မက်ဂွိုင်းယားနှင့် ဟင်ဒါဆင်တို့ ယူရို၂၀၂၀ ပြိုင်ပွဲတစ်ခုလုံးကို လွဲချော်ဖွယ်ရှိ

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ဟာယူရို၂၀၂၀ပြိုင်ပွဲကျင်းပရန်တစ်ပတ်သာလိုတော့တဲ့အချိန်မှာဒဏ်ရာပြဿနာများစွာနှင့်ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့်ဂရေမီဆောက်ဂိတ်ဟာဒဏ်ရာပြဿနာများကိုယ်စီရရှိထားခဲ့ကြတဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ဂျော်ဒန်ဟင်ဒါဆင်တို့အားပြိုင်ပွဲတစ်ခုလုံးအားလွဲချော်ရမည်ကိုစိုးရိမ်နေပါတယ်။

အင်္ဂလန်ဟာဩစတြီးယားအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ခြေစမ်းပွဲမှာကြွက်သားဒဏ်ရာရရှိခဲ့တဲ့လီဗာပူးညာနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးအားဆုံးရှုံးထားရပြီးလည်းဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာထရန်းအလက်ဇန္ဒားအာနိုးနေရာမှာအစားထိုးမယ့်ကစားသမားကိုတနင်္ဂနွေနေ့တွင်ကစားရမယ့်ရိုမေးနီးယားနှင့်ခြေစမ်းပွဲအပြီးမှာရွေးချယ်ပါမယ်။

အင်္ဂလန်နည်းပြဟာညာနောက်ခံလူသုံးဦးအထိရှိနေပြီးဖြစ်တာကြောင့်အလယ်တန်းမှဂျိမ်းစ်ဝတ်ဒ်ပရောက်စ်၊ဂျက်စီလင်ဂတ်နှင့်နောက်ခံလူများဖြစ်တဲ့ဘင်ဝှိုက်၊ဘင်ဂေါ့ဖရီတို့ထဲမှတစ်ဦးကိုရွေးချယ်နိုင်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်ဟာဖေဖော်ဝါရီလတုန်းကရရှိခဲ့တဲ့ပေါင်ခြံဒဏ်ရာကြောင့်အနားယူလာခဲ့ရသူဖြစ်ပြီးလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပေမယ့်ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးပါဘူး။

မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားမှာလည်းပြီးခဲ့တဲ့လတုန်းကရရှိခဲ့တဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့်အနားယူခဲ့ရပြီးအပေါ့စားလေ့ကျင့်ခန်းမျှသာပြုလုပ်နိုင်ပါသေးတယ်။

ZawGyi

မက္ဂြိဳင္းယားႏွင့္ ဟင္ဒါဆင္တို႔ ယူ႐ို၂၀၂၀ ၿပိဳင္ပြဲတစ္ခုလုံးကို လြဲေခ်ာ္ဖြယ္ရွိ

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲက်င္းပရန္တစ္ပတ္သာလိုေတာ့တဲ့အခ်ိန္မွာဒဏ္ရာျပႆနာမ်ားစြာႏွင့္ရင္ဆိုင္ေနရပါတယ္။

အထူးသျဖင့္ဂေရမီေဆာက္ဂိတ္ဟာဒဏ္ရာျပႆနာမ်ားကိုယ္စီရရွိထားခဲ့ၾကတဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္ေဂ်ာ္ဒန္ဟင္ဒါဆင္တို႔အားၿပိဳင္ပြဲတစ္ခုလုံးအားလြဲေခ်ာ္ရမည္ကိုစိုးရိမ္ေနပါတယ္။

အဂၤလန္ဟာဩစႀတီးယားအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ေျခစမ္းပြဲမွာႂကြက္သားဒဏ္ရာရရွိခဲ့တဲ့လီဗာပူးညာေနာက္ခံလူထရန္းအလက္ဇႏၵားအာႏိုးအားဆုံးရႈံးထားရၿပီးလည္းျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာထရန္းအလက္ဇႏၵားအာႏိုးေနရာမွာအစားထိုးမယ့္ကစားသမားကိုတနဂၤေႏြေန႔တြင္ကစားရမယ့္႐ိုေမးနီးယားႏွင့္ေျခစမ္းပြဲအၿပီးမွာေ႐ြးခ်ယ္ပါမယ္။

အဂၤလန္နည္းျပဟာညာေနာက္ခံလူသုံးဦးအထိရွိေနၿပီးျဖစ္တာေၾကာင့္အလယ္တန္းမွဂ်ိမ္းစ္ဝတ္ဒ္ပေရာက္စ္၊ဂ်က္စီလင္ဂတ္ႏွင့္ေနာက္ခံလူမ်ားျဖစ္တဲ့ဘင္ဝႈိက္၊ဘင္ေဂါ့ဖရီတို႔ထဲမွတစ္ဦးကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ဟင္ဒါဆင္ဟာေဖေဖာ္ဝါရီလတုန္းကရရွိခဲ့တဲ့ေပါင္ၿခံဒဏ္ရာေၾကာင့္အနားယူလာခဲ့ရသူျဖစ္ၿပီးေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ေပမယ့္ႀကံ့ခိုင္မႈျပည့္ဝျခင္းမရွိေသးပါဘူး။

မန္ယူအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားမွာလည္းၿပီးခဲ့တဲ့လတုန္းကရရွိခဲ့တဲ့ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္အနားယူခဲ့ရၿပီးအေပါ့စားေလ့က်င့္ခန္းမွ်သာျပဳလုပ္ႏိုင္ပါေသးတယ္။