
ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုကလာမယ့်ဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီယွန်နယ်မက်ဆီကိုကမ္ဘာ့ဖလားမဆွတ်ခူးစေလိုကြောင်း လူသိရှင်ကြားဖွင့်ဟလာပါတယ်။
အသက်၄၆နှစ်ရှိရော်နယ်ဒိုဟာကစားသမားဘဝတုန်းကဘာစီလိုနာ၊အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့တွင်ကစားခဲ့သူဖြစ်ပြီးဘရာဇီးအတွက်၁၇နှစ်ကစားစဉ်အတွင်း၉၈ပွဲကစားပေးခဲ့ကာ၁၉၉၄ကမ္ဘာ့ဖလားနှင့်၂၀၀၂ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ၁၉၉၄ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတစ်မိနစ်ပင်မကစားခဲ့ရပေမဲ့လည်း၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့၈ဂိုးသွင်းကာကမ္ဘာ့ဖလားပြိုင်ပွဲဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့ပါတယ်။
လီယွန်နယ်မက်ဆီဟာမကြာသေးမီတုန်းကလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာသူ့အတွက်နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း တည်ပြုထားပါတယ်။
မက်ဆီဟာ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကမ္ဘာ့ဖလားဆွတ်ခူးနိုင်လုနီးဖြစ်ခဲ့ပေမဲ့လည်းဗိုလ်လုပွဲတွင်ဂျာမနီကိုရှုံးနိမ့်ကာဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရပါတယ်။
ဒါကြောင့်လည်းမက်ဆီဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မှုဖြစ်လာတာနဲ့အညီ ဆွတ်ခူးရေးအစွမ်းကုန်ကြိုးပမ်းလာဖို့လည်းရှိနေပါတယ်။
ဒါပေမဲ့ရော်နယ်ဒိုကတော့ “တကယ်လို့ သူသာစပိန်သားဆိုရင်တမျိုးပေါ့။ဘရာဇီး-အာဂျင်တီးနားပြိုင်ဆိုင်မှုအရမ်းကြီးတယ်။တကယ့်ကိုကြီးကျယ်တဲ့တိုက်ပွဲတွေရှိတယ်။လေးစားသမုနဲ့ပါ။ပြီးတော့ဘောလုံးရဲ့ချစ်စရာအကောင်းဆုံးအရာတွေလည်းဖြစ်တယ်။ဒါပေမဲ့အာဂျင်တီးနားကမ္ဘာ့ဖလားရသွားတာကိုတော့မကြားချင်ဘူး။မက်ဆီထိုက်တန်လားဆိုတော့ထိုက်တန်တယ်။ဒါပေမဲ့ကျွန်တော်ကတော့အားပေးနေမှာမဟုတ်ဘူး။သူ့ကိုချစ်တယ်။ ကျွန်တော့်နေရာမှာသူဆိုရင်လည်းဒီလိုဘဲခံစားမိမှာဖြစ်လို့နားလည်မှာပါ။အောင်မြင်မှုယူလာတဲ့အချိန်မှာတော့လေးစားမှုရှိလာရပါမယ်။ဒိုင်ယေဂို(မာရာဒိုနာ)ဆိုရင်လည်းဘရာဇီးရတုန်းကလေးစားခဲ့တာပဲ”လို့ပြောကြားသွားပါတယ်။
ZawGyi
မက္ဆီကို ကမာၻ႔ဖလားမဆြတ္ခူးေစလိုေၾကာင္း ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုဖြင့္ဟလာ
ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုကလာမယ့္ေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲတြင္ လီယြန္နယ္မက္ဆီကိုကမာၻ႔ဖလားမဆြတ္ခူးေစလိုေၾကာင္း လူသိရွင္ၾကားဖြင့္ဟလာပါတယ္။
အသက္၄၆ႏွစ္ရွိေရာ္နယ္ဒိုဟာကစားသမားဘဝတုန္းကဘာစီလိုနာ၊အင္တာမီလန္၊ရီးရဲလ္မက္ဒရစ္၊ေအစီမီလန္တို႔တြင္ကစားခဲ့သူျဖစ္ၿပီးဘရာဇီးအတြက္၁၇ႏွစ္ကစားစဥ္အတြင္း၉၈ပြဲကစားေပးခဲ့ကာ၁၉၉၄ကမာၻ႔ဖလားႏွင့္၂၀၀၂ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။
သူဟာ၁၉၉၄ခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကတစ္မိနစ္ပင္မကစားခဲ့ရေပမဲ့လည္း၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့၈ဂိုးသြင္းကာကမာၻ႔ဖလားၿပိဳင္ပြဲဂိုးသြင္းဘုရင္လည္းျဖစ္ခဲ့ပါတယ္။
လီယြန္နယ္မက္ဆီဟာမၾကာေသးမီတုန္းကလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာသူ႔အတြက္ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာမည္ျဖစ္ေၾကာင္း တည္ျပဳထားပါတယ္။
မက္ဆီဟာ၂၀၁၄ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ကမာၻ႔ဖလားဆြတ္ခူးႏိုင္လုနီးျဖစ္ခဲ့ေပမဲ့လည္းဗိုလ္လုပြဲတြင္ဂ်ာမနီကိုရႈံးနိမ့္ကာဒုတိယဆုျဖင့္သာေက်နပ္ခဲ့ရပါတယ္။
ဒါေၾကာင့္လည္းမက္ဆီဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာသူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲယွဥ္ၿပိဳင္မႈျဖစ္လာတာနဲ႔အညီ ဆြတ္ခူးေရးအစြမ္းကုန္ႀကိဳးပမ္းလာဖို႔လည္းရွိေနပါတယ္။
ဒါေပမဲ့ေရာ္နယ္ဒိုကေတာ့ “တကယ္လို႔ သူသာစပိန္သားဆိုရင္တမ်ိဳးေပါ့။ဘရာဇီး-အာဂ်င္တီးနားၿပိဳင္ဆိုင္မႈအရမ္းႀကီးတယ္။တကယ့္ကိုႀကီးက်ယ္တဲ့တိုက္ပြဲေတြရွိတယ္။ေလးစားသမုနဲ႔ပါ။ၿပီးေတာ့ေဘာလုံးရဲ႕ခ်စ္စရာအေကာင္းဆုံးအရာေတြလည္းျဖစ္တယ္။ဒါေပမဲ့အာဂ်င္တီးနားကမာၻ႔ဖလားရသြားတာကိုေတာ့မၾကားခ်င္ဘူး။မက္ဆီထိုက္တန္လားဆိုေတာ့ထိုက္တန္တယ္။ဒါေပမဲ့ကြၽန္ေတာ္ကေတာ့အားေပးေနမွာမဟုတ္ဘူး။သူ႔ကိုခ်စ္တယ္။ ကြၽန္ေတာ့္ေနရာမွာသူဆိုရင္လည္းဒီလိုဘဲခံစားမိမွာျဖစ္လို႔နားလည္မွာပါ။ေအာင္ျမင္မႈယူလာတဲ့အခ်ိန္မွာေတာ့ေလးစားမႈရွိလာရပါမယ္။ဒိုင္ေယဂို(မာရာဒိုနာ)ဆိုရင္လည္းဘရာဇီးရတုန္းကေလးစားခဲ့တာပဲ”လို႔ေျပာၾကားသြားပါတယ္။