မက်ဂင်းအား နိုင်ငံရေး/ဘာသာရေးရောနှောဆဲဆိုခဲ့တဲ့ ပရိသတ်အား ချဲလ်ဆီး ရှာဖွေ အရေးယူသွားမည်

ချဲလ်ဆီးကဂျွန်မက်ဂင်းအားနိုင်ငံရေး/ဘာသာရေးရောနှောဆဲဆိုမှုပြုလုပ်ခဲ့တဲ့ပရိသတ်အားရှာဖွေဖော်ထုတ်ကာအပြင်းထန်ဆုံးအရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။

စနေနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ကစားတဲ့ပွဲစဉ်တွင်ဂျွန်မက်ဂင်းဟာထောင့်ကန်ဘောကန်ရန်ပြင်နေစဉ်ချဲလ်ဆီးပရိသတ်တစ်ဦးကအော်ဟစ်ဆဲဆိုမှုပြုလုပ်ခဲ့ပါတယ်။

ယင်းပရိသတ်ဟာဂျွန်မက်ဂင်းအားအိုင်းရစ်ဆန့်ကျင်ရေး၊ကက်သလစ်ဆန့်ကျင်ရေးစကားလုံးများဖြင့်ရိုင်းစိုင်းစကားများသုံးကာဆဲဆိုအော်ဟစ်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းသို့အော်ဟစ်တဲ့ပရိသတ်များကိုဘေးနားရှိအခြားချဲလ်ဆီးပရိသတ်များကလည်းမနှစ်မြို့တဲ့သဘောဖြင့်ပြန်လည်အော်ဟစ်လှောင်ပြောင်ခဲ့တာတွေ့ရပါတယ်။

ယခုအခါချဲလ်ဆီးကအထက်ပါအဖြစ်အပျက်အားရှာဖွေစစ်ဆေးမှုများပြုလုပ်ကာယင်းပရိသတ်များကိုပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်းကတိပြုလာခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာလာမယ့်စက်တင်ဘာလ၂၂ရက်နေ့မှာခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ်စတမ်းဖို့ဒ်ဘရစ်ချ်တွင်ဗီလာကိုဧည့်ခံကစားရဦးမှာဖြစ်ပါတယ်။

ZawGyi

မက္ဂင္းအား ႏိုင္ငံေရး/ဘာသာေရးေရာေႏွာဆဲဆိုခဲ့တဲ့ ပရိသတ္အား ခ်ဲလ္ဆီး ရွာေဖြ အေရးယူသြားမည္

ခ်ဲလ္ဆီးကဂြၽန္မက္ဂင္းအားႏိုင္ငံေရး/ဘာသာေရးေရာေႏွာဆဲဆိုမႈျပဳလုပ္ခဲ့တဲ့ပရိသတ္အားရွာေဖြေဖာ္ထုတ္ကာအျပင္းထန္ဆုံးအေရးယူမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းေၾကညာလိုက္ပါတယ္။

စေနေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ကစားတဲ့ပြဲစဥ္တြင္ဂြၽန္မက္ဂင္းဟာေထာင့္ကန္ေဘာကန္ရန္ျပင္ေနစဥ္ခ်ဲလ္ဆီးပရိသတ္တစ္ဦးကေအာ္ဟစ္ဆဲဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းပရိသတ္ဟာဂြၽန္မက္ဂင္းအားအိုင္းရစ္ဆန႔္က်င္ေရး၊ကက္သလစ္ဆန႔္က်င္ေရးစကားလုံးမ်ားျဖင့္႐ိုင္းစိုင္းစကားမ်ားသုံးကာဆဲဆိုေအာ္ဟစ္ခဲ့တာလည္းျဖစ္ပါတယ္။

ယင္းသို႔ေအာ္ဟစ္တဲ့ပရိသတ္မ်ားကိုေဘးနားရွိအျခားခ်ဲလ္ဆီးပရိသတ္မ်ားကလည္းမႏွစ္ၿမိဳ႕တဲ့သေဘာျဖင့္ျပန္လည္ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့တာေတြ႕ရပါတယ္။

ယခုအခါခ်ဲလ္ဆီးကအထက္ပါအျဖစ္အပ်က္အားရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ကာယင္းပရိသတ္မ်ားကိုျပင္းျပင္းထန္ထန္အေရးယူသြားမည္ျဖစ္ေၾကာင္းကတိျပဳလာခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္စက္တင္ဘာလ၂၂ရက္ေန႔မွာခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္အျဖစ္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဗီလာကိုဧည့္ခံကစားရဦးမွာျဖစ္ပါတယ္။