မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုနိုင်ရန် ဒေါ်လာ ၁၀ သန်းထောက်ပံ့ရန် ဘာကာကို ကမ်းလှမ်းလာတဲ့ ပုရိသအကြိုက်ဝက်ဘ်ဆိုက်

ပုရိသအကြိုက်ဝက်ဘ်ဆိုက်တစ်ခုဟာလီယွန်နယ်မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုနိုင်ရန်အတွက်ဘာစီလိုနာအားဒေါ်လာ၁၀သန်းထောက်ပံ့ရန်ကမ်းလှမ်းလာပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာဇွန်လ၃၀ရက်နေ့တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးကာလက်ရှိအချိန်တွင်ကလပ်လက်မဲ့ဖြစ်နေပါတယ်။သူဟာယခင်ဘာစီလိုနာနှင့်လေးနှစ်စာချုပ်အတွက်ပေါင်၄၇၆သန်းအထိရရှိခဲဲ့သူလည်းဖြစ်ပါတယ်။

ဘာစီလိုနာနှင့်မက်ဆီတို့ဟာစာချုပ်သစ်ချုပ်ဆို‌ရေးအတွက်လအတန်ကြာဆွေးနွေးမှုများပြုလုပ်လာခဲ့ပြီး၂နှစ်စာချုပ်သစ်ချုပ်ဆိုမယ်လို့ယူဆရပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာကြွေးမြီများစွာတင်နေမှုကြောင့်အသင်းရဲ့အသုံးစရိတ်ကိုလျှော့ချပြီးမှသာလျှင်မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုနိုင်ပါမယ်။လာလီဂါကလည်းအသုံးစရိတ်မလျှော့ချလျှင်မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုပြီးပါကလည်းလာလီဂါတွင်အသုံးပြုခွင့်ရမည်မဟုတ်ဟုသတိပေးထားပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာရဲ့ငွေကြေးအပူကိုဖြေရှင်းနိုင်ရန်အတွက်ပုရိသအကြိုက်ဝက်ဘ်ဆိုက်ကဒေါ်လာ၁၀သန်းတန်စပွန်ဆာစာချုပ်ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။ပေါင်၁၀သန်းတန်စပွန်ဆာစာချုပ်ကမ်းလှမ်းလာတာကတော့ Stripchat ဖြစ်ပါတယ်။

ယင်းဝက်ဘ်ဆိုက်ရဲ့ဒုဥက္ကဌမက်စ်ဘန်နက်က “ဘောလုံးပရိသတ်တစ်ဦးအနေနဲ့မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ဘာစီလိုနာမှာငွေကြေးအခက်အခဲရှိနေမှာကိုစိုးရိမ်ပါတယ်။ဘာစီလိုနာကစားသမားအဖြစ်နှစ်ပေါင်း၂၀ကစားလာတဲ့မက်ဆီကိုလက်လွှတ်ရတာရှက်စရာပါ။ဒါကြောင့်သူ့ကိုစာချုပ်ချုပ်ဆိုဖို့ကူညီတဲ့အနေနဲ့လာမယ့်ရာသီမှာဘာစီလိုနာရဲ့ Live Streaming Partner အဖြစ် ဒေါ်လာ၁၀သန်းကမ်းလှမ်းချင်ပါတယ်။Stripchat ကလစဉ်တစ်ကမ္ဘာလုံးကပရိသတ်သန်း၄၂၀အတွက်အရည်အသွေးမြင့်တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နေတဲ့တိုက်ရိုက်ထုတ်လွှင့်အထူးကျွမ်းကျင်ကုမ္ပဏီဖြစ်ပါတယ်”လို့ဆိုသွားပါတယ်။

ZawGyi

မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ရန္ ေဒၚလာ ၁၀ သန္းေထာက္ပံ့ရန္ ဘာကာကို ကမ္းလွမ္းလာတဲ့ ပုရိသအႀကိဳက္ဝက္ဘ္ဆိုက္

ပုရိသအႀကိဳက္ဝက္ဘ္ဆိုက္တစ္ခုဟာလီယြန္နယ္မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ရန္အတြက္ဘာစီလိုနာအားေဒၚလာ၁၀သန္းေထာက္ပံ့ရန္ကမ္းလွမ္းလာပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာဇြန္လ၃၀ရက္ေန႔တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးကာလက္ရွိအခ်ိန္တြင္ကလပ္လက္မဲ့ျဖစ္ေနပါတယ္။သူဟာယခင္ဘာစီလိုနာႏွင့္ေလးႏွစ္စာခ်ဳပ္အတြက္ေပါင္၄၇၆သန္းအထိရရွိခဲဲ့သူလည္းျဖစ္ပါတယ္။

ဘာစီလိုနာႏွင့္မက္ဆီတို႔ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆို‌ေရးအတြက္လအတန္ၾကာေဆြးေႏြးမႈမ်ားျပဳလုပ္လာခဲ့ၿပီး၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္လို႔ယူဆရပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာေႂကြးၿမီမ်ားစြာတင္ေနမႈေၾကာင့္အသင္းရဲ႕အသုံးစရိတ္ကိုေလွ်ာ့ခ်ၿပီးမွသာလွ်င္မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ပါမယ္။လာလီဂါကလည္းအသုံးစရိတ္မေလွ်ာ့ခ်လွ်င္မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးပါကလည္းလာလီဂါတြင္အသုံးျပဳခြင့္ရမည္မဟုတ္ဟုသတိေပးထားပါတယ္။

ဒါေၾကာင့္လည္းဘာစီလိုနာရဲ႕ေငြေၾကးအပူကိုေျဖရွင္းႏိုင္ရန္အတြက္ပုရိသအႀကိဳက္ဝက္ဘ္ဆိုက္ကေဒၚလာ၁၀သန္းတန္စပြန္ဆာစာခ်ဳပ္ကမ္းလွမ္းမႈျပဳလုပ္လာပါတယ္။ေပါင္၁၀သန္းတန္စပြန္ဆာစာခ်ဳပ္ကမ္းလွမ္းလာတာကေတာ့ Stripchat ျဖစ္ပါတယ္။

ယင္းဝက္ဘ္ဆိုက္ရဲ႕ဒုဥကၠဌမက္စ္ဘန္နက္က “ေဘာလုံးပရိသတ္တစ္ဦးအေနနဲ႔မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ဘာစီလိုနာမွာေငြေၾကးအခက္အခဲရွိေနမွာကိုစိုးရိမ္ပါတယ္။ဘာစီလိုနာကစားသမားအျဖစ္ႏွစ္ေပါင္း၂၀ကစားလာတဲ့မက္ဆီကိုလက္လႊတ္ရတာရွက္စရာပါ။ဒါေၾကာင့္သူ႔ကိုစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ကူညီတဲ့အေနနဲ႔လာမယ့္ရာသီမွာဘာစီလိုနာရဲ႕ Live Streaming Partner အျဖစ္ ေဒၚလာ၁၀သန္းကမ္းလွမ္းခ်င္ပါတယ္။Stripchat ကလစဥ္တစ္ကမာၻလုံးကပရိသတ္သန္း၄၂၀အတြက္အရည္အေသြးျမင့္တိုက္႐ိုက္ထုတ္လႊင့္မႈျပဳလုပ္ေနတဲ့တိုက္႐ိုက္ထုတ္လႊင့္အထူးကြၽမ္းက်င္ကုမၸဏီျဖစ္ပါတယ္”လို႔ဆိုသြားပါတယ္။