မက်ဂွိုင်းယားရဲ့ပြင်းအားမြင့် ပင်နယ်တီကန်ချက်ကြောင့် ရုပ်သံကင်မရာတစ်လုံးကွဲသွားခဲ့

တနင်္ဂနွေနေ့ညတုန်းကယူရို၂၀၂၀ဗိုလ်လုပွဲမှာအင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားရဲ့ပြင်းအားမြင့် ပင်နယ်တီကန်ချက်ကြောင့် ရုပ်သံကင်မရာတစ်လုံးကွဲသွားခဲ့ကြောင်းသိရပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာအီတလီနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲမှာအင်္ဂလန်အသင်းဘက်မှပင်နယ်တီကန်သူများစာရင်းမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအသင်းခေါင်းဆောင်ဟယ်ရီကိန်း ပင်နယ်တီကန်သွင်းပြီးနောက်ဒုတိယကန်သွင်းသူအဖြစ်ကန်ခဲ့ပါတယ်။

မန်ယူနောက်ခံလူဟာပင်နယ်တီကိုအမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။သူဟာပင်နယ်တီကိုဂိုးအပေါ်ထောင့်သို့အပြင်းကန်ခဲ့တာဖြစ်ပါတယ်။သူ့ကန်ချက်ကပြင်းထန်လွန်းတာကြောင့်ဂိုးပိုက်နားမှာတပ်ဆင်ထားတဲ့ကင်မရာပါကွဲသွားခဲ့ပါတယ်။

ကံဆိုးတာကတော့အင်္ဂလန်အသင်းဘက်ကဟယ်ရီကိန်းနှင့်ဟယ်ရီမက်ဂွိုင်းယားတို့ရဲ့ပင်နယ်တီသာဝင်ခဲ့ပြီးရပ်ရှ်ဖို့ဒ်၊ဆန်ချို၊ဆာကာတို့ရဲ့ပင်နယ်တီမဝင်ခဲ့တာကြောင့်အီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

မက္ဂြိဳင္းယားရဲ႕ျပင္းအားျမင့္ ပင္နယ္တီကန္ခ်က္ေၾကာင့္ ႐ုပ္သံကင္မရာတစ္လုံးကြဲသြားခဲ့

တနဂၤေႏြေန႔ညတုန္းကယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားရဲ႕ျပင္းအားျမင့္ ပင္နယ္တီကန္ခ်က္ေၾကာင့္ ႐ုပ္သံကင္မရာတစ္လုံးကြဲသြားခဲ့ေၾကာင္းသိရပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာအီတလီႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအဂၤလန္အသင္းဘက္မွပင္နယ္တီကန္သူမ်ားစာရင္းမွာပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအသင္းေခါင္းေဆာင္ဟယ္ရီကိန္း ပင္နယ္တီကန္သြင္းၿပီးေနာက္ဒုတိယကန္သြင္းသူအျဖစ္ကန္ခဲ့ပါတယ္။

မန္ယူေနာက္ခံလူဟာပင္နယ္တီကိုအမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။သူဟာပင္နယ္တီကိုဂိုးအေပၚေထာင့္သို႔အျပင္းကန္ခဲ့တာျဖစ္ပါတယ္။သူ႔ကန္ခ်က္ကျပင္းထန္လြန္းတာေၾကာင့္ဂိုးပိုက္နားမွာတပ္ဆင္ထားတဲ့ကင္မရာပါကြဲသြားခဲ့ပါတယ္။

ကံဆိုးတာကေတာ့အဂၤလန္အသင္းဘက္ကဟယ္ရီကိန္းႏွင့္ဟယ္ရီမက္ဂြိဳင္းယားတို႔ရဲ႕ပင္နယ္တီသာဝင္ခဲ့ၿပီးရပ္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳ၊ဆာကာတို႔ရဲ႕ပင္နယ္တီမဝင္ခဲ့တာေၾကာင့္အီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။