာ္တို႔ကလည္းသူ႔ရဲ႕ေဆးဖက္ဆိုင္ရာအေျခအေနကိုေစာင့္ၾကည့္ေနပါတယ္။ကြၽန္ေတာ္တို႔ဘက္ကေတာ့သူ႔အသင္း(ဝုဗ္)လိုခ်င္တဲ့အေနအထားသို႔ေရာက္ေအာင္ကူညီ သြားပါမယ္။ကြၽန္ေတာ္တို႔ဘက္ကကလပ္ဘက္ကသူ႔ကိုကစားဖို႔ဆုံးျဖတ္တဲ့အခ်ိန္အထိေစာင့္ဆိုင္း ရပါမယ္။တကယ္လို႔သူလုပ္ႏိုင္ရင္ေတာ့Gold Cup မွာေရာအိုလံပစ္မွာပါပါဝင္လာႏိုင္ပါတယ္။ဒါေတြအားလုံးကလာမယ့္ရက္၅၀အတြင္းမွာအဆုံးအျဖတ္ေပးလာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ရာအူးလ္ဂ်ီမီနက္ဇ္ဟာေခါင္းဒဏ္ရာမရရွိမီဝုဗ္အတြက္ပရီးမီးယားလိဂ္၁၀ပြဲတည္းသာကစားထားႏိုင္ၿပီး၃ဂိုးသြင္းယူထားႏိုင္ပါတယ္။