မက်ဆီကို ကမ္ဘာ့ဖလားချန်ပီယံအဖြစ် နှုတ်ဆက်နိုင်ရန် အာဂျင်တီးနားဆန္ဒပြင်းပြနေ

အာဂျင်တီးနားတစ်သင်းလုံးဟာလီယွန်နယ်မက်ဆီကိုကမ္ဘာ့ဖလားချန်ပီယံအဖြစ်ဖြင့်ကမ္ဘာ့ဖလားနှုတ်ဆက်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းရန်ဆန္ဒပြင်းပြနေကြပါတယ်။

အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်အဖြစ်ယနေ့ည Lusail Stadiumတွင်ပြင်သစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

အာဂျင်တီးနားအသင်းသားတို့ဟာမက်ဆီကိုကမ္ဘာ့ဖလားနောက်ဆုံးကစားတဲ့ပွဲမှာချန်ပီယံအဖြစ်ဖြင့်အကြီးကျယ်ဆုံးနှုတ်ဆက်လိုနေကြပါတယ်။

အာဂျင်တီးနားနည်းပြစကာလိုနီက “လီယိုအနိုင်ရဖို့မျှော်လင့်တယ်။ပြီးတော့ဖလားကိုင်မြှောက်ပြီးတော့နှုတ်ဆက်ချင်တယ်။ဒါကသူ့အတွက်အကောင်းဆုံးနှုတ်ဆက်မှုဖြစ်လာမှာပါ။အရေးအကြီးဆုံးကပျော်နေဖို့ပါ။ကမ္ဘာ့ဖလားဗိုလ်လုပွဲထက်ပျော်စရာဘာများရှိလို့လဲ”လို့ပြောကြားသွားပါတယ်။

မက်ဆီကိုယ်တိုင်ကလည်းယနေ့ညပြင်သစ်နှင့်ပွဲမှာသူ့အတွက်နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့အတည်ပြုထားပါတယ်။

မက်ဆီက “နောက်ထပ်တစ်ကြိမ်ကျင်းပဖို့ကအများကြီးလိုသေးတော့နောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာဖို့သေချာပါတယ်။ဟုတ်ပါတယ်။နောက်ထပ်တစ်ကြိမ်ကစားနိုင်တော့မယ်လို့မထင်တော့ပါဘူး။ဒီပုံစံနဲ့အဆုံးသတ်တာအကောင်းဆုံးပါ။ပျော်စရာအများကြီးပါ။အောင်မြင်ပြီးအဆုံးသတ်နိုင်မဲ့အခွင့်အရေးရထားပြီ။ဗိုလ်လုပွဲကိုနောက်ဆုံးပွဲအဖြစ်ကစားပြီးကျွန်တော့်ရဲ့ကမ္ဘာ့ဖလားကစားသမားဘဝကိုအဆုံးသတ်မယ်”လို့ပြောကြားထားပါတယ်။

ZawGyi

မက္ဆီကို ကမာၻ႔ဖလားခ်န္ပီယံအျဖစ္ ႏႈတ္ဆက္ႏိုင္ရန္ အာဂ်င္တီးနားဆႏၵျပင္းျပေန

အာဂ်င္တီးနားတစ္သင္းလုံးဟာလီယြန္နယ္မက္ဆီကိုကမာၻ႔ဖလားခ်န္ပီယံအျဖစ္ျဖင့္ကမာၻ႔ဖလားႏႈတ္ဆက္ႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းရန္ဆႏၵျပင္းျပေနၾကပါတယ္။

အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီဟာကမာၻ႔ဖလားေနာက္ဆုံးပြဲစဥ္အျဖစ္ယေန႔ည Lusail Stadiumတြင္ျပင္သစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

အာဂ်င္တီးနားအသင္းသားတို႔ဟာမက္ဆီကိုကမာၻ႔ဖလားေနာက္ဆုံးကစားတဲ့ပြဲမွာခ်န္ပီယံအျဖစ္ျဖင့္အႀကီးက်ယ္ဆုံးႏႈတ္ဆက္လိုေနၾကပါတယ္။

အာဂ်င္တီးနားနည္းျပစကာလိုနီက “လီယိုအႏိုင္ရဖို႔ေမွ်ာ္လင့္တယ္။ၿပီးေတာ့ဖလားကိုင္ေျမႇာက္ၿပီးေတာ့ႏႈတ္ဆက္ခ်င္တယ္။ဒါကသူ႔အတြက္အေကာင္းဆုံးႏႈတ္ဆက္မႈျဖစ္လာမွာပါ။အေရးအႀကီးဆုံးကေပ်ာ္ေနဖို႔ပါ။ကမာၻ႔ဖလားဗိုလ္လုပြဲထက္ေပ်ာ္စရာဘာမ်ားရွိလို႔လဲ”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီကိုယ္တိုင္ကလည္းယေန႔ညျပင္သစ္ႏွင့္ပြဲမွာသူ႔အတြက္ေနာက္ဆုံးကမာၻ႔ဖလားျဖစ္လာမယ္လို႔အတည္ျပဳထားပါတယ္။

မက္ဆီက “ေနာက္ထပ္တစ္ႀကိမ္က်င္းပဖို႔ကအမ်ားႀကီးလိုေသးေတာ့ေနာက္ဆုံးကမာၻ႔ဖလားပြဲျဖစ္လာဖို႔ေသခ်ာပါတယ္။ဟုတ္ပါတယ္။ေနာက္ထပ္တစ္ႀကိမ္ကစားႏိုင္ေတာ့မယ္လို႔မထင္ေတာ့ပါဘူး။ဒီပုံစံနဲ႔အဆုံးသတ္တာအေကာင္းဆုံးပါ။ေပ်ာ္စရာအမ်ားႀကီးပါ။ေအာင္ျမင္ၿပီးအဆုံးသတ္ႏိုင္မဲ့အခြင့္အေရးရထားၿပီ။ဗိုလ္လုပြဲကိုေနာက္ဆုံးပြဲအျဖစ္ကစားၿပီးကြၽန္ေတာ့္ရဲ႕ကမာၻ႔ဖလားကစားသမားဘဝကိုအဆုံးသတ္မယ္”လို႔ေျပာၾကားထားပါတယ္။